သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-01-31
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မြန်မာအပါအဝင် နိုင်ငံခြောက်နိုင်ငံကို ရွှေ့ပြောင်းနေထိုင်ခွင့် ဗီဇာတွေ ပိတ်ပင်တော့မယ်လို့ အမေရိကန်နိုင်ငံ အမိမြေလုံခြုံရေးဝန်ကြီးဌာန ယာယီဝန်ကြီး Chad Wolf က သောကြာနေ့က ပြောလိုက်ပါတယ်။
2020-01-31
ICJ တရားရုံးရဲ့ ကြားဖြတ်စီမံချက်အမိန့်နဲ့ပတ်သက်လို့ မြန်မာနိုင်ငံအတွက် စိုးရိမ်စရာမရှိသလို၊ ကုလသမဂ္ဂရဲ့ အချက်အလက်ရှာဖွေရေးကော်မရှင်နဲ့လည်း ပူးပေါင်းဆောင်ရွက်စရာမလိုဘူးလို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ဒီကနေ့သတင်းထောက်တွေကို ပြောလိုက်ပါတယ်။
2020-01-31
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုကို နိုင်ငံတကာအရေးပေါ်အခြေအနေအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတ်မှတ်လိုက်ရတဲ့အထိ ဖြစ်လာချိန်မှာ ဗိုင်းရပ်စ် အစပြုပေါ်ပေါက်ရာ တရုတ်နိုင်ငံနဲ့ အိမ်နီးချင်းဖြစ်နေရတဲ့ မြန်မာနိုင်ငံမှာလည်း ပိုပြီးကူးစက်မှုမဖြစ်အောင် သတိထား တားဆီးကာကွယ်ရမယ့် အခြေအနေဖြစ်လာပါတယ်။
2020-01-31
နိုင်ငံတော်ရဲ့မူဝါဒတွေအပေါ် အခြေခံပြီး လွှတ်တော်က ဥပဒေရေးဆွဲပေးရတာဖြစ်လို့ ဥပဒေပြုရေးမဏ္ဍိုင်ဟာ အလွန်အရေးကြီးကြောင်း သမ္မတ ဦးဝင်းမြင့်က ပြောကြား လိုက်ပါတယ်။
2020-01-31
ဗြိတိန်သံအမတ်ကြီး Mr. Dan Chugg က ဗြိတိန်အစိုးရအပြောင်းအလဲနဲ့ ဥရောပ သမဂ္ဂကနေ ထွက်ခွာပေမယ့်၊ မြန်မာအပေါ်ထားရှိတဲ့ ဗြိတိန်ရဲ့နိုင်ငံခြားရေးမူဝါဒက မပြောင်းလဲဘဲ၊ ဒေါ်အောင်ဆန်းစုကြည်ကို အောင်မြင်မှုရတဲ့အထိ ဆက်ပြီးထောက်ခံအားပေးမယ်လို့ ပြောဆိုလိုက်ပါတယ်။
2020-01-31
တရုတ်နိုင်ငံကနေ ရန်ကုန်လေဆိပ်ကို ဒီကနေ့ China Southern airline လေကြောင်းလိုင်းနဲ့ ရောက်လာတဲ့ တရုတ်နိုင်ငံသားတစ်ဦးကို ကိုရိုနာဗိုင်းရပ်စ် သံသယလူနာတစ်ဦးအဖြစ် စစ်ဆေးနေတယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ကနေ သိရပါတယ်။
2020-01-30
တရုတ်နိုင်ငံမှာ စတင်ဖြစ်ပွားခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ် အဆုတ်ရောင်ရောဂါပိုး ကူးစက်ပျံ့ပွားမှုကို ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့ကျန်းမာရေး အရေးပေါ် အခြေအနေအဖြစ် WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်က ကြေညာလိုက်ပါတယ်။
2020-01-30
ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားနေတဲ့ တရုတ်နိုင်ငံ ဟူပေပြည်နယ် ဝူဟန်မြို့က မြန်မာ ကျောင်းသူ၊ ကျောင်းသား ၆၃ ယောက်ကို အထူးလေယာဉ်နဲ့ ပြန်လည်ခေါ်ယူနိုင်ဖို့ စေလွှတ်မယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဇန်နဝါရီလ ၃၀ ရက် ဒီကနေ့သတင်းထုတ်ပြန်ပါတယ်။
2020-01-30
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်မှာ တပ်မတော်နဲ့ TNLA တို့ ဇန်နဝါရီလ ၂၈ နေ့က တိုက်ပွဲဖြစ်ပွားပြီး ဒေသခံအမျိုးသမီးနှစ်ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရသူတွေရှိခဲ့ပါတယ်။
2020-01-29
ပညာရေးဝန်ကြီးဌာနက မန္တလေးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာသီတာဝင်းကို အမိန့်ညွှန်ကြားချက်ကို လိုက်နာရန်ပျက်ကွက်လို့ဆိုပြီး ဇန်နဝါရီလ ၂၈ ရက်နေ့ နေ့စွဲနဲ့ အငြိမ်းစားပေးလိုက်ပါတယ်။
2020-01-29
တရုတ်နိုင်ငံက စတင်ပြန့်ပွားခဲ့တဲ့ ကိုရိုနာ ဗိုင်းရပ်စ်ဟာ နိုင်ငံအချို့ကို ကူးစက်ပျံ့နှံ့နေပြီး အသက်သေဆုံးတဲ့အထိ ဖြစ်ပွားနေတဲ့အတွက် မန္တလေးမြို့ကို တရုတ်နိုင်ငံသား ဧည့်သည်တွေ ထပ်ရောက်လာမှာကို မန္တလေးမြို့ဒေသခံတွေ စိုးရိမ်နေပါတယ်။
2020-01-29
ကချင်ပြည်နယ် ဖားကန့်ဒေသက ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းတွေကို အမျိုးသားလွှတ်တော် အစိုးရရဲ့ အာမခံချက်များ၊ ကတိများနဲ့ တာဝန်ခံချက်များ စိစစ်ရေးကော်မတီက ကွင်းဆင်းစစ်ဆေးချိန် ပုဂ္ဂလိကကုမ္ပဏီတစ်ခုက ပေးတဲ့ လက်ဆောင်ပစ္စည်းထဲမှာ ငွေကြေးပါတယ်ဆိုပြီး လူမှုမီဒီယာ ကွန်ရက် Moe Zay Nyein ဖေ့ဘွတ်အကောင့်က ဖော်ပြရေးသားခဲ့ပါတယ်။
2020-01-29
ရက္ခိုင့်တပ်တော် AA က ဖမ်းဆီးထားတဲ့ စစ်တွေမြို့အခြေစိုက် Mytel ကုမ္ပဏီက ပြည်နယ်ဆက်သွယ်ရေးဆိုင်ရာ ညွှန်ကြားရေးမှူးနဲ့ သူရဲ့ ယာဉ်မောင်းတို့ကို ပေါက်တောမြို့နယ်မှာ ဒီကနေ့ မနက်ပိုင်းက ပြန်လည်လွှတ်ပေးလိုက်တယ်လို့ ရက္ခိုင့်တပ်တော် AA က ထုတ်ပြန်ထားပါတယ်။
2020-01-29
ရခိုင်ပြည်နယ် မြေပုံမြို့နယ် စညှင်းကျေးရွာ ဒုက္ခသည်စခန်းမှာရှိတဲ့ စစ်ဘေးဒုက္ခသည်တွေအတွက် ရိက္ခာဆန်တင်လာတဲ့ ကားတွေကို ယိုးချောင်းတံတားမှာ နေရာယူထားတဲ့ တပ်မတော်စစ်ကြောင်းက သယ်ယူခွင့် မပေးတာကြောင့် အဲဒီဒုက္ခသည်စခန်းမှာ စားနပ်ရိက္ခာ ပြတ်လပ်နေပါတယ်။
2020-01-29
ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်နဲ့ ဖာပွန်မြို့နယ်အကြားမှာ တပ်မတော်က လမ်းကြောင်းသွားကြည့်ရင်း မိုင်းဆွဲတိုက်ခံရတာကြောင့် တပ်မတော်ဘက်က တပ်ရင်းမှူးတစ်ဦး ကျဆုံးခဲ့ပါတယ်။