သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-09-21
စက်တင်ဘာ (၂၀) ရက် မနေ့နေ့လယ်ပိုင်းက နေပြည်တော် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဌရဲ့ ခြံဝင်းထဲမှာ၊ နောက်ထပ်ဗုံးသီးတစ်လုံး ထပ်မံတွေ့ရှိခဲ့ကြောင်း၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့ ပြောခွင့်ရ ရဲမှူးကြီးကျော်သီဟနဲ့ ခြံဝန်းလုံခြုံရေးကင်မရာကို စစ်ဆေးခဲ့တဲ့ ဗိုလ်ချုပ်ဇော်မင်းထွန်း တို့က အတည်ပြုပြောဆိုပါတယ်။
2020-09-21
မဲဆွယ်စည်းရုံးရေး မိန့်ခွန်းကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဆင်ဆာဖြတ်တာကြောင့် နိုင်ငံပိုင်ရုပ်သံကနေ ထုတ်လွှင့်မယ့် အစီအစဉ်မှာ မပါဝင်တော့ဘူးလို့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်က ပြောပါတယ်။
2020-09-21
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တပ်ဖွဲ့က ထိန်းသိမ်းထားတဲ့ ရှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် ခေးအုံအွေ့ကျေးရွာအုပ်စု ဒေသခံ မိုင်းလှစိန် ကို ပြန်လွှတ်ပေးဖို့ တအာင်း(ပလောင်)အမျိုးသားပါတီက တောင်းဆိုလိုက်ပါတယ်။
2020-09-21
ကျန်းမာရေးဝန်ကြီးဌာနက မနေ့က စက်တင်ဘာ ၂၀ ရက်နေ့ ည ၈ နာရီမှာ အမိန့်ထုတ်ပြန်တဲ့ ရန်ကုန်တိုင်းအတွင်း (ကိုကိုးကျွန်းမြို့နယ်မပါ) မြို့နယ်အားလုံး နေအိမ်မှာဘဲ နေထိုင်ကြရေး အစီအစဉ်မှာ ငွေကြေးဝန်ဆောင်မှု၊ အစားအသောက်၊ ပြည်သူ့ဝန်ဆောင်မှုနဲ့ ကျန်းမာရေးဆိုင်ရာလုပ်ငန်းတွေကလွဲပြီး ကျန်တဲ့လုပ်ငန်းတွေအားလုံး ၂၄ ရက်နေ့မှာ ပိတ်ဖို့ အိမ်ကနေလုပ်ဖို့ ဖော်ပြထားပါတယ်။
2020-09-20
ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ စက်တင်ဘာ ၂၁ ရက် ဒီနေ့ မနက် ၈ နာရီ ထုတ်ပြန်ချက်အရ ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာသစ် ၂၆၄ ထပ်တိုးတွေ့ရှိခဲ့ပြီး သေဆုံးသူ နှစ်ဦး ရှိလာတာကြောင့် စုစုပေါင်း သေဆုံးသူ ၉၄ ဦးအထိ ရှိလာပါတယ်။
2020-09-20
ရန်ကုန်တိုင်းတစ်တိုင်းလုံးက ပြည်သူတွေအနေနဲ့ မလိုအပ်ဘဲ အိမ်ပြင်မထွက်ဖို့ Stay at home အမိန့်ကို အစိုးရက ဒီကနေ့ညပိုင်းမှာ ထုတ်ပြန်လိုက်ပါတယ်။
2020-09-20
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်၊ စစ်တောင်းကျေးရွာ၊ အေးသီတာရပ်ကွက် ကမ်းနားပိုင်းမှာ စစ်တောင်းမြစ်ထဲကို သားအမိ သုံးယောက် မျောပါသွားတယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
2020-09-19
အတည်ပြုလူနာနေ့စဉ် ရာနဲ့ချီတိုးလာနေပြီး အဲဒီထဲမှာ ရန်ကုန်တိုင်းထဲက လူနာအရေအတွက် အများဆုံးဖြစ်နေတာကြောင့် ပိုးကူးစက်မှု ထိန်းချုပ်နိုင်ရေး အတွက် ၁၄ရက် ကြာ အသွားအလာတင်းတင်းကျပ်ကျပ် ကန့်သတ်ဖို့ တချို့က တောင်းဆိုလာကြပါတယ်။
2020-09-18
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားတဲ့ စာရင်းအရ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် ရွေးကောက်ခံ ကိုယ်စား လှယ်လောင်း အများဆုံးပါတီ သုံးပါတီက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD၊ ညီညွတ်သော ဒီမိုကရက်တစ်ပါတီ UDP နဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ USDP တို့ ဖြစ်ပါတယ်။
2020-09-18
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် နှစ်ပတ်အတွင်း မှာတင် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ နှစ်သောင်းနီးပါး ရှိလာနေပါပြီ။ ကိုရိုနာကပ်ဘေး ကာလအတွင်း ဒီလူတွေဟာ ဘုန်းကြီးကျောင်းနဲ့ ဘုရားကသိမ်တွေမှာ အစုလိုက် ဖြစ်သလို ခိုလှုံနေရတာကြောင့် အခက်အခဲတွေ ရင်ဆိုင်နေရတယ်လို့ ဒုက္ခသည်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။
2020-09-18
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊ မုံရွာခရိုင်က အထွေထွေ အတွင်းရေးမှူး ဖြစ်သူကို ကလေးမြို့က သူ့ရဲ့နေအိမ်မှာ စက်တင်ဘာ ၁၇ ရက် မနေ့က ရဲတပ်ဖွဲ့ဝင်တွေက သွားရောက်ဖမ်းဆီးခဲ့ပါတယ်။
2020-09-18
နေပြည်တော်မှာ ဒီနေ့ စက်တင်ဘာလ ၁၈ ရက်နေ့ မနက်ပိုင်းထိ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိသူ ရှစ်ဦးထပ်တိုးလာပြီး ပိုးတွေ့သူ စုစုပေါင်း ၆၅ ဦးရှိတယ်လို့ နေပြည်တော်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာမျိုးစုကြည်က ပြောပါတယ်။
2020-09-18
ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်အတွင်းက စစ်တပ်ရှေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ မဲဆွယ်ဆိုင်းဘုတ်ကို ဖယ်ရှားပေးဖို့ တပ်မတော်က ရွေးကောက်ပွဲ ကော်မရှင်ကို တောင်းဆိုထားပါတယ်။
2020-09-17
ကမ္ဘာအနှံ့မှာရှိတဲ့ ရိုဟင်ဂျာအဖွဲ့အစည်း ၂၉ ခုက စုပေါင်းပြီး မြန်မာ့တပ်မတော်ရဲ့ ဖိနှိပ်ရက်စက်မှုကို ခံစားနေရတဲ့ ရခိုင်လူမျိုးတွေနဲ့ သူတို့အားလုံး အတူတကွရှိကြောင်း ကြေညာချက်တစောင်ကို စက်တင်ဘာလ ၁၇ ရက်နေ့စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။
2020-09-17
ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးတဲ့သူ နောက်ထပ် အယောက်၂၀ ထပ်တိုးလာ ပါတယ်။