သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-08-23
စစ်မှန်တဲ့ ဖက်ဒရယ် ဒီမိုကရေစီစနစ်ကို ထူထောင်ဖို့ ဒီမိုကရေစီ စံနှုန်းနဲ့ မကိုက်ညီတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရေး ကြိုးစားနေတာဖြစ်ပေမယ့် ရွေးကောက်ပွဲ အောင်နိုင်ရေး လုပ်တဲ့အခါ တည်ဆဲဥပဒေတွေကို လေးစားလိုက်နာဖို့ မူဝါဒချမှတ်ထားတယ်လို့ NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။
2020-08-23
ရခိုင်ပြည်နယ် သံတွဲမြို့နယ်မှာ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ လူနာ နှစ်ဦးတွေ့တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဌာနက ဒီကနေ့ မနက်မှာ ထုတ်ပြန်ထားပါတယ်။
2020-08-22
ရန်ကုန်အပါအဝင် ပြည်နယ်နဲ့ တိုင်းတွေမှာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးအတွက် ဈေးကွက်ထဲမှာ နှာခေါင်းစည်း Mask တွေ ဝယ်လိုအားမြှင့်လာလို့ ဈေးတင် ရောင်းချတာ၊ သိုလှောင်ထားတာတွေ မလုပ်ကြဖို့ မြန်မာနိုင်ငံ ကုန်သည်များနဲ့ စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် UMFCCI က မနေ့ က မေတ္တာရပ်ခံ တိုက်တွန်းထားပါတယ်။
2020-08-22
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ပြည်တွင်းကူးစက်ခံရတဲ့ ကိုရိုနာဗိုင်းရပ်စ် ပိုးတွေ့လူနာ ၄၅ဦးအထိ တိုးလာနေပါတယ်။ နောက်ထပ် ပိုးတွေ့လူနာတွေကို ကုသပေးဖို့အတွက် လည်း စီစဉ်ထားတယ်လို့ စစ်တွေဆေးရုံအုပ်ကြီး က ပြောပါတယ်။
2020-08-21
ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှိုဟာ အခြေခံဥပဒေပါ ပြဌာန်းချက်ကို ဖောက်ဖျက်တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ ပြည်နယ်လွှတ်တော်ရဲ့ စုံစမ်းစစ်ဆေးမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ သူ့ကိုစွပ်စွဲပစ်တင်တဲ့ အဆိုပြုချက်ကို လွှတ်တော်ကိုယ်စားလှယ် ငါးဦးက တင်ပြခဲ့တာပါ။ အဲဒီငါးဦးထဲက တဦးကတော့ သူ့ရဲ့ စွပ်စွဲမှုကို ပြန်ရုပ်သိမ်းတယ်လို့ RFA ကို ပြောပါတယ်။
2020-08-21
ရခိုင်ပြည်နယ် ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့လူနာဟာ သြဂုတ်လ ၁၆ ရက်ကနေ မနေ့ မနက်အထိ ၁၉ ဦးအထိရှိလာပေမယ့် အင်တာနက်အခက်အခဲကြောင့် သတင်းတွေကို အချိန်နဲ့တပြေးညီ သိခွင့် မရကြတာကြောင့် မြန်နှုန်းမြင့်အင်တာနက်ကို ပြန်ဖွင့်ပေးဖို့ ဒေသခံတွေကတောင်းဆိုနေကြပါတယ်။
2020-08-21
ရခိုင်ပြည်နယ်မှာ ကိုရိုနာဗိုင်းရပ် ကူးစက်ပြန့်ပွားမှု သိသိသာသာ များလာနေချိန်မှာ ချောင်းမြောင်းတိုက်ခိုက်တာတွေ၊ အကြမ်းဖက်တာတွေ ရပ်တန့်ဖို့ ရက္ခိုင့်တပ်တော် AA ကို နိုင်ငံတော်အတိုင်ပင်ခံရုံး ပြောခွင့်ရသူ ဦးဇော်ဌေးက သတိပေးလိုက်ပါတယ်။ AA အဖွဲ့ကတော့ တကယ်တမ်း အင်နဲ့အားနဲ့ တိုက်ခိုက်နေတာဟာ အစိုးရတပ်မတော်ဘက်ကဖြစ်တယ်လို့ တုံ့ပြန်ပြောလိုက်ပါတယ်။
2020-08-21
ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါကြောင့် အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ်ကို ပိတ်ထားတာ လေးလကျော်ရှိခဲ့ပါပြီ။ ဒါကြောင့် ဒီလေးလအတွင်း နယ်စပ် ကုန်သွယ်ရေးကရရှိတဲ့ တိုင်းပြည်ဝင်ငွေ အမေရိကန်ဒေါ်လာ သန်းလေးဆယ်နီးပါး ထိခိုက်နစ်နာနေရပါတယ်။
2020-08-21
၂၁ ရာစုပင်လုံညီလာခံ ဒီနေ့ တတိယနေ့မြောက်နေ့မှာ ဒီမိုကရေစီနဲ့ ဖက်ဒရယ် နိုင်ငံတည်ဆောက်ရေးအတွက် လမ်းညွှန်ချက်တွေပါဝင်တဲ့ ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း (၃) ကို အတည်ပြု လက်မှတ်ရေးထိုးလိုက်ပါတယ်။
2020-08-21
ရခိုင်ပြည်နယ်မှာ ပြည်တွင်းကူးစက်ခံရတဲ့ ကိုရိုဗိုင်းရပ်စ်ပိုးတွေ့လူနာ ဒီနေ့တစ်ရက်ထဲမှာ (၁၀) ဦး ထပ်တွေ့ခဲ့ပြီး တပတ်အတွင်း ပြည်တွင်းကူးစက်ခံရတဲ့ ပိုးတွေ့လူနာ (၁၉) ဦး အထိ ရှိလာပါတယ်။
2020-08-21
မြန်မာနိုင်ငံမှာ ကူးစက်နှုန်း ၁၀ ဆ မြန်တဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုး မျိုးစိတ်သစ်ကို တွေ့ရှိထားပြီး တခြားနိုင်ငံတွေလို ဒုတိယအကြိမ် ကျယ်ကျယ်ပြန့်ပြန့် ကူးစက်ပျံ့နှံ့လာနိုင်တဲ့အတွက် ကပ်ဘေးကာလ ညွှန်ကြားချက်တွေနဲ့ အညီ ဂရုစိုက် သွားလာနေထိုင်ကြဖို့ ကျန်းမာရေးဝန်ကြီးဌာနက သတိပေးလိုက်ပါတယ်။
2020-08-21
ချင်းပြည်နယ်အစိုးရအဖွဲ့ဝင်ဟောင်း ဆလိုင်းအိုက်ဇက်ခင် ဦးဆောင်တဲ့ ပြည်နယ်အဆင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ အောင်နိုင်ရေးကော်မတီကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အဖွဲ့ဝင် ဆယ်ဦးနဲ့ ဖွဲ့စည်းလိုက်ပါတယ်။
2020-08-21
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနဲ့ တခြားဝန်ကြီးတစ်ဦးကို ဒီကနေ့မနက်က ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးခဲ့တယ်လို့ ဝန်ကြီးချုပ်ရဲ့ ကိုယ်ရေးအရာရှိ ကိုပြည်စိုးထွန်းက RFA ကိုပြောပါတယ်။
2020-08-21
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ အုန်းတောကြီး မွတ်စလင် ဒုက္ခသည်စခန်းမှာ သြဂုတ်လ ၂၀ ရက်နေ့ မနေ့ ညနေပိုင်းက မီးလောင်ခဲ့ရာမှာ ၄၅ ရက်သားအရွယ် မိန်းကလေး သေဆုံးပြီး ဒုက္ခသည်လိုင်းခန်း ခုနှစ်ခန်း မီးထဲပါသွားခဲ့တယ်လို့ ရခိုင်ပြည်နယ် မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
2020-08-21
ပြီးခဲ့တဲ့နှစ်က ရန်ကုန်မြို့မှာပြုလုပ်တဲ့ ကရင်အာဇာနည့်နေ့ အခမ်းအနားကြောင့် ထောင် ၁၅ ရက် ချမှတ်ခံခဲ့ရတဲ့အပေါ် အပြစ်မရှိကြောင်းပြင်ဆင်ပေးဖို့ လျှောက်လွှဲချက်ကို ပြည်ထောင်စုတရားလွှတ်တော်ကို မနေ့က ဒေါ်နော်အုန်းလှ ကိုယ်တိုင်သွားတင်ပြပေမယ့် ပယ်ချခံလိုက်ရပါတယ်။