သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-12-01
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ကချင်နှစ်ခြင်း အသင်းတော် KBC ဥက္ကဋ္ဌ ဒေါက်တာ ခလမ်ဆမ်ဆွန်ဦးဆောင်တဲ့ အဖွဲ့နဲ့ ဒီကနေ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာတွေ့ဆုံခဲ့ပြီး မြစ်ဆုံစီမံကိန်းအပါအဝင် ကိုဗစ်ရောဂါကူးစက်မှု၊ ငြိမ်းချမ်းရေးနဲ့ ဒုက္ခသည် နေရပ်ပြန်လည်အခြေချရေးကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ KBC ဥက္ကဋ္ဌက RFA ကို ပြောပါတယ်။
2020-12-01
နိုင်ငံတော် သမ္မတက အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်ကို မိမိသဘော ဆန္ဒအလျောက် ရာထူးကနေ နုတ်ထွက်ခွင့် ဒီနေ့ခွင့်ပြုလိုက်တယ်လို့ ကော်မရှင်ပြောရေးဆိုခွင့်ရှိသူ ဦးကျော်စိုးက RFA ကို ပြောပါတယ်။
2020-12-01
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့မှာရှိတဲ့ မြန်မာအထွဋ်အထိပ် သတ္တုစက်ရုံက အလုပ်ရပ်နားထား ခံရတဲ့ အလုပ်သမား ၁၀၀ ကျော်ဟာ အလုပ်ရှင်၊ အလုပ်သမား စာချုပ်ပါ သဘောတူ ညီချက်အတိုင်း တနေ့ငွေကျပ် ၃၀၀၀ ခန့်ပုံမှန်ပေးဖို့ လိုလားကြပါတယ်။
2020-12-01
မန္တလေးခရိုင်အတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ တွေ့ရှိမှု လူတစ်ထောင်မှာ လေးယောက်နှုန်း ရှိနေကြောင်း မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က ပြောပါတယ်။
2020-12-01
ကပ်ဘေးကာလအတွင်း ကျင်းပတဲ့ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲမှာ ပြည်ထောင်စုအဆင့်နဲ့ တိုင်းနဲ့ပြည်နယ်အဆင့် လွှတ်တော်အသီးသီး အတွက် ဆန္ဒမဲပေးမှု ရာခိုင်နှုန်းဟာ ၇၁ ရာခိုင်နှုန်းကျော် ရှိခဲ့တယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က နိုဝင်ဘာ ၃၀ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။