သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-12-04
"အစစ အရာရာ အဆင်ပြေပါစေ သူတော်ကောင်းနဲ့ တွေ့ပါစေ" လို့ ဖိုးချစ်အဖမ်းခံရတဲ့နေ့မှာ အစ်ကိုဖြစ်သူက အွန်လိုင်းမှာ ရေးထားတာတွေ့ရပါတယ်။
2022-12-04
အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို ဆန့်ကျင်ပြီး လက်နက်ကိုင်ပြန်ခုခံတော်လှန်နေတယ်ဆိုတဲ့ သံသယနဲ့ အရပ်သားတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်နေတယ်လို့ ဖော်ပြပါရှိပါတယ်။
2022-12-04
သေဆုံးသူ ၃၅၅ ဦးထဲမှာ ပြည်သူ ၁၆၇ ဦးနဲ့ ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင် ၁၈၆ ဦးပါဝင်ပြီး အသက် ၁၈ နှစ်အောက် ကလေး ၂၄ ဦး၊ အသက်ခြောက်လနဲ့ ခုနစ်လသားအရွယ် နို့စို့ကလေးနှစ်ဦးလည်း ပါဝင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
2022-12-04
စစ်ကောင်စီတပ်စစ်ကြောင်း ထွက်ခွာသွားပြီးနောက် သတ်ဖြတ်မီးရှို့ခံထားရတဲ့ အမျိုးသား အလောင်းနှစ်လောင်းနဲ့ အမျိုးသမီးတစ်လောင်း စုစုပေါင်းသုံးလောင်း တွေ့ခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ဒီနေ့ပြောပါတယ်။
2022-12-04
ဒီဇင်ဘာ ၃ ရက် နေ့လယ်တစ်နာရီခန့်က နတ်မဟုတ်ကြီးရွာအနီး လယ်ကွင်းထဲမှာ စပါးကောက်လှိုင်းစီးနေတဲ့ ကလေးငယ်လေးဦးနဲ့ အမျိုးသမီးတစ်ဦး အင်းတော်ရဲစခန်းက ပစ်လိုက်တဲ့ လက်နက်ကြီးကျည် ထိမှန်ခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အင်းတော်ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
2022-12-04
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် ညောင်လှရွာကို မနေ့က စစ်ကောင်စီတပ်သားတွေ ဝင်ရောက်လာပြီး ဒုတိယအကြိမ် မီးရှို့ခဲ့လို့ အိမ်ခြေ ၅၄ လုံးနဲ့ ဘုန်းကြီးကျောင်းဆောင်နှစ်ခု မီးလောင်ပျက်စီးခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
2022-12-04
ရခိုင်ပြည်မှာ ပြီးခဲ့တဲ့ ဇူလိုင်လကစလို့ တစ်ကျော့ပြန်တိုက်ပွဲတွေဖြစ်ခဲ့ပြီး နိုဝင်ဘာလအတွင်း ဒေသခံတွေ ထိခိုက်သေဆုံးမှု များလာသလို ဒေသခံတစ်သောင်းနီးပါး နေရပ်စွန့်ခွာထွက်ပြေးခဲ့ရတာကြောင့် နှစ်ဖက် အပစ်ရပ်စဲလိုက်တာပါ။
2022-12-04
စစ်ကိုင်းတိုင်း၊ တမူးမြို့က အမျိုးသမီးတစ်ဦးကို ဒေသကာကွယ်ရေးတပ်ဖွဲ့တစ်ခုက လမ်းမပေါ်မှာ တရားလက်မဲ့ သတ်ဖြတ်ခဲ့တဲ့ဖြစ်ရပ်ကို အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ လက်ခံမှာမဟုတ်သလို စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပြီလို့ NUG ရဲ့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က RFA ကိုပြောပါတယ်။
2022-12-03
နိုင်ငံရေးလှုပ်ရှားမှုတွေကြောင့် တနင်္သာရီတိုင်း၊ ထားဝယ်အကျဉ်းထောင်မှာ နှစ်ရှည်ထောင်ဒဏ်ကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသား ကိုရာဇာထွန်းကို ထားဝယ်ခရိုင်တရားရုံးက ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁ ရက်နေ့မှာ နောက်ထပ် ထောင်ခုနစ်နှစ် ထပ်ချလိုက်တယ်လို့ ထားဝယ်ဒေသခံတွေက ပြောပါတယ်။
2022-12-03
တရုတ်နိုင်ငံသားပိုင် Myanmar All Rich Garment Co., Ltd. အထည်ချုပ်စက်ရုံဟာ အခု ဒီဇင်ဘာလ ၂၅ ရက်ကစပြီး နှစ်လယာယီပိတ်သိမ်းမယ့်အကြောင်း အလုပ်သမားတွေကို ဒီဇင်ဘာ ၁ ရက်မှာ အသိပေးခဲ့တယ်လို့ ပုသိမ်မြို့ခံတွေက RFA ကို ပြောပါတယ်။
2022-12-03
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ တက်မရေနံမြေ (တက်မမှော်) အတွင်းမှာ စဉ့်ကူနယ်မြေ ရဲစခန်းမှူးနဲ့ ရဲတပ်သားလေးဦးကို ပခုက္ကူ မြို့ပြပြောက်ကျားအဖွဲ့တစ်ခုက ရှင်းလင်းလိုက်တယ်လို့ ညောင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ညောင်ဦး-ပကဖ)ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
2022-12-03
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ နိုဝင်ဘာလ ၃၀ ရက်နေ့ကနေ ဒီဇင်ဘာလ ၁ ရက်နေ့အတွင်း ထန်းဇင်၊ ဆားထုံး၊ လက်ပံကျွန်း၊ တောကျောင်းစတဲ့ ရွာလေးရွာ မီးရှို့ခံရပြီး အသက် ၈၀ အရွယ် အဘွားအိုနှစ်ဦး သတ်ဖြတ်ခံခဲ့ရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ဒီနေ့ ပြောပါတယ်။
2022-12-03
စစ်ကိုင်းတိုင်း ရွှေဘို-ဒီပဲယင်း-ရေဦးမြို့နယ်အစပ်မှာရှိတဲ့ ရွာပေါင်း ၁၅ ရွာခန့်ကို နိုဝင်ဘာလကုန်ပိုင်းကစပြီး စစ်ကောင်စီတပ်သားတွေ စစ်ကြောင်းထိုးဝင်ရောက် မီးရှို့နေတာကြောင့် ထွက်ပြေးနေရသူ တစ်သောင်းခွဲခန့် ရှိပြီလို့ ဒေသခံတွေနဲ့ ကူညီပေးနေသူတွေက ပြောပါတယ်။
2022-12-02
စစ်ကောင်စီရဲ့ တရားရုံးတွေဟာ လွတ်လပ်မှုမရှိတဲ့အပြင် တရားမျှတတဲ့ ကြားနာစစ်ဆေးမှု အခြေခံလိုအပ်ချက်တွေကိုလည်း မလိုက်နာဘူးလို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Volker Türk ကထောက်ပြပါတယ်။
2022-12-02
စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို တာဝန်ခံမှုရှိလာအောင်လုပ်ဖို့ နိုင်ငံတကာအသိုင်းအဝိုင်းမှာ တာဝန်ရှိတယ်လို့ ဒီကနေ့ ကုလသမဂ္ဂရဲ့ ထုတ်ပြန်ကြေညာချက်မှာ တိုက်တွန်းထားပါတယ်။