သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-12-31
တရုတ်နိုင်ငံကထုတ်တဲ့ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ၂၀၂၁ ခုနှစ် နှစ်ဆန်းပိုင်းမှာ မြန်မာနိုင်ငံကို ရောက်ရှိမှာဖြစ်ပြီး နှစ်နိုင်ငံကြားဆွေးနွေးမှုတွေလည်း ဆက်လုပ်ဆောင်နေတယ်လို့ တရုတ်နိုင်ငံ၊ ပေကျင်းမြို့ မြန်မာသံရုံးက သတင်းထုတ်ပြန်ပါတယ်။
2020-12-31
ကရင်ပြည်နယ် ဖာပွန်ခရိုင်ထဲက မဲဝိုင်ဒေသမှာ တပ်မတော်နဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၅ တို့ တိုက်ပွဲဖြစ်ပွားမှုနဲ့ သထုံခရိုင် KNU တပ်မဟာ ၁ ဘက်က BGF က စစ်အင်အား လာရောက်ဖြည့်တင်းလာတဲ့အတွက် စစ်ရေးတင်းမာနေကြပါတယ်။
2020-12-31
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေရပ်ထားခဲ့ပေမယ့် ဒီဇင်ဘာ ၃၁ ရက်ရောက်တဲ့အထိ နောက်ဆက်တွဲ ရွေးကောက်ပွဲတွေ မလုပ်နိုင်တာဟာ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ အစိုးရဘက်က ကျင်းပလိုစိတ် မရှိတာကြောင့် ဖြစ်တယ်လို့ ရက္ခိုင့်တပ်တော်ပြောခွင့်ရ ခိုင်သုခက ပြောလိုက်ပါတယ်။
2020-12-30
ရွေးကောက်ပွဲအနိုင်ရ NLD ပါတီက ကိုယ်စားလှယ်အဖွဲ့ဟာ တိုင်းရင်းသားပါတီတွေနဲ့ ပထမဆုံးအကြိမ်အဖြစ် ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ မနက်ဖြန် ဇန်နဝါရီလ ၁ ရက်နေ့ မနက် ၉ နာရီ တွေ့ဆုံမယ်လို့ သိရပါတယ်။
2020-12-30
တရုတ်နိုင်ငံ ဝူဟန်မြို့မှာ ဗိုင်းရပ်စ်တစ်မျိုး ဖြစ်ပွားနေပြီလို့ တရားဝင်ကြေညာတာ ဒီနေ့ တစ်နှစ် ပြည့်မြောက်သွားပါပြီ၊ ဒီနှစ် ဇန်နဝါရီ ၁၁ ရက်မှာ တရုတ်နိုင်ငံသား တစ်ယောက် ပထမဆုံးသေဆုံးရတဲ့ ကိုရိုနာဗိုင်းရပ်စ်ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့က covid-19 လို့ နာမည်ပေးခဲ့ပြီး မတ်လမှာ ကပ်ရောဂါအဖြစ် ကြေညာပါတယ်။
2020-12-30
ထိုင်းနိုင်ငံအလုပ်လုပ်ကိုင်နေတဲ့ မြန်မာ အပါအဝင် လာအို၊ ကမ္ဘောဒီယား နိုင်ငံတွေက ရွှေ့ပြောင်းလုပ်သားတွေကို ၂ နှစ်သက်တမ်းရှိတဲ့ ယာယီနေထိုင်ခွင့် ပန်းရောင်ကတ် လုပ်ပေးတော့မယ်လို့ ထိုင်း အစိုးရက ကြေညာလိုက်ပါတယ်။
2020-12-30
ကရင်ပြည်နယ် ဖာပွန်ခရိုင်အတွင်း တစ်ကျော့ပြန်ဖြစ်နေတဲ့ မြန်မာ့တပ်မတော်နဲ့ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNU/KNLA) တို့ကြား တိုက်ပွဲတွေကို လက်ရှိအာဏာရ NLD အစိုးရက တာဝန်ယူဖြေရှင်းပေးဖို့ ကရင်လူငယ်ကွန်ရက် (Karen Youth Network) က ဒီကနေ့ တိုက်တွန်းလိုက်ပါတယ်။
2020-12-30
တပ်မတော်က စွပ်စွဲပြောဆိုနေတဲ့ မဲသမာမှုဖြစ်စဉ်တွေဟာ နိုဝင်ဘာလ ၈ ရက်နေ့က မဲပေးတဲ့ နောက်ဆုံးမဲစာရင်းတွေကို အခြေခံ စိစစ်ထားတာ မဟုတ်ဘဲ အစောပိုင်းက ထုတ်ပြန်ထားတဲ့ စာရင်းတွေကို အခြေခံထားတာလို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC) က ဒီကနေ့ ကြေညာချက် ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။
2020-12-30
ရခိုင်မှာ ရွေးကောက်ပွဲ မကျင်းပနိုင်သေးတဲ့အတွက် ဒီဇင်ဘာလ နောက်ပိုင်းမှာ တိုက်ပွဲတွေပြန်ဖြစ်မလားဆိုပြီး ဒေသခံတွေက စိုးရိမ်ပူပန်မှုတွေ ရှိနေပေမယ့် တပ်မတော်ဘက်က စစ်အင်အား ပြင်ဆင်ဖြည့်တင်းမှု မရှိဘဲ ရက္ခိုင့်တပ်တော် (AA) နဲ့ တိုက်ပွဲတွေမရှိအောင် ညှိနှိုင်းဆောင်ရွက်နေတယ်လို့ တပ်မတော်ဘက်က ပြောပါတယ်။
2020-12-30
ဧရာဝတီတိုင်းထဲမှာ အကျဉ်းသားနဲ့ အချုပ်သား ၈၂၅ ဦးကို ကိုရိုနာဗိုင်းရပ်စ်ပိုး ရှိ၊ မရှိ စစ်ဆေးခဲ့ရာမှာ အကျဉ်းသားနဲ့ အချုပ်သား ၁၃၇ ဦးမှာ ကိုရိုနာဗိုင်းရပ်စ် ပိုးတွေ့ရှိခဲ့တယ်လို့ ဧရာဝတီတိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိုင်းဦးစီးမှူး ဒေါက်တာသီဟအောင် က ပြောပါတယ်။
2020-12-30
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအားလုံး ဆေးရုံတက်ကုသစေတဲ့ ပုံစံမျိုးမဟုတ်ဘဲ တကယ်လိုအပ်မှ ဆေးရုံတက်စေဖို့ ပုံစံပြောင်းဆောင်ရွက်မယ်ဆိုပြီး ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက် စာမျက်နှာတွေမှာ ပျံ့နှံ့နေတာဟာ ဝန်ကြီးဌာနရဲ့ သဘောထားမဟုတ်ဘူးလို့ ကျန်းမာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
2020-12-30
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် တင်းမကျေးရွာက ရွာသား ၁၈ ဦးကို တပ်မ (၅၅) လက်အောက်ခံ တပ်မတော်စစ်ကြောင်းတစ်ခုက ပြီးခဲ့တဲ့ ၉ လကျော်က ဖမ်းဆီးသွားတဲ့ကိစ္စနဲ့ ပတ်သက်ပြီး မိသားစုဝင်တွေနဲ့ မျက်မြင်သက်သေတွေကို မြောက်ဦးခရိုင်ရဲတပ်ဖွဲ့က မနေ့က ခေါ်ယူစစ်ဆေးခဲ့ပါတယ်။
2020-12-30
ကပ်ရောဂါစတင်ပြန့်ပွားခဲ့တဲ့ ဧပြီလကစပြီး မန္တလေးမြို့ စည်ပင်သာယာ နယ်နမိတ် အတွင်း နှာခေါင်းစည်းမတပ်တဲ့ ဈေးသည်၊ ဈေးဝယ်တွေကို ဒဏ်ရိုက်ခဲ့တာ ငွေကျပ် သိန်းတစ်ရာနီးပါး ရရှိထားတယ်လို့ မန္တလေးစည်ပင်ဌာနက ပြောပါတယ်။
2020-12-29
အမေရိကန်ပြည်ထောင်စု နိုင်ငံတကာဘာသာရေး လွတ်လပ်ခွင့်ဆိုင်ရာကော်မရှင် (USCIRF) က ဘင်္ဂလားဒေ့ရှ် အစိုးရအနေနဲ့ ရိုဟင်ဂျာတွေကို လုံခြုံစိတ်ချမှု မရှိတဲ့ ဘာဆန်ချာကျွန်းကို အဓမ္မ ပို့ဆောင်ခြင်း မပြုပါနဲ့လို့ တိုက်တွန်းထားတဲ့ ကြေညာချက်တစောင်ကို ဒီဇင်ဘာလ ၂၈ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။
2020-12-29
မြန်မာရွှေ့ပြောင်းလုပ်သား တစ်သိန်းကျော် နေထိုင်နေတဲ့ ထိုင်းမြန်မာနယ်စပ် တာ့ခ်ခရိုင် မဲဆောက်မြို့ကို ကိုဗစ်- ၁၉ ကပ်ရောဂါ ကူးစက်ပျံ့နှံ့မှု အခြေအနေ လိုအပ်ချက်အရ ဒီဇင်ဘာလ ၂၉ ရက်နေ့ကနေ စပြီး တပတ်ကြာ အဝင်အထွက်ပိတ်ပင် ကန့်သတ်လိုက်ပါတယ်။