သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-01-15
အာဏာသိမ်းပြီးနောက် စစ်ကောင်စီရဲ့ လေကြောင်းသုံး တိုက်ခိုက်မှုပါ ခံနေရတဲ့ ကယားပြည်နယ်ရဲ့ နှစ် ၇၀ ပြည့် ပြည်နယ်နေ့မှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သဝဏ်လွှာပေးပို့ပြီး ငြိမ်းချမ်းရေးဆွေးနွေးဖို့ ကမ်းလှမ်းလိုက်ပါတယ်။
2022-01-15
စစ်ဘေးဒုက္ခသည်တွေ ခိုလှုံနေရတဲ့ ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဖလူးလေးဒေသက ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော် (DKBA) တပ်စခန်းကို စစ်ကောင်စီတပ်ဘက်က မြေပြင်ကရော၊ လေကြောင်းကပါ မနေ့က ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ စစ်ကောင်စီရဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အဲဒီစခန်းမှာရှိနေတဲ့ ဒုက္ခသည်တွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ရတယ်လို့ ဆိုပါတယ်။
2022-01-15
မကွေးတိုင်း သရက်ခရိုင် ကံမမြို့နယ်ထဲက စစ်ကောင်စီကို ဆန့်ကျင်သူတချို့ တိမ်းရှောင်နေကြတဲ့ စခန်းတစ်ခုဟာ စစ်ကောင်စီတပ်တွေရဲ့ စီးနင်းတာခံရပြီး အဲဒီစခန်းကို လုံခြုံရေးယူပေးတဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်နှစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-01-15
ဖောင်ကြီးဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) သင်တန်းကျောင်းက ၄၅ ယောက်မှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရတာကို စစ်ဆေးတွေ့ရှိခဲ့တယ်လို့ စစ်ကောင်စီရဲ့ ကျန်းမာရေး ဝန်ကြီးဌာနက ဇန်နဝါရီ ၁၄ ရက် မနေ့က သတင်းထုတ်ပြန်ပါတယ်။
2022-01-14
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ကောက်ရိုးပုံရွာကို ဇန်နဝါရီ ၁၄ ရက် မနေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရောက်လာ ပြီးနောက် အိမ် ၆ လုံး မီးလောင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-01-14
မြန်မာနိုင်ငံကို နိုင်ငံတကာတရားရုံး (ICJ) မှာ လူမျိုးတုံးသတ်ဖြတ်မှုစွဲချက်နဲ့ ဂမ်ဘီယာနိုင်ငံက တရားစွဲထားတဲ့အမှုကို လာမဲ့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ ကြားနာဖို့ရှိတယ်လို့ ဂမ်ဘီယာရှေ့နေချုပ် General Dawda Jallow ကို ကိုးကားပြီး ရိုက်တာသတင်းတစ်ပုဒ်မှာ ဇန်နဝါရီ ၁၄ ရက်နေ့က ဖော်ပြထားပါတယ်။
2022-01-14
ချင်းပြည်နယ် တီးတိန်မြို့နယ် ဟိန်ဇိန်ရွာက အမျိုးသားတစ်ဦးကို ဇန်နဝါရီလ ၁၄ ရက် ဒီနေ့မှာ ကလေးမြို့ဘက်ကနေ တက်လာတဲ့ စစ်ကောင်စီတပ်သားတွေက ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-01-14
ကယားပြည်နယ်မြို့တော် လွိုင်ကော်မှာ ဇန်နဝါရီ ၁၃ ရက် မနေ့ကထိ တိုက်ပွဲ တွေဆက်ဖြစ်နေပြီး နှစ်ဖက်ပစ်ခတ်မှုအကြား အရပ်သားတစ်ဦး ကျည်ထိမှန် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-01-14
ချင်းပြည်နယ် (မြောက်ပိုင်း) တွန်းဇံမြို့နယ်နဲ့ မဏိပူရနယ်စပ် စဲနမ်ရွာ (Senam Khua) အနားမှာ မဏိပူရ (ကသည်း) သူပုန်ပူးပေါင်းတပ်ဖွဲ့တွေနဲ့ ချင်းအမျိုးသား တပ်မတော် (CNA) တို့ ဇန်ဇဝါရီလ ၁၃ ရက် မနေ့ကတိုက်ပွဲဖြစ်ခဲ့ပြီး CNA ဗိုလ်မှူး Ngun Vung သေဆုံးခဲ့တယ်လို့ CNA/F အဖွဲ့ဘက်က ပြောပါတယ်။
2022-01-14
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် တို့ကို ဇန်နဝါရီလ ၁၄ ရက် ဒီနေ့မှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ - ၅၅ နဲ့ အမှုသစ် ငါးမှု ထပ်တိုးလိုက်တယ်လို့ နေပြည်တော် အထူးတရားရုံးနဲ့ နီးစပ်သူတွေက RFA ကိုပြောပါတယ်။
2022-01-14
၂၀၂၁ ခုနှစ်ကတော့ ပြီးဆုံးသွားခဲ့ပါပြီ။ ဒါပေမဲ့ အာဏာသုံးဖိနှိပ်မှုတွေ၊ ဒီမိုကရေစီ အပေါ် ခြိမ်းခြောက်မှုတွေကတော့ ကမ္ဘာ့နေရာအများမှာ ဆက်လက်ရှင်သန်နေဆဲ ဖြစ်ပါတယ်။
2022-01-14
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၈ ရက်နေ့က ရန်ကုန်မြို့ ရတနာနှင်းဆီကွန်ဒိုအိမ်ရာမှာ အဖမ်းခံလိုက်ရတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) လွှတ်တော်ကိုယ်စား လှယ် ဦးဖြိုးဇေယျာသော်ရဲ့ ထွက်ဆိုချက် ရုပ်သံဖိုင်တစ်ခုကို ဒီနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်ကောင်စီရဲ့ သတင်းစာရှင်းလင်းပွဲမှာ ထုတ်ပြခဲ့ပါတယ်။
2022-01-14
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အတွင်းက ညောင်လှ၊ ယဉ်ကျေးနဲ့ နများရွာတွေကို ဇန်နဝါရီလ ၁၄ ရက် ဒီနေ့မှာ စစ်ကောင်စီတပ်ဘက်က ရဟတ်ယာဉ်သုံးစီးနဲ့ ပစ်ခတ်သွားတာကြောင့် အနီးအနားရွာတွေအပါအဝင် ရွာပေါင်း ၁၄ ရွာက ဒေသခံ ၁၀၀၀၀ ဝန်းကျင် ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေကပြောပါတယ်။
2022-01-14
မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်၊ ညောင်ကွဲရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ဇန်နဝါရီလ ၁၃ ရက် မနေ့က ဗုံးနဲ့ အပစ်ခံရပြီးနောက် စစ်ကောင်စီတပ်သားတွေက ပတ်ဝန်းကျင်ကို သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် အနီးအနားမှာရှိတဲ့ ၁၅ နှစ်အရွယ် မသန္တာလှိုင် ကျည်ဆန်ထိမှန် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-01-14
မန္တလေးတိုင်း၊ တံတားဦးမြို့နယ်မှာရှိတဲ့ စစ်ကောင်စီရဲ့ လေကြောင်းကာကွယ်ရေး တပ်ရင်းက စစ်သားတစ်ဦး ဇန်နဝါရီလ ၁၃ ရက် မနေ့က အရပ်ဝတ်နဲ့ ပြန်လာချိန်မှာ ပစ်သတ်ခံရတယ်လို့ တံတားဦးမြို့ခံတွေက ပြောပါတယ်။