သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-11-24
ကိုဗစ်ရောဂါကာလ ဖမ်းဆီးမှုများနေတဲ့အချိန် မြန်မာနိုင်ငံဘက်ကနေ ထိုင်းနိုင်ငံကို ခိုးဝင်လာတဲ့ မြန်မာနိုင်ငံသား ၉ဝ ကျော် ဒီရက်ပိုင်းအတွင်း ဖမ်းဆီးခံခဲ့ရပါတယ်။
2020-11-24
ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို မြန်မာနိုင်ငံမှာ လာမယ့် နှစ်အတွင်း လူဦးရေအားလုံးရဲ့ ၄ဝ ရာခိုင်နှုန်း နဲ့ ၂ဝ၂၂ ခုနှစ်အတွင်း ကျန် ၆ဝ ရာခိုင်နှုန်းကို ထိုးနှံပေးနိုင်ဖို့ ရည်မှန်းထားတယ်လို့ မြန်မာနိုင်ငံ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဖွဲ့စည်းထားတဲ့ NITAG နိုင်တက် ခေါ် အမျိုးသား ကာကွယ်ဆေးထိုးနှံမှု အကြံပေးအဖွဲ့ဝင် ဆရာဝန်ကြီး ပါမောက္ခ ဦးသိန်းအောင်က RFA ကို ပြောပါတယ်။
2020-11-24
ရွေးကောက်ပွဲကာလကစပြီး တပ်မတော်ဘက်က စစ်ဆင်ရေးတွေ ရပ်ဆိုင်းထားတယ်၊ ရခိုင်အပါအဝင် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ တိုက်ပွဲတွေ လောလောဆယ် ရှိမနေဘူး လို့ တပ်တော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း က RFA ကို ဒီကနေ့ပြောပါတယ်။
2020-11-24
တိုင်းနဲ့ပြည်နယ်အသီးသီးက ဖွံ့ဖြိုးမှုနောက်ကျတဲ့မြို့နယ်တွေမှာ လူထုဗဟိုပြု စီမံကိန်းတွေလုပ်ဖို့ မြန်မာနဲ့ အီတလီအစိုးရအပါအဝင် ကမ္ဘာ့ဘဏ်က ရန်ပုံငွေ ချထားပေးတာကို မြို့နယ် ၆၀ ကျော်မှာ အကောင်ဖော်ဆောင်ရွက်နေပြီး ပိုလျံငွေနဲ့ ရန်ပုံငွေထပ်ရလို့ နောက်ထပ် ၁၃ မြို့နယ်မှာ လုပ်ငန်းထပ်မံတိုးချဲ့ဖို့ ပြည်ထောင်စုအစိုးရ က ဆုံးဖြတ်လိုက်ပါတယ်။
2020-11-24
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ရက္ခိုင့်တပ်တော် AA ရဲ့ ဗိုလ်လောင်း ရှစ်ဦး ကျဆုံးခြင်း ၆ နှစ်ပြည့် အောက်မေ့ဖွယ်အခမ်းနား ပြုလုပ်ရာမှာ ပူးပေါင်းပါဝင်ခဲ့တဲ့ ဦးအစံမောင် ဆိုသူကို အာဏာပိုင်တို့က သဘာ၀ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၅ နဲ့ ဖမ်းဆီး အမှုဖွင့်ထားကြောင်း ဒေသခံတွေက RFA ကို ဒီကနေ့ ပြောပါတယ်။
2020-11-23
မြန်မာပြည်မှာ ကိုဗစ် ၁၉ ကူးစက်မှု ဆက်လက်မြင့်မားနေပြီး လူထုအနေနဲ့ ညွှန်ကြားချက်တွေကို တိတိကျကျ မလိုက်နာရင် ပိုမိုဆိုးဝါးလာနိုင်တယ်လို့ ကျန်းမာရေးပညာရှင်တွေက သတိပေးလိုက်ပါတယ်။
2020-11-23
ကျောက်မဲမြို့နယ်အတွင်း နှစ်စဉ်လုပ်ကြံခံရလို့ သေဆုံးမှုတွေထဲမှာ ဦးထိုက်ဇော်ဖြစ်စဉ်ဟာ နောက်ဆုံး ဖြစ်စေချင်တယ်လို့ ဇနီးဖြစ်သူက ပြောပါတယ်။ ဒေသအတွင်း လှုပ်ရှားနေတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တချို့ကလည်း ဦးထိုက်ဇော်လုပ်ကြံခံရမှုကို ရှုတ်ချကြောင်းပြောဆိုထားကြပါတယ်။
2020-11-23
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်က ပေါက်စီမုန့်တိုက်မှာ အလုပ်လုပ်နေကြတဲ့ ကလေးတွေကို အလုပ်ရှင်က ညှဉ်းပန်းနှိပ်စက်နေကြောင်း စွပ်စွဲချက်ကို လူမှုကွန်ရက် စာမျက်နှာတွေကတဆင့် ကြားသိရလို့ စုံစမ်းစစ်ဆေးနေတယ်လို့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။
2020-11-23
ဒီပမာဏဟာ ပြီးခဲ့တဲ့ ၂၀၁၈၊ ၂၀၁၉ ခုနှစ်တွေနဲ့ နှိုင်းယှဉ်ရင် ကလေးသူငယ်တွေ သေဆုံး၊ ထိခိုက်ဒဏ်ရာရနှုန်း ကြောက်ခမန်းလိလိ တိုးလာနေတာကြောင့် အလွန်စိုးရိမ်တယ်လို့ ဒီကနေ့ထုတ်ပြန်တဲ့ မြန်မာနိုင်ငံဆိုင်ရာ UNICEF အဖွဲ့ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
2020-11-23
ကျောက်မဲမြို့နယ်အတွင်း နှစ်စဉ်လုပ်ကြံခံရလို့ သေဆုံးမှုတွေထဲမှာ ဦးထိုက်ဇော် ဖြစ်စဉ်ဟာ နောက်ဆုံးဖြစ်စေချင်တယ်လို့ ဇနီးဖြစ်သူက ပြောပါတယ်။ ဒေသအတွင်းလှုပ်ရှားနေတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တချို့ကလည်း ဦးထိုက်ဇော် လုပ်ကြံခံရမှုကို ရှုတ်ချကြောင်း ပြောဆိုထားကြပါတယ်။
2020-11-23
ငြိမ်းချမ်းစွာဆန္ဒပြကြတဲ့ ကျောင်းသားတွေ၊ တက်ကြွလှုပ်ရှားသူတွေအပေါ် မြန်မာအာဏာပိုင်တွေက တရားစွဲထားတာတွေကို ပြန်ရုပ်သိမ်းပြီး ချက်ချင်းပြန်လွှတ်ဖို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ HRW အပါအဝင် ပြည်တွင်းပြည်ပက လူ့အခွင့်အရေးအဖွဲ့ ၁ဝ ဖွဲ့က ဒီကနေ့ နိုဝင်ဘာ ၂၃ ရက်နေ့မှာ ပူးတွဲတောင်းဆိုလိုက်ပါတယ်။
2020-11-22
ရှမ်းပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် (၁) မှာ အနိုင်ရထားတဲ့ NLD ပါတီကိုယ်စားလှယ် မနေ့ညက သေနတ်နဲ့ လုပ်ကြံသတ်ဖြတ် ခံရတာဟာ အကြမ်းဖက်လုပ်ရပ် ဖြစ်တာကြောင့် နိုင်ငံရေးပါတီတွေနဲ့ နိုင်ငံရေး လေ့လာသူတွေက ကန့်ကွက်ရှုတ်ချနေကြပါတယ်။
2020-11-21
ဒီနေ့ည ခြောက်နာရီလောက်က နေအိမ်ရှေ့မှာ ဖွင့်လှစ်ထားတဲ့ကုန်စုံဆိုင်မှာရှိနေချိန် သေနတ်သမားက လာရောက်ပစ်ခတ်ခဲ့တာကြောင့် ရင်ဘတ်ကို သေနတ်ကျဉ်ဆံထိမှန်ပြီး သေဆုံးသွားတာလို့ ဒေသခံတွေက RFA ကိုပြောပါတယ်။
2020-11-21
ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ကူးစက်နှုန်းမြင့်တက်လာနိုင်တဲ့ အခြေအနေရှိတာကြောင့် ပြန့်ပွားနှုန်းတဲ့နေရာတွေကို အိမ်ပြင်မထွက်ပဲနေကြဖို့ Stay At Home ကြေညာမှာဖြစ်ပြီး ကူးစက်နှုန်းလျော့ကျသွားတဲ့နေရာတွေကိုတော့ ဖြေလျော့ပေးတာတွေ လုပ်ပေးမယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း ပြောလိုက်ပါတယ်။
2020-11-21
ကယားပြည်နယ်ထဲမှာ ရွေးကောက်ပွဲအနိုင်ရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ကိုယ်စားလှယ်လောင်း တချို့က ဒေသဖွံ့ဖြိုးရေးတွေကို ဦးစားပေးဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။