သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-12-06
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့မှာ တိုက်ပွဲဖြစ်မယ်ဆိုတဲ့ သတင်းကြောင့် ဒီဇင်ဘာလ ၆ ရက် ဒီကနေ့ နေ့လယ်ပိုင်းကစပြီး ရွှေ့ပြောင်းအလုပ်သမား တစ်ထောင်ကျော်ဟာ ပြန်လည်ထွက်ခွာနေကြတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
2022-12-06
မြန်မာနိုင်ငံ စက်မှုလက်မှုနဲ့ ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (MICS-TUsf) အထွေထွေ အတွင်းရေးမှူးချုပ် ကိုသက်နှင်းအောင်ကို စစ်ကောင်စီတရားရုံးက ဒီဇင်ဘာလ ၅ ရက် မနေ့က ထောင်ဒဏ်နှစ်နှစ်နဲ့ ငွေဒဏ်ကျပ်နှစ်သောင်း ချမှတ်ခဲ့ပါတယ်။
2022-12-06
မွန်ပြည်နယ်၊ မုဒုံမြို့နယ် ဝဲကလိကျေးရွာအနီး ကမာဝက်ချောင်းဝမှာ ဒီဇင်ဘာလ ၄ ရက် မနက်ပိုင်းက စက်လှေတစ်စီးနဲ့ လိုက်ပါလာတဲ့ ရိုဟင်ဂျာ ၇၈ ဦးကို ဖမ်းဆီးစစ်ဆေးနေတယ်လို့ မွန်ပြည်နယ် စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူက RFA ကို ပြောပါတယ်။
2022-12-06
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ သပွတ္တောရွာက ရွာသား ၂၅ ဦးကို ဒီဇင်ဘာ ၄ ရက် နေ့လယ်ပိုင်းမှာ အင်အား ၈၀ နီးပါးရှိတဲ့ စစ်ကြောင်းက ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-12-06
KNU ဗဟိုရဲ့ စာရင်းတွေအရ စစ်အာဏာသိမ်းပြီးနောက် KNU ထိန်းချုပ်နယ်မြေမှာ စစ်ကောင်စီတပ်နဲ့ KNU လက်အောက်ခံ လက်နက်ကိုင်တပ်တွေအကြား ပစ်ခတ်တိုက်ခိုက်မှုပေါင်း ၇၀၀၀ ကျော် ဖြစ်ပွားခဲ့ပါတယ်။
2022-12-05
စစ်ဆေးမေးမြန်းချက်အရ မူဆိုရွာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုမှာ တပ်မ(၆၆) လက်အောက်ခံ ခမရ (၁၀၈) တပ်ရင်းက ပါဝင်ခဲ့တာလို့ KNDF ကပြောပါတယ်။
2022-12-05
ကုလသမဂ္ဂဟာ ရုရှားနိုင်ငံဘက်က ဆန့်ကျင်ကန့်ကွက်မှုတွေ လုပ်လာမှာကို စိုးရိမ်တဲ့အတွက် ကုလသမဂ္ဂဆိုင်ရာ မြန်မာကိုယ်စားလှယ် အဆုံးအဖြတ်ပေးရေးကိစ္စကိုထပ်ရွေ့ဆိုင်းလိုက်တယ်လို့ Al Jazerra သတင်းဌာနက ရေးသားဖော်ပြပါတယ်။
2022-12-05
ဒီဇင်ဘာလ ၄ ရက်နေ့က မန္တလေးလေဆိပ်မှာ ဖမ်းဆီးခံရပြီးနောက် ပြန်လွတ်လာပြီး မြစ်ကြီးနားမြို့ကို ပြန်လာတဲ့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ဥက္ကဋ္ဌဟောင်း ဒေါက်တာခလမ်ဆမ်ဆွန်ကို စစ်ကောင်စီက မြစ်ကြီးနားလေဆိပ်မှာ ပြန်ပြီးဖမ်းဆီးလိုက်တယ်လို့ ဒေါက်တာခလမ်ဆမ်ဆွန်နဲ့ နီးစပ်သူတွေက RFA ကိုပြောပါတယ်။
2022-12-05
မကွေးတိုင်း၊ ရေစကြို့မြို့ အမှတ်(၁) ထင်းတန်းရပ်ကွက်မှာရှိတဲ့ စစ်ကောင်စီနဲ့ ပျူစောထီးတွေ တပ်ဆွဲထားတဲ့နေရာကို ဒီဇင်ဘာလ ၄ ရက် မနေ့က PDF ပူးပေါင်းအဖွဲ့တွေ လာရောက်တိုက်ခိုက်လို့ နှစ်ဖက်တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်ကအရာရှိတွေ အပါအဝင် ၃၀ ကျော် သေဆုံးတယ်လို့ PDF အဖွဲ့တွေက ပြောပါတယ်။
2022-12-05
စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့အကြား လေးလကျော်ကြာတဲ့ တစ်ကျော့ပြန်တိုက်ပွဲအတွင်း လက်နက်ကြီး၊ လက်နက်ငယ်၊ မြေမြှုပ်မိုင်းနဲ့ စစ်ကျန်လက်နက်ပစ္စည်းတွေကြောင့် အရပ်သား ၄၅ ဦး သေဆုံးပြီး ၁၀၆ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
2022-12-05
မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် ဦးဝင်းဌေးဟာ မနေ့က ဖမ်းဆီးခံခဲ့ရပြီး ဒီဇင်ဘာလ ၅ ရက်၊ ဒီနေ့မှာ သေဆုံးလျက် ပြန်တွေ့ခဲ့တယ်လို့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။
2022-12-05
စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်က ကျေးရွာခြောက်ရွာကို ဒီဇင်ဘာလ ၄ ရက်ကစပြီး စစ်ကောင်စီတပ်တွေ ဝင်ရောက်စီးနင်းနေလို့ အရပ်သား တစ်ထောင်ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-12-05
ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ ဘားလားအုပ်စု ငွေနံ့သာကျေးရွာ အမှတ် ၇ ကားလမ်းမဘေး အမှိုက်ပုံမှာ ရိုဟင်ဂျာ ၁၃ ဦးရဲ့ ရုပ်အလောင်းတွေကို ဒီဇင်ဘာလ ၅ ရက် ဒီမနက် ၃ နာရီ ဝန်းကျင်မှာ တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-12-05
စစ်ကောင်စီတပ်သားတွေရဲ့ ဝင်ရောက်စီးနင်းမှုတွေကြောင့် ဒေသခံ ၅၀၀၀ နီးပါးလည်း အိုးအိမ်စွန့်ခွာထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-12-05
ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ဥက္ကဋ္ဌဟောင်း လက်ရှိ ကချင်အမျိုးသားများအတိုင်ပင်ခံအဖွဲ့ (WNR) ဥက္ကဋ္ဌ ဒေါက်တာ ခလမ်ဆမ်ဆွန်ဟာ ထိုင်းနိုင်ငံကို ဆေးကုဖို့အသွား ဒီဇင်ဘာ ၄ ရက် မနေ့ညနေပိုင်းက မန္တလေးလေဆိပ်မှာ အဖမ်းခံလိုက်ပါတယ်။