သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-01-07
လာမယ့် ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ ကျင်းပမယ့် ကချင်ပြည်နယ်နေ့ အခမ်းအနားကို ကချင်မနောပွဲတော်ဆိုပြီး မြန်မာလိုသာ ရေးသားတပ်ဆင်မှာကို ကန့်ကွက်ကြောင်း မြစ်ကြီးနားမြို့ဒေသခံတွေက ဒီနေ့မနက်က ဆန္ဒပြခဲ့ကြပါတယ်။
2020-01-07
ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆောင်ရွက်ရာမှာ လက်ရှိ NCA-S EAO (၁၀) ဖွဲ့ထဲနဲ့ ပြီးပြည့်စုံအောင် ဆောင်ရွက်နိုင်မှာ မဟုတ်ဘူးဆိုတာ သတိထားဖို့လိုတယ်လို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST ရဲ့ ယာယီ အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောကြားလိုက်ပါတယ်။
2020-01-07
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ထိပ်ထူးပေါက်မွတ်ဆလင်ကျေးရွာမှာ ဒီနေ့မနက်က ပေါက်ကွဲမှု တစ်ခုဖြစ်လို့ ကလေး လေးဦး ပွဲချင်းပြီးသေဆုံးပြီး ခြောက်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြပါတယ်။
2020-01-06
ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးညီပုဟာ စစ်တွေမြို့ကို ထွက်ပြေးရောက်ရှိနေတဲ့ စစ်ဘေးဒုက္ခသည်တွေနဲ့ ဒီနေ့သွားရောက်တွေ့ဆုံခဲ့ပြီး အခုလိုတွေ့ဆုံတာကို သတင်းသမားတွေကိုလည်း လာရောက်သတင်းယူဖို့ဖိတ်ခေါ်ခဲ့ပါတယ်။
2020-01-06
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် မဟာမြတ်မုနိရွာကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲရာမှာ ဒေသခံ အမျိုးသမီးငယ် တစ်ဦး ထိခိုက်ဒဏ်ရာ ရသွားတာကြောင့် မြို့နယ်ဆေးရုံမှာ ကုသမှု ခံယူနေတယ်လို့ ကျောက်တော်မြို့ ဖြူစင်မေတ္တာပရဟိတ လူမှုကူညီရေးအသင်းက ပြောပါတယ်။
2020-01-06
၁၀ ကြိမ်မြောက် မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီ ညီလာခံမှာ ဥက္ကဋ္ဌအဖြစ် နိုင်ဟံသာ ကို ရွေးချယ်လိုက်သလို့ ဒုဥက္ကဋ္ဌနဲ့ အထွေထွေအတွင်းရေးမှူးအပါအဝင် ခေါင်းဆောင်း ပိုင်းတွေ နေရာအပြောင်းအလဲဖြစ်ခဲ့ပါတယ်။
2020-01-06
အခြေခံပညာကျောင်းတွေရဲ့ ပညာသင်ကာလကို မတ်လကုန်အထိ သတ်မှတ်လိုက်တဲ့အပေါ် ပြင်ဆင်ပြောင်းလဲမှု မလုပ်ဘူးဆိုရင် ဆရာ၊ ဆရာမတွေအနေနဲ့ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲရုံတာဝန်တွေကို ကူညီဆောင်ရွက်သွား မှာ မဟုတ်တော့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်က မနေ့က ကြေညာချက် ထုတ်ပြန်ပြော လိုက်ပါတယ်။
2020-01-03
သွေးကင်ဆာရောဂါခံစားနေရပြီး ထိုင်းနိုင်ငံမှာသွားရောက်ကုသမှုခံယူခဲ့ရတဲ့ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ဟာ အဆုတ်အအေးပတ်ပြီး အဖျားဝင်နေတဲ့အတွက် မန္တလေး ဆေးရုံကြီးမှာ တက်ရောက်ကုသမှုခံယူနေရပါတယ်။
2020-01-02
ရခိုင်တပ်တော် AA ပါဝင်တဲ့ မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့က ဇန်နဝါရီလ ၁ ရက်နေ့ ကနေ ဖေဖော်ဝါရီလ ၂၉ ရက် နေ့အထိ နှစ်လကြာ အပစ်အခတ်ရပ်စဲတယ်လို့ မနေ့က ကြေညာချက် ထုတ်ပြန်ထားပေမယ့် မနေ့ကနဲ့ ဒီနေ့မှာ မြေပုံ၊ အမ်း၊ မင်းပြားနဲ့ ပလက်ဝမြို့နယ်တွေမှာ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။
2020-01-02
မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်က မြို့သာစက်မှုဥယျာဉ်အတွင်းမှာ ဆေးခြောက် လျှော်ပင်တွေ စိုက်ပျိုးခဲ့လို့ တရားစွဲခံထားရတဲ့ အာမခံနဲ့အမှုရင်ဆိုင်နေရတဲ့ အမေရိကန်နိုင်ငံသား မစ္စတာဂျွန်နဲ့ ဆက်သွယ်လို့ မရတော့ဘူးလို့ အဲဒီ အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက ပြောပါတယ်။
2020-01-01
ရက္ခိုင်တပ်တော် AA နဲ့ တပ်မတော်တိုက်ပွဲတွေကြောင့် ချင်းတိုင်းရင်းသားတွေ သေဆုံးတာတွေ စစ်ဘေးဒုက္ခသည်အဖြစ် ထွက်ပြေးနေရတာတွေရှိနေတာကြောင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်ကနေ AA အခြေစိုက်စခန်းတွေ ဖယ်ရှားပေးဖို့နဲ့ ငြိမ်းချမ်းရေးစကားဝိုင်းပေါ်ကို အမြန်ဆုံးသွားဖို့ ချင်းတိုင်းရင်းသားများပါတီက တိုက်တွန်းလိုက်ပါတယ်။
2020-01-01
ရခိုင့်တပ်တော် AA က အောင်တံခွန် ရေယာဉ်ပေါ်ကနေ မနေ့က ဖမ်းဆီးသွားတဲ့ ကုန်းလမ်းပို့ဆောင်ရေး (ကပရ) ယာဉ်မောင်းဝန်ထမ်း ၁၆ ဦးကို ဒီနေ့မနက်က ပြန်လွှတ်ပေးလိုက်ပါတယ်။