သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-09-30
ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မောင်တောမြို့နယ်ရှိ အင်းဒင်နဲ့ ဂူတာပြင်ကျေးရွာက မွတ်စလင်တွေကို ဖမ်းဆီးသတ်ဖြတ်ခဲ့တာကြောင့် ထောင်ချခံခဲ့ရတဲ့ တရားခံ တပ်မတော်သားတွေကို တစ်နှစ်အတွင်း လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွှတ်ပေးလိုက်တဲ့ကိစ္စလို နောင်မှာ ဖြစ်ပွား တော့မှာ မဟုတ်ဘူးလို့ ယုံကြည်ကြောင်း စက်တင်ဘာ၂၉ ရက်နေ့ကကျင်းပတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ မြန်မာအစိုးရက ပြောကြားလိုက်ပါတယ်။
2020-09-30
၂၀၂၀ ရွေးကောက်ပွဲမှာ အမတ်လောင်း အရေအတွက် ဒုတိယအများဆုံးရှိတဲ့ ညီညွတ်သော ဒီမိုကရက်တစ်ပါတီ (UDP) ရဲ့ ဥက္ကဋ္ဌ ဦးကျော်မြင့်ကို ထိန်းသိမ်းလိုက်ပြီလို့ နိုင်ငံတော် သမ္မတရုံးက ဒီနေ့ ပြောပါတယ်။
2020-09-30
နှင်းဆီပါတီဥက္ကဋ္ဌ ဦးကျော်မြင့်ကို ရဲတပ်ဖွဲ့က ပုဒ်မ ၂၂၄ နဲ့ မနေ့ညက အမှုဖွင့် ဖမ်းဆီးထားတယ်လို့ နိုင်ငံတော်သမ္မတရုံး ပြောခွင့်ရသူ ဦးဇော်ဌေးက ဒီနေ့ နေ့လယ်ပိုင်းမှာ ပြောပါတယ်။
2020-09-30
၈၈ မျိုးဆက် ကျောင်းသားတွေ တည်ထောင်ထားတဲ့ ပြည်သူ့ပါတီက နိုင်ငံပိုင် ရုပ်သံနဲ့ ရေဒီယိုကနေ ထုတ်လွှင့်မယ့် မဲဆွယ်မိန့်ခွန်းလည်း ဆင်ဆာဖြတ်တောက်ခံရတယ်လို့ ပြောပါတယ်။
2020-09-30
တီးတိန်မြို့နယ်၊ ခိုင်ကမ်းမြို့မှာ သစ်တောနယ်မြေမှာ နေထိုင်သူတွေကို ကျူးကျော်အဖြစ်သတ်မှတ်ပြီး အိမ်တွေဖယ်ရှားပေးဖို့ သစ်တောဌာနက အမိန့်စာပို့ အကြောင်းကြားထားပါတယ်။
2020-09-30
လူဦးရေ ၆ သန်းဝန်းကျင်နေထိုင်ရာ ရန်ကုန်မြို့မှာ အဓိက ဈေးကြီးတွေဖြစ်တဲ့ ဘုရင့်နောင် ကုန်စည်ဒိုင်၊ ဗဟိုစံပြငါးဈေး၊ သီရိမင်္ဂလာဈေးနဲ့ ဒညင်းကုန်းဈေးတွေမှာ ဈေးဆိုင်ခန်း အများအပြား ပိတ်သိမ်းထားပြီး ကုန်ဈေးနှုန်းလည်း အနည်းငယ်တက်နေပါတယ်။
2020-09-29
မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်တိုက်ဖျက်ရေးအတွက် အစိုးရကို ပုဂ္ဂလိက ဆေးရုံများအသင်းက ဆေးဝါးနဲ့ တခြားပစ္စည်းတွေအပြင် ကျန်းမာရေးဝန်ထမ်းတွေပါ ကူညီပံပိုးပေးနေတယ်လို့ သိရပါတယ်။
2020-09-29
မြန်မာနိုင်ငံက လူတစ်သောင်းမှာ နှစ်ယောက် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ခံ ထားရပါတယ်။ ကူးစက်မှုအများဆုံးရှိတဲ့ ရန်ကုန်မှာ ဗိုင်းရပ်စ်ရှိ/ မရှိ စစ်နိုင်ဖို့ ဆေးရုံတွေ မလုံလောက်တာကြောင့် အစိုးရနဲ့ စေတနာ့ဝန်ထမ်း ဆရာဝန်တွေ ပေါင်းဖွင့်ထားတဲ့ အဖျားဆေးခန်းတွေ ကနေ တစ်နေ့ကို သံသယလူနာ အယောက် ၄၀၀ လောက် အိမ်ပြန်လွှတ်နေရတယ်လို့ ဆရာဝန်တွေက ပြောပါတယ်။
2020-09-29
စစ်ရေးတင်းမာမှုတွေဖြစ်နေတဲ့ ရခိုင်ပြည်နယ်မှာ တပ်မတော်က ဖမ်းဆီးထားချိန် ဒေသခံတစ်ယောက် သေဆုံးမှု ထပ်မံဖြစ်ပွားခဲ့ပါတယ်။ သေဆုံးသူဟာ မြောက်ဦးမြို့က သုံးဘီးမောင်းသူ သာမန်အရပ်သားတစ်ဦး ဖြစ်တယ်လို့ မိသားစုနဲ့ ရခိုင်အမျိုးသားပါတီ (ANP) က ပြောဆိုထားပြီး၊ တပ်မတော်ကတော့ ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့ဝင်ဖြစ်တယ်လို့ စွပ်စွဲထားပါတယ်။
2020-09-29
ပြည်ထောင်စုအစိုးရက ကိုဗစ်ကာလထောက်ပံ့ငွေအဖြစ် ရုပ်ရှင်၊ သဘင်၊ ဂီတ၊ စာပေနဲ့ သတင်းမီဒီယာနယ်ပယ် ငါးခုအတွက် ကျပ်သိန်း ၁၅၀၀ ထောက်ပံ့ပေးဖို့ စီစဉ်နေပါတယ်။
2020-09-29
နေပြည်တော်က သေဆုံးလူနာဟာ၊ ပိုးမတွေ့ Negative နှစ်ကြိမ်ပြခဲ့ပြီးမှ ရုတ်တရက်သေဆုံးခဲ့တာကြောင့်၊ ပြည်သူအားလုံး ကပ်ရောဂါနဲ့ပတ်သက်ပြီး အထူးသတိထားကြဖို့ နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မြတ်ဝဏ္ဏစိုးက သတိပေးလိုက်ပါတယ်။ ဒီသေဆုံးမှုဟာ နေပြည်တော်မှာ ပထမဆုံးနဲ့ အထူးခြားဆုံးဖြစ်စဉ်လည်း ဖြစ်ပါတယ်။
2020-09-29
ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်က တိုက်ပွဲတွေ ရပ်တန့်ရေး စတေကာ လှုပ်ရှားမှုနဲ့ ဆန္ဒပြခဲ့ကြတဲ့ ဗကသများ အဖွဲ့ချုပ် အဖွဲ့ဝင်ကျောင်းသား ၁၄ ဦးကို အစိုးရက ဖမ်းဆီးထားပြီး လှုပ်ရှားမှုမှာပါဝင်တဲ့ ကျောင်းသား ၃၀ လောက်လည်း တိမ်းရှောင်နေရပါတယ်။
2020-09-29
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရမှု ရှိ၊ မရှိကို အချိန်တိုနဲ့ စစ်ဆေးနိုင်တဲ့ ( Antigen test kit ) စစ်ဆေး ရေးကိရိယာ နှစ်သိန်း မြန်မာနိုင်ငံကို ရောက်ရှိနေပြီး စက်တင်ဘာလ ၂၉ ရက် ဒီနေ့ကစလို့ မြို့နယ်၊ ခရိုင်ဆေးရုံတွေမှာ စတင်သုံးစွဲမယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။
2020-09-28
ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီနေ့ စက်တင်ဘာလ (၂၈) ရက်နေ့ ညပိုင်းအထိ ထုတ်ပြန်ကြေညာချက်အရ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးတဲ့သူ ၂၅၆ ယောက်နဲ့ ရောဂါကူးစက်ခံထားရသူ ၁၁၆၃၁ ယောက်ရှိသွားပါပြီ။
2020-09-28
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် စင်ကာပူနိုင်ငံရောက် မြန်မာနိုင်ငံသား သုံးသောင်းခွဲ လာမယ့် အောက်တိုဘာ ၁ ရက်နေ့ကနေ ၁၈ ရက်နေ့ထိ ကြိုတင်မဲပေးကြတော့မှာ ဖြစ်ပါတယ်။