သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-10-31
ဖျက်သိမ်းခံလိုက်ရတဲ့ ညီညွတ်သောဒီမိုကရက်တစ်ပါတီ UDP ကယားပြည်နယ်ထဲက ပါတီဝင်တွေဟာ ဘော်လခဲမြို့နယ်က တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီကို ရွေးကောက်ပွဲအတွက် ဝန်းရံပေး သွားမယ်လို့ သိရပါတယ်။
2020-10-31
ကယားပြည်နယ် မော်ချီးခဲသတ္ထုတူးဖော်ရေး လုပ်ကွက်တွေအနီးမှာရှိတဲ့ နေအိမ်တချို့ကို မြေပြိုနိုင်တဲ့ အန္တရာယ်ရှိတာကြောင့် ပြည်နယ်အစိုးရနဲ့ ကုမ္ပဏီတွေက နေရာပြောင်းရွှေ့ဖို့ ညှိနှိုင်းဆွေးနွေးနေပါတယ်။
2020-10-30
ကပ်ဘေးကာလမှာ မွန်ပြည်နယ်ရဲ့ ထုတ်ကုန်ဖြစ်တဲ့ အိမ်သုံးဆားကို သယ်ယူပို့ဆောင်ရေး အခက်အခဲကြောင့် ဝယ်ယူသူမရှိတော့လို့ ကုန်ချောထုတ် စက်ရုံတွေ ပိတ်ထားရပြီး အိမ်သုံးဆား ထုတ်လုပ်မှုလုပ်ငန်းတွေ အခက်အခဲတွေ ဖြစ်နေပါတယ်။
2020-10-30
ပြည်ပရောက် မြန်မာနိုင်ငံသားတွေအတွက် ကြိုတင်မဲပေးခွင့် သတ်မှတ်ရက်တွေကတော့ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၃ ရက်နေ့က အဆုံးသတ်သွားခဲ့ပါပြီ။ ဒါပေမယ့် နယူးဇီလန်နိုင်ငံမှာ ရှိတဲ့ မြန်မာနိုင်ငံသားတွေကတော့ ကြိုတင်မဲပေးခွင့် မရခဲ့ဘူးလို့ သိရပါတယ်။
2020-10-30
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် မေယုမြစ်အတွင်းမှာ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC)ရဲ့ ရိက္ခာတင် အငှားစက်လှေ ပစ်ခတ်ခံရတဲ့ကိစ္စနဲ့ ပတ်သက်လို့ အသက်မသေဘဲ လွတ်မြောက်လာတဲ့ စက်လှေအလုပ်သမား ကိုကံအေးချမ်းကို စစ်တွေမြို့မရဲစခန်းက ဒီနေ့ခေါ်ယူစစ်ဆေးနေပါတယ်။
2020-10-30
ရခိုင်ပြည်နယ် မင်းပြားနဲ့ ပေါက်တောမြို့နယ်ထဲက ရွာတချို့မှာ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်လို့ ကလေး သုံးယောက်အပါအဝင် အရပ်သား ကိုးယောက် ဒဏ်ရာရခဲ့တယ်လို့ မိသားစုဝင်တွေနဲ့ ဒေသခံတွေက ပြောပါတယ်။
2020-10-30
အကြမ်းဖက်အဖွဲ့တွေ လှုပ်ရှားနေတဲ့နယ်မြေတွေကလွဲလို့ ကျန်တဲ့ တိုင်းရင်းသားဒေသတွေမှာ နိုဝင်ဘာလကုန်အထိ အပစ်အခတ် ရပ်စဲရေး တိုးမြှင့်မယ်လို့ တပ်မတော်က ကြေညာလိုက်ပါတယ်။ ၂၀၂၀ ပြည့်နှစ် မေလကတည်းကစပြီး တစ်ဘက်သတ် အပစ်အခတ် ရပ်စဲရေးကို တပ်မတော်ဘက်က လစဉ်ပုံမှန် သက်တမ်းတိုးနေတာပါ။
2020-10-30
ဒုတိယသမ္မတ ဦးမြင့်ဆွေ အပါအဝင် ပြည်ထောင်စုအဆင့် ဝန်ကြီး၊ ဒုဝန်ကြီးတွေ နဲ့ ဌာနဆိုင်ရာ တာဝန်ရှိ သူတချို့တို့ နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ၊မြို့မဈေးဓမ္မာရုံမှာ ဒီနေ့မနက်ပိုင်းက ကြိုတင် မဲပေးခဲ့ကြပါတယ်။
2020-10-30
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်၊ ကျွန်းရင်းကျေးရွာမှာ ရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးရာမှာ ရပ်ကျေးကော်မရှင်ဥက္ကဋ္ဌက သူမဲပေးချင်တဲ့ပါတီကို တံဆိပ်နှိပ်ပေးလိုက်တယ်ဆိုပြီး ဒေသခံတွေက မကျေနပ်ကြဘဲ လူစုလူဝေးနဲ့ ကန့်ကွက်ခဲ့ကြပါတယ်။
2020-10-30
၂၀၂၀ အထွေထွေရွေးကောက်ပွဲ အောင်နိုင်ရေး မဲဆွယ်စည်းရုံးမှုတွေမှာ ကပ်ဘေးကာလ စည်းကမ်းသတ်မှတ်ချက်တွေ မလိုက်နာရင် တည်ဆဲဥပဒေတွေနဲ့အညီ အရေးယူမယ်လို့ နိုင်ငံရေးပါတီဝန်းရံသူတွေကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က သတိပေးလိုက်ပါတယ်။
2020-10-29
ရွှေ့ပြောင်းအလုပ်သမားတွေအရေးအကျိုးဆောင် ဗြိတိန်လူမျိုးအလုပ်သမားအရေး လှုပ်ရှားသူ Andy Hall ကို အသရေဖျက်မှုနဲ့တရားစွဲဆိုထားတာကို ထိုင်း Natural Fruit Co. က ဒီလ ၂၈ ရက်နေ့က အမှုရုပ်သိမ်းသွားပါတယ်။
2020-10-29
မြန်မာနိုင်ငံမှာ လက်ရှိအချိန်ထိ ရောဂါကူးစက်ခံရတဲ့သူ စုစုပေါင်း ၅၀၄၀၃ ယောက် ရှိသွားပြီဖြစ်ပြီး ပြန်လည်သက်သာလာတဲ့သူက စုစုပေါင်း ၃၀၀၀၇ ယောက် ရှိပါပြီ။
2020-10-29
စစ်တွေမြို့ကနေ ICRC ပစ္စည်းတွေ သယ်ဆောင်လာတဲ့ အငှားစက်လှေ ပစ်ခံရတဲ့အတွက် စက်လှေမီးလောင် ပျက်စီးပြီး လူသေဆုံးခဲ့တဲ့သတင်းကို RFA က အောက်တိုဘာ ၂၈ ရက်နေ့က ထုတ်လွှင့်ခဲ့တာဟာ တပ်မတော် ဂုဏ်သိက္ခာ ညိုးနွမ်းအောင် ဖော်ပြချက်အဖြစ် တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က ကြေညာချက်ထုတ်ပြန် စွပ်စွဲလိုက်ပါတယ်။
2020-10-29
အသက် ၆၀ နဲ့အထက် သက်ကြီးရွယ်အိုတွေ အောက်တိုဘာ ၂၉ ရက်ကစပြီး ကြိုတင်မဲပေးလို့ရကြောင်း ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားတဲ့အတွက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နေပြည်တော်က အသက် ၆၀ နဲ့အထက် မဲဆန္ဒရှင်တွေဟာ ဒီကနေ့ နေရာအသီးသီးမှာ ကြိုတင်မဲတွေ စပေးခဲ့ကြပါတယ်။
2020-10-28
ချင်းပြည်နယ် မြောက်ပိုင်း တီးတိန်မြို့နယ်မှာရှိတဲ့ ကျေးရွာတချို့မှာ အစိုးရရဲ့ ဖွံ့ဖြိုးရေး ဘတ်ဂျက်နဲ့ ကားလမ်းတွေ တိုးချဲ့ဖောက်လုပ်တာတာကြောင့် မြေပြိုမှုတွေဖြစ်ပြီး ဒေသခံတွေ အခက်အခဲတွေ ဖြစ်နေပါတယ်။