သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-12-02
နိုင်ငံတွင်း လက်ရှိပစ်ခတ်တိုက်ခိုက်မှု၊ မီးရှို့မှုတွေနဲ့ ပတ်သက်ပြီး RFA က ဆက်သွယ်မေးမြန်းရာမှာ ကာဒီနယ်ချားလ်စ်မောင်ဘိုက… စစ်ပွဲနဲ့ ဘယ်တော့မှ အဖြေရနိုင်မှာ မဟုတ်ကြောင်း ဒီဇင်ဘာလ ၁ ရက်နေ့ ညနေပိုင်းမှာ မိန့်ကြားခဲ့တာ ဖြစ်ပါတယ်။
2022-12-02
နေပြည်တော် မြို့မဈေးနဲ့ ဥတ္တရသီရိမြို့နယ် လျှစ်စစ်ရုံးတွေကို ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခံထားရတဲ့ ဖီးနစ်မြို့ပြပြောက်ကျားအဖွဲ့ဝင် ကိုခင်မောင်ရင်နဲ့ ကိုတင်ကိုငြိမ်းတို့ကို နေပြည်တော် အချုပ်ထောင်တွင်း တရားရုံးကနေ နှစ် ၄၀ ကျော် နှစ်ရှည် ထောင်ဒဏ်တွေ ချမှတ်လိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။
2022-12-02
ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် ကုန်းသာရွာနဲ့ သေးဆူလဲရွာတွေက စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ နေရာတွေကို တိုက်ခိုက်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပြန်လည်ထိန်းချုပ်ထားနိုင်ပြီလို့ ကယား (ကရင်နီ) တော်လှန်ရေးတပ်ပေါင်းစု KRU တပ်ဖွဲ့ ပြန်ကြားရေး တာဝန်ခံက RFA ကို ဒီဇင်ဘာ ၂ ရက် ဒီနေ့ ပြောပါတယ်။
2022-12-02
ရန်ကုန်မြို့ပေါ်မှာ အာဏာရှင်ဆန့်ကျင်ရေး လက်နက်ကိုင် လှုပ်ရှားနေတဲ့ မြို့ပြပြောက်ကျားအဖွဲ့ဝင် လူငယ်ကိုးဦးကို ဖမ်းဆီးခဲ့တယ်လို့ စစ်ကောင်စီက ဒီဇင်ဘာလ ၁ ရက် မနေ့က ထုတ်ပြန်ပါတယ်။
2022-12-02
၂၀၂၂ခုနှစ်၊ နိုဝင်ဘာလ တစ်လအတွင်းမှာပဲ မြန်မာနိုင်ငံတစ်ဝန်းက နေအိမ် ၄,၈၁၂ လုံးကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး စစ်ကိုင်းတိုင်းက အများဆုံးဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန လက်အောက်ခံ မီးသတ်ဦးစီးဌာနက ဒီဇင်ဘာလ ၁ရက်၊ မနေ့က သတင်းထုတ်ပြန်ပါတယ်။
2022-12-02
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ နိုဝင်ဘာ ၂၉ ရက်နေ့ကနေ ဒီဇင်ဘာလ ၂ ရက် ဒီနေ့အထိ ရွာပေါင်း ရှစ်ရွာက အိမ်ခြေ ၆၀၀ ကျော် မီးရှို့ခံရပြီး အရပ်သား ၁၀ ဦး သတ်ဖြတ်ခံရတယ်လို့ ဒေသခံတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
2022-12-02
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် နောင်းချိန်းကျေးရွာအုပ်စု အင်ဂန်းကျေးရွာက ဒီဇင်ဘာလ ၁ ရက် မနေ့ည ၁၁ နာရီအချိန်ခန့်က နေအိမ်တစ်အိမ် မီးလောင်ပြီး မောင်နှမအရင်း ကလေးခြောက်ဦးနဲ့ အဖွားတစ်ဦး၊ စုစုပေါင်း ခုနစ်ဦး သေဆုံးသွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
2022-12-02
အသက် ၁၈ နှစ်ကနေ ၂၀ အရွယ်ရှိတဲ့ ဒဂုံတက္ကသိုလ်ကျောင်းသား ခုနစ်ဦး အပါအဝင် လူငယ် ၁၂ ဦးကို နိုဝင်ဘာ ၃၀ ရက်နေ့က အင်းစိန်ထောင်တွင်း စစ်ခုံရုံးကနေ ရာဇသတ်ကြီးဥပဒေ ပုဒ်မ -၃၀၂ လူသတ်မှုနဲ့ သေဒဏ်ချမှတ်လိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။
2022-12-02
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ထဲမှာ ခရစ်ယာန်ဘာသာဝင်တွေ အများဆုံး နေထိုင်ကြတဲ့ မုံလှရွာကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၃ ရက်နေ့က တိုက်ခိုက်ခံရတဲ့အပေါ် ဝမ်းနည်းကြေကွဲမိတယ်လို့ ဘုန်းတော်ကြီး ကာဒီနယ် ချားလ်စ်မောင်ဘိုက RFA ကို ပြောပါတယ်။
2022-12-01
စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ လေသာရွာဘက်မှာ နိုဝင်ဘာ ၃၀ ရက်၊ မနေ့က စစ်ကောင်စီတပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲပြီး အင်အား ရှစ်ဆယ်နီးပါးရှိတဲ့ စစ်ကြောင်းက ဒီဇင်ဘာ ၁ ရက်၊ ဒီနေ့မနက် ၆ နာရီကျော်မှာ ဝင်ရောက်စီးနင်းပြီးနောက် နေအိမ် ၄၀ ခန့် ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-12-01
ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန်မှာရှိတဲ့ Yangon Fukuyama Apparel (YFA) အထည်ချုပ် စက်ရုံက စက်ရုံအလုပ်သမားနှစ်ရာဝန်းကျင်ဟာ နိုဝင်ဘာလ ၂၉ ရက်နေ့က အကြောင်းပြချက် မပေးဘဲ အလုပ်ထုတ်ခံထားရတယ်လို့ အလုပ်ထုတ်ခံထားရတဲ့ အလုပ်သမားတွေကိုယ်စား လိုက်လံညှိနှိုင်းပေးနေသူတွေက RFA ကို ဒီဇင်ဘာလ ၁ ရက် ဒီနေ့ ပြောပါတယ်။
2022-12-01
ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲ၊ ဖယ်ခုံမြို့နယ်နဲ့ ကယားပြည်နယ်အတွင်းမှာ စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့အထိ ၂၂ လတာကာလအတွင်း အရပ်သား ၄၀၀ သေဆုံးခဲ့တယ်လို့ တိုးတက်သောကရင်နီပြည်သူ့ အင်အားစု PKPF က ဒီဇင်ဘာလ ၁ ရက်၊ ဒီနေ့သတင်း ထုတ်ပြန်ပါတယ်။
2022-12-01
ဧရာ၀တီတိုင်း၊ ဖျာပုံအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ သတင်းထောက် ကိုမျိုးစံစိုးကို ဖျာပုံထောင်တွင်းတရားရုံးက နိုဝင်ဘာ ၃၀ ရက်၊ မနေ့က ထောင်ဒဏ် ၁၅ နှစ်ချမှတ်ပြီး ဒီဇင်ဘာလ ၁ ရက်၊ ဒီနေ့ မနက်မှာ ပုသိမ် အကျဉ်းထောင်ကို ရွှေ့ပြောင်းလိုက်တယ်လို့ ကိုမျိုးစံစိုးရဲ့ မိသားစုက RFA ကို ပြောပါတယ်။
2022-12-01
ဒဂုံတက္ကသိုလ်ကျောင်းသားခုနစ်ဦးကို နိုဝင်ဘာလ ၃၀ ရက် မနေ့က အင်းစိန်ထောင်တွင်း စစ်တရားရုံးကနေ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၀၂ ၊ ပုဒ်မခွဲ (၁) (ခ) နဲ့ သေဒဏ်ချမှတ်လိုက်တယ်လို့ မိသားစုဝင်တွေနဲ့ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂက အတည်ပြု ပြောဆိုပါတယ်။
2022-12-01
မကွေးတိုင်း၊ မကွေးမြို့ ဆေးတက္ကသိုလ်က ကျောင်းသားခေါင်းဆောင် ကိုကောင်းဆက်နိုင်ကို ကရင်ပြည်နယ် မြဝတီခရိုင်တရားရုံးက နိုဝင်ဘာ ၃၀ ရက် မနေ့က အကြမ်းဖက်မှုတိုက်ဖျက်ရေး ပုဒ်မ- ၄၉ (က) နဲ့ ထောင် ၁၅ နှစ် အမိန့်ချလိုက်တယ်လို့ ကိုကောင်းဆက်နိုင်ရဲ့ နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်တစ်ဦးက RFA ကို ဒီနေ့ ပြောပါတယ်။