သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-01-10
အခြေခံပညာကျောင်းတွေ ကျောင်းဖွင့်ရက် တိုးမြှင့်လိုက်တာနဲ့ ပတ်သက်ပြီး ဆရာ၊ ဆရာမတွေ၊ ပညာရေးဝန်ထမ်းတွေရဲ့ သဘောထားနဲ့အညီ လိုက်နာဆောင်ရွက်ပေးဖို့အတွက် မန္တလေးပညာရေးကောလိပ်မှာ ဒီကနေ့ မနက်က ဖဲကြိုးစိမ်းလှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။
2020-01-10
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီ လုပ်ကြံခံရမှုမှာ ပါဝင်တဲ့ ဇေယျာဖြိုးနဲ့ အောင်ဝင်းထွန်း တို့ကို ပြစ်ဒဏ်တိုးမြှင့်ပေးဖို့ တရားလိုရှေ့နေတွေရဲ့ လျှောက်ထားချက်ကို ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ဒီနေ့ ပယ်ချလိုက်ပါတယ်။
2020-01-09
NLD အစိုးရအနေနဲ့ ပြည်သူ့ဝန်ထမ်းတွေနဲ့ နိုင်ငံ့ဝန်ထမ်းတွေကို ကားတင်သွင်း ခွင့်ပြုဖို့ ဆောင်ရွက်တာဟာ အပြင်မှာ ဝေဖန်နေကြသလို ရွေးကောက်ပွဲအတွက် မဲဆွယ်တဲ့အနေနဲ့ ဆောင်ရွက်တာမျိုး မဟုတ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာသန်းမြင့် ပြောပါတယ်။
2020-01-09
ရာထူးကြီး ရထားတဲ့သူတွေကို ကားပါမစ်ထုတ်ပေးဖို့ အစီအစဉ်ဟာ နိုင်ငံသားတိုင်း တန်းတူအခွင့်အရေးမရှိတာကို ပြသရာရောက်ပြီး အစိုးရအတွက်ရော လက်ရှိ အာဏာရပါတီ NLD အတွက်ပါ ပုံရိပ်ထိခိုက်စေနိုင်တယ်လို့ တရားရေးနဲ့ နိုင်ငံရေးလောကက ထောက်ပြမှု တွေရှိနေပါတယ်။
2020-01-09
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် အုတ်ဖိုကန်ကျေးရွာထဲကို ဒီနေ့ညနေ သုံးနာရီခွဲလောက်က ဗုံးသီးနဲ့ ပစ်ခတ်ခံရလို့ ကလေး သုံးဦးနဲ့ လူကြီး တစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြပါတယ်။
2020-01-09
အမေရိကန် ငွေကြေးဝန်ဆောင်မှုလုပ်ငန်း Western Union က တပ်မတော်ပိုင် မြဝတီဘဏ်လီမီတက်နဲ့ လက်တွဲ လုပ်ကိုင်နေတာကို ရပ်ဆိုင်းလိုက်ပေမယ့် သက်ရောက်မှု ကြီးကြီးမားမား မရှိနိုင်ပေမယ့် တပ်မတော်မိသားစုတွေရဲ့ အခွင့်အရေးကို ချိုးဖောက်ရာ ရောက်နိုင်တယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။
2020-01-09
မန္တလေးတက္ကသိုလ်ဝင်းထဲ စားသောက်ဆိုင် တည်ဆောက်ရာမှာ ပွင့်လင်းမြင်သာမှုရှိဖို့ မန္တလေး တက္ကသိုလ်ကျောင်းသားသမဂ္ဂအဖွဲ့က ဒီကနေ့ ဆန္ဒပြ သပိတ်မှောက်ကြပါတယ်။
2020-01-09
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ မနက်ဖြန်ကျင်းပမယ့် ကချင်ပြည်နယ်နေ့ အခမ်းအနားကို တက်ရောက်ဖို့အတွက် မြစ်ကြီးနားမြို့ကို ဒီနေ့မနက်ပိုင်းက ရောက်ရှိခဲ့ပါတယ်။
2020-01-08
ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်ကြား နယ်စပ်ဆိုင်ရာ အဆင့်မြင့်ဆွေးနွေးပွဲတရပ် ကျင်းပခဲ့ပါတယ်။ နှစ်နိုင်ငံကြား နယ်စပ်လုံခြုံရေးဆိုင်ရာ ပြဿနာတွေနဲ့ မတူကွဲပြားချက်တွေကို ဆွေးနွေးခဲ့ကြတာပါ။
2020-01-08
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်မှာ ပြီးခဲ့တဲ့နှစ် မတ်လ ၁၂ ရက်နေ့က တပ်မတော်က AAအဖွဲ့ဝင်တွေဆိုပြီး ဖမ်းဆီးတရားစွဲဆိုခံရသူ ၁၂ ဦးကို မှားယွင်း ဖမ်းဆီးခံရသူတွေ ဖြစ်တယ်လို့ သုံးသပ်ပြီး စစ်တွေခရိုင်တရားရုံးက ဒီနေ့ ပြန်လွှတ် ပေးလိုက်ပါတယ်။
2020-01-08
ရခိုင်ပြည်နယ်မှာ ဆောင်ရွက်ပေးနေတဲ့ အပြည်ပြည်ဆိုင်ရာ အကူအညီပေးရေးအဖွဲ့ IRC ရဲ့ အသက်မွေးဝမ်းကျောင်းနှင့် စားနပ်ရိက္ခာဖူလုံရေး စီမံကိန်း တက်လမ်းစီမံချက်ကို ဇန်နဝါရီ ၆ ရက်နေ့က စတင်ရပ်ဆိုင်းလိုက်ကြောင်း IRC က သတင်းထုတ်ပြန်လိုက်ပါတယ်။
2020-01-08
လက်နက်ကိုင်ပြီး အားသာချက်ယူတာတွေ၊ ဖြေရှင်းချက်အသစ်တွေနဲ့ စိတ်ကူးယဉ်မှုတွေနဲ့ တိုင်းပြည်ရဲ့ ပြဿနာတွေကို ဖြေရှင်းလို့ မရနိုင်ဘူးလို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က သတိပေး ပြောကြားလိုက်ပါတယ်။
2020-01-08
အမေရိကန် ငွေကြေးဝန်ဆောင်မှုလုပ်ငန်း Western Union က တပ်မတော်ပိုင် မြဝတီဘဏ်နဲ့ လက်တွဲလုပ်ကိုင်နေတာကို အဆုံးသတ် ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း သိရပါတယ်။
2020-01-07
NLD အစိုးရသက်တမ်းကာလ လေးနှစ်နီးပါးထဲမှာ အခြေခံဥပဒေပြင်ဆင်ရေးကိစ္စ ထောက်ပြပြောဆိုတဲ့သူတွေ၊ တပ်မတော်ကို ဝေဖန်တဲ့သူတွေ၊ ရခိုင်ပြည်နယ်က စစ်ပွဲသတင်းတွေတင်ပြတဲ့သူတွေအပါအဝင် လူပေါင်း ၉၆ ယောက်ကို တပ်မတော်က တရားစွဲခဲ့တယ်လို့ အသံအဖွဲ့က ဒီနေ့ထုတ်ပြန်လိုက်ပါတယ်။
2020-01-07
အခြေခံပညာကျောင်း စာသင်ကာလကို မတ်လကုန်အထိ တိုးမြှင့်လိုက်တဲ့အပေါ် ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်မှုတွေကို ရန်ကုန်ပညာရေး ကောလိပ်နဲ့ မကွေးပညာရေးကောလိပ်တို့က ဒီနေ့စတင်လိုက်ပါတယ်။