သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-07-03
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်တောင်ပိုင်း မူစဲကမ်းပေါ်မှာရှိတဲ့ ဦးဂါကျေးရွာက အမျိုးသမီးတစ်ဦးကို ပြီးခဲ့တဲ့ဇွန်လ ၃၀ ရက်နေ့ညက တပ်မတော်သား ၃ ဦးက အဓမ္မပြုကျင့်ခဲ့တယ်လို့ ကာယကံရှင်ကပြောဆို ပေမယ့် တပ်မတော်ကတော့ ဒါဟာ တပ်မတော်အပေါ် ပြည်သူလူထုအထင်အမြင်လွဲမှားစေဖို့ လုပ်ကြံဖန်တီးမှု တရပ်သာဖြစ်တယ်လို့ တုံ့ပြန်ပါတယ်။
2020-07-03
ရခိုင်ပြည်နယ် အမ်းမြို့နယ် ဒါးလက်ချောင်းထဲက နတ်မော်ရွာထဲကို ပြီးခဲ့တဲ့ ဇွန်လ ၂၆ ရက်နေ့က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို့ နှစ်ဦးသေဆုံးပြီး သုံးဦးဒ ဏ်ရာရခဲ့တဲ့အနက် ဒဏ်ရာရတဲ့ကလေးငယ်ကို စစ်တွေဆေးရုံကို မနေ့က ပို့ဆောင်ထားရပါတယ်။
2020-07-03
ကပ်ဘေးကာလအတွင်း နိုင်ငံကြီးတချို့မှာ အိမ်တွင်းအကြမ်းဖက်မှုတွေ သာမန်အချိန်ထက် ပိုများလာနေသလို မြန်မာနိုင်ငံမှာလည်း များပြားလာတာ တွေ့ရတယ်လို့ လူမှုကူညီရေးအဖွဲ့တချို့က ပြောကြပါတယ်။
2020-07-03
ကျောက်မဲမြို့နယ်မှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA) နဲ့ တိုက်ပွဲအတွင်း တပ်မတော်စစ်ကြောင်းက ပစ်ခတ်လို့ ပါကျန်ရွာသားတစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရခဲ့ပါတယ်။
2020-07-02
ဖွဲ့စည်းပုံပြင်ဆင်ရေးဆောင်ရွက်ရင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သမ္မတဖြစ်လာနိုင်တယ်ဆိုတဲ့ NLD ပါတီ နာယက ဦးဝင်းထိန်ရဲ့ ပြောစကားဟာ ပါတီရဲ့ မူဝါဒ သဘောထားမဟုတ်ဘူးလို့ NLD ပါတီ ဒုတိယ ဥက္ကဋ္ဌ ၂ ၊ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က တုံ့ပြန်လိုက်ပါတယ်။
2020-07-02
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု ဝှေခါကျေးရွာမှာ ဇူလိုင် ၂ ရက် ဒီနေ့မနက်က မြေစာပုံ ပြိုကျတဲ့အတွက် ရေမဆေးကျောက်တူးသမား နှစ်ရာဝန်းကျင် မြေစာပုံပိပြီး အများအပြား သေဆုံးခဲ့ပါတယ်။
2020-07-01
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက် တနင်္ဂနွေနေ့မှာ လွှတ်တော်အသီးသီးအတွက် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွေ ကျင်းပမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဒီကနေ့ ကြေညာလိုက်ပါတယ်။
2020-07-01
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်တောင်ပိုင်း မူစဲကမ်းဒေသမှာ တပ်မတော်စစ်ကြောင်းတွေက AA အဖွဲ့နဲ့ ပတ်သက်ပြီး နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေတာကြောင့် နောက်ထပ်ဒေသခံ နှစ်သောင်းနီးပါးလောက်ဟာ ပြည်နယ်မြို့တော် စစ်တွေနဲ့ တခြားနီးစပ်ရာမြို့နယ်တွေကို ထွက်ပြေးလာကြရပါတယ်။
2020-07-01
မြန်မာနိုင်ငံမှာရှိတဲ့ အကျဉ်းထောင်တွေဟာ ပြစ်မှုငယ်တွေနဲ့ ရောက်ရှိလာတဲ့ လူငယ်တွေကို စာရိတ္တ ပြုပြင်ပြောင်းလဲ တဲ့နေရာ ဖြစ်ရမယ့်အစား လူဆိုးလူမိုက်ကြီးတွေဖြစ်အောင် သင်ပေးတဲ့ နေရာမျိုးဖြစ်နေတယ်လို့ နိုင်ငံရေး အကျဉ်းသားဟောင်းတွေ၊ အကျဉ်းသားဟောင်းတွေက ဝေဖန်နေကြပါတယ်။