သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-09-15
တရုတ်နိုင်ငံ၊ ရွှေလီမြို့ထဲမှာ မြန်မာနိုင်ငံသား နှစ်ဦးထံကနေ ကိုရိုနာဗိုင်းရပ်စ် ပိုးတွေ့လို့ ဒီနေ့ မနက်ပိုင်း ရွှေလီနဲ့ ကျယ်ဂေါင်မြို့အတွင်းက လမ်းသွယ်တွေ၊ ဆိုင်တွေကို ပိတ်ထားလိုက်ပါပြီ။
2020-09-15
နှစ်နိုင်ငံနယ်စပ်မှာ မြန်မာ့တပ်မတော်က လုံခြုံရေး တိုးမြှင့်ချထားတဲ့အပေါ် ဘင်္ဂလားဒေ့ရှ်အစိုးရက မြန်မာသံအမတ်ကြီးကို ဆင့်ခေါ်ပြီး ကန့်ကွက်လိုက်ပါတယ်။
2020-09-15
၄၅ ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ညီလာခံမှာ လူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီး မစ်ရှဲလ် ဘက်ချလက်က မြန်မာ့တပ်မတော်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် ထွက်ပြေးသွားတာ သုံးနှစ်ရှိပြီဖြစ်တဲ့ ရိုဟင်ဂျာတွေနဲ့ ပတ်သက်ပြီး မြန်မာအစိုးရအနေနဲ့ ဖြေရှင်းနိုင်တာ မရှိသေးဘူးလို့ ပြောဆိုလိုက်ပါတယ်။
2020-09-15
ရှမ်းပြည်နယ်၊ မူဆယ်ခရိုင်၊ မန်ကောင်းကျေးရွာအနီး တပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေ တိုက်ပွဲကြောင့် ဒေသခံ ၂၀၀ ကျော်ဟာ သူတို့ရွာနဲ့ မိုင်နှစ်ဆယ်ကျော်ဝေးတဲ့ ကျူကုတ် (ပန်ဆိုင်း)လမ်းပေါ်မှာရှိတဲ့ မန်ပြိန်းရွာ ကချင်ဘုရားကျောင်းနဲ့ ဆွေမျိုးအိမ်တွေမှာ သွားရောက်ခိုလှုံနေရပါတယ်။
2020-09-14
မြန်မာနိုင်ငံကနေ ရိုဟင်ဂျာတွေ ထွက်ပြေးခဲ့ရတာ ၃ နှစ်ရှိပြီ ဖြစ်ပေမယ့် ပြဿနာတွေကို ဖြေရှင်းနိုင်ခြင်း မရှိသေးဘူးလို့ ၄၅ ကြိမ်မြောက် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ ညီလာခံမှာ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး မစ်ရှဲလ် ဘက်ချလက် က ပြောကြားခဲ့ပါတယ်။
2020-09-14
မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ၂၄ နာရီအတွင်း သေဆုံးသူ အရေအတွက် စံချိန်တင် မြင့်တက်လာချိန်မှာ နိုဝင်ဘာလ ၈ ရက်မှာ ကျင်းပမယ့် ရွေးကောက်ပွဲကို ရွှေ့ဆိုင်းပေးဖို့ နိုင်ငံရေးပါတီအချို့က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို တောင်းဆိုခဲ့ကြပါတယ်။
2020-09-14
လက်ရှိအချိန်ထိ မြန်မာနိုင်ငံမှာ ရောဂါကူးစက်ခံရသူ လူနာစုစုပေါင်း (၃၁၉၅)ရှိသွားပြီဖြစ်ပြီးတော့ သေဆုံးသူစုစုပေါင်း (၃၂) ယောက်ရှိပါပြီ။
2020-09-14
ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးပြန့်ပွားနှုန်းတွေ တစ်နေ့ထက်တစ်နေ့ဆိုးလာတာကြောင့် မန္တလေးနဲ့ စစ်ကိုင်းတိုင်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရဲ့ ရွေးကောက်ခံ ကိုယ်စားလှယ်လောင်းတချို့ မဲဆွယ်တာတွေကို ခဏရပ်ဆိုင်းသွားကြမယ်လို့ သိရပါတယ်။
2020-09-14
နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်တင်ရဲ့ ကိုယ်ရေး အရာရှိမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ ရှိထားပြီး ဒုဝန်ကြီးကို ဟိုတယ်မှာ အသွားအလာ ကန့်သတ်စောင့်ကြည့်ထားတယ်လို့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ဒီနေ့ အတည်ပြု ပြောဆိုပါတယ်။
2020-09-14
စစ်တွေမြို့မှာ ဆန္ဒပြတောင်းဆိုခဲ့တဲ့ ကျောင်းသားသုံးဦးကို သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေနဲ့ အမှုဖွင့်ထားတဲ့အပေါ် ရခိုင်ပြည်နယ်အခြေစိုက် ရှေ့နေအဖွဲ့ လေးခုက ကန့်ကွက်ရှုတ်ချတယ်ဆိုပြီး စက်တင်ဘာ ၁၃ ရက် မနေ့ကကြေညာချက်ထုတ်ပြန် လိုက်ပါတယ်။
2020-09-14
ရှမ်းပြည်နယ် လားရှိုးမြို့နယ် ပန်သပြေကျေးရွာအုပ်စု ဖာလိုင်ရွာအနီးမှာ ရွာသားနှစ်ဦးကို တပ်မတော်က ပစ်ခတ်ခဲ့လို့ သေဆုံးသွားတယ်လို့ ရွာအုပ်ချုပ်ရေးတာဝန် ရှိသူက ပြောဆိုပေမယ့် တပ်မတော်ကတော့ သူတို့နှစ်ဦးဟာ လက်နက်ကိုင်အဖွဲ့ဝင် ဖြစ်လို့ ပစ်ခတ်ခဲ့တာလို့ သတင်းထုတ်ပြန်ပါတယ်။
2020-09-13
ရှမ်းပြည်နယ် မူဆယ်ခရိုင်မှာ စက်တင်ဘာ ၁၁ ရက်နေ့က တပ်မတော်နဲ့ တိုက်ပွဲဖြစ်လို့ ဒေသခံတချို့ ထွက်ပြေးနေရကြောင်း ကချင်လွတ်မြောက်ရေးတပ်မတော် KIA အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။
2020-09-13
ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်က ဒေသတချို့မှာ အင်တာနက် မြန်နှုန်းချထားတာကို အမြန်ဆုံး ပြန်လည်တိုးမြှင့်ပေးဖို့ မန္တလေးမြို့မှာ ဆန္ဒပြခဲ့တဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်က ကျောင်းသားတချို့ကို အမှတ် (၆) နယ်မြေရဲစခန်းက ဒီနေ့မှာ ခေါ်ယူစစ်ဆေးခဲ့ပါတယ်။
2020-09-12
ရန်ကုန်တိုင်းထဲမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်နှုန်းမြင့်တက်နေလို့ အစိုးရက အပြင်မထွက်ဘဲ နေအိမ်မှာ နေကြဖို့ (Stay at Home) အစီအစဉ်မှာအကျုံးဝင်တဲ့ မြို့နယ်တွေက လမ်းတွေမှာ အကာအရံတွေနဲ့ အခိုင်အမာပိတ်ဆို့ထားတာ ကြောင့် သွားလာရေးအခက်ကြုံနေကြသလို အတော်များများကလည်း ဝေဖန်နေကြပါတယ်။
2020-09-12
စက်တင်ဘာ (၄) ရက် သမ္မတအိမ်တော်သတင်းစာရှင်းပွဲကို တက်ရောက်ခဲ့တဲ့၊ နေပြည်တော်အခြေစိုက် သတင်းထောက်တစ်ဦးမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိကြောင်း၊ နေပြည်တော် ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူနဲ့ သမ္မတရုံးပြောခွင့်ရ ဦးဇော်ဌေး တို့က ဒီကနေ့ အတည်ပြုပြောဆိုပါတယ်။