သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-01-14
ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့နယ်နဲ့ သီပေါမြို့နယ်ကြားက နောင်အန်၊ ကျင်သီ စတဲ့ ရွာတွေအနားတစ်ဝိုက်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အချင်းချင်း နေ့စဉ်တိုက်ပွဲတွေ ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-01-14
ချင်းပြည်နယ်၊ ဖလမ်းမြို့မှာ တာ၀န်ကျနေတဲ့ စစ်ကောင်စီတပ်သား ဇင်လင်းအောင် ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) နဲ့ ချင်း အမျိုးသားအဖွဲ့ချုပ် (CNO) ပူးပေါင်းအဖွဲ့ထံ လက်နက်အပြည့်အစုံနဲ့ လာရောက် ပူပေါင်းခဲ့တယ်လို့ အဲဒီအဖွဲ့တွေက ပြောပါတယ်။
2022-01-14
စစ်ကိုင်းတိုင်း ရေဦးမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ မင်းသိန်းရဲ့ နေအိမ်အပါအဝင် နေအိမ် သုံးလုံးကို စစ်ကောင်စီက ဇန်နဝါရီလ ၁၃ ရက် မနေ့ညနေပိုင်း လာရောက် ချိတ်ပိတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-01-13
မြန်မာနိုင်ငံက သဘာဝဓာတ်ငွေ့ဝင်ငွေကို ပိတ်ဆို့အရေးယူပေးဖို့ ကမ္ဘာတစ်ဝန်းက နိုင်ငံပေါင်း ၁၇ နိုင်ငံမှာရှိတဲ့ ကရင်အဖွဲ့အစည်း ၆၇ ခုက အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်တို့ကို အိတ်ဖွင့်ပေးစာ ပေးပို့တောင်းဆိုလိုက်ပါတယ်။
2022-01-13
ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် မြန်မာပြည်ကို သွားရောက်ခဲ့ပြီးနောက် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Noeleen Heyzer က အာဆီယံအဖွဲ့ဝင် နိုင်ငံတွေအနေနဲ့ စစ်တပ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံအတွင်းက အကျပ်အတည်းတွေ ပိုပြီးတိုးမလာအောင် နိုင်ငံတကာအသိုင်းအဝိုင်းက ကြိုးပမ်းနေတာတွေကို ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ဖို့ တိုက်တွန်းလိုက်ပါတယ်။
2022-01-13
ချင်းပြည်နယ် တီးတိန်မြို့ ထေးဇန်အုပ်စု နာတန့် (Na tang) ရွာမှာ ဇန်နဝါရီလ ၁၂ ရက်မနေ့ကနေ ၁၃ ရက် ဒီကနေ့အထိ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF zoland)၊ CDM Siyin ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေတာကြောင့် ဒေသခံ ၅၀၀ နီးပါး ထွက်ပြေးနေရတယ် လို့ ဒေသခံတွေက RFA ကိုပြောပါတယ်။
2022-01-13
ဇန်နဝါရီ ၈ ရက်နေ့ကတည်းက မြို့ပြတိုက်ပွဲတွေ စတင်လာတဲ့ ကယားပြည်နယ် မြို့တော် လွိုင်ကော်မှာ ဇန်နဝါရီ ၁၂ ရက် မနေ့ကထိ နှစ်ဖက်တိုက်ပွဲတွေ ပြင်း ထန်နေတာကြောင့် လူဦးရေ ငါးသောင်းကျော် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-01-13
ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က) နဲ့ ဖမ်းဆီးတရားစွဲဆိုခံထားရတဲ့ မဇ္ဈိမ သတင်း ဌာနရဲ့ နေပြည်တော် အခြေစိုက် သတင်းအယ်ဒီတာ ကိုသန်းထိုက်အောင် အမှု အတွက် တရားလိုပြသက်သေကို ဇန်နဝါရီလ ၁၃ ရက် ဒီကနေ့မှာ စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။
2022-01-13
ဖေဖော်ဝါရီ ၁ ရက်က အာဏာသိမ်းလိုက်တဲ့ စစ်ကောင်စီဟာ crime against humanity လူသားမျိုးနွယ်ပေါ် ရာဇဝတ်မှုကျူးလွန်နေတယ်လို့ HRW လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က ဒီနေ့ ပြောကြားလိုက်ပါတယ်။
2022-01-13
စစ်တပ်က အာဏာသိမ်းပြီးကတည်းက စျေးကွက်မတည်ငြိမ်မှုအပြင် စံချိန်တင် မြင့်တက်မှုတွေအထိဖြစ်ခဲ့တဲ့ အမေရိကန်ဒေါ်လာဈေးနဲ့ ပြည်တွင်းရွှေဈေးဟာ ဇန်နဝါရီ ပထမပတ်အထိ တည်ငြိမ်နေရာကနေ ဒီရက်ပိုင်းအတွင်း အနည်းငယ် ပြန်တက်လာပါတယ်။
2022-01-13
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အစိုးရလက်ထက်က စီးပွားရေး အကြံပေးအဖြစ် တာဝန်ယူခဲ့တဲ့ ဩစတြေးလျနိုင်ငံသား မစ္စတာ ရှောင်တားနဲလ် ကို စွဲထားတဲ့ မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်ဥပဒေ ပုဒ်မ - ၃ (၁)(ဂ) အမှုနဲ့ ပတ်သက်လို့ ဒီနေ့မှာ တရားလိုပြသက်သေ နှစ်ဦးကို စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။
2022-01-13
စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ ဇနဗျင်းရွာကို ဇန်နဝါရီလ ၁၂ ရက် မနေ့က စစ်ကောင်စီတပ်သားတွေ ဝင်ရောက်လာပြီး ရွာသားအချို့ကို ခဏခေါ်ယူ ဖမ်းဆီးကာ အသက် ၈ နှစ်အရွယ် မောင်အောင်ကျော်ဟိန်းကို ပစ်သတ်သွား တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-01-13
ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၅ ထိန်းချုပ်နယ်မြေထဲကို ဇန်နဝါရီလ ၁၃ ရက် ဒီနေ့ မနက် အစောပိုင်း ၂ နာရီကျော်ခန့်မှာ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့ တပ်မဟာ ၅ ပြောခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒိုက RFA ကို ပြောပါတယ်။
2022-01-13
ကယားပြည်နယ်၊ လွိုင်ကော်မြို့က အကျဉ်းထောင်အနီးမှာ ဇန်နဝါရီလ ၁၂ ရက်နေ့က တိုက်ပွဲဖြစ်ပွားတာကြောင့် ထောင်စောင့်သုံးဦး ထိခိုက်ဒဏ်ရာရပြီး ဒေါဥခူရပ်ကွက်ထဲက ကက်သလစ်ဘုရားကျောင်းလည်း ထိခိုက်မှုရှိခဲ့တယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေး တပ် (KNDF-B02) ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
2022-01-13
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးခံရတဲ့ ကျောင်းသားသမဂ္ဂ အဖွဲ့ဝင် တွေနဲ့ ကျောင်းသားသမဂ္ဂခေါင်းဆောင်တွေဟာ ညှဉ်းပမ်းနှိပ်စက်မှုတွေကို ပုံစံ အမျိုးမျိုးနဲ့ ခံနေရတယ်လို့ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေက ပြောကြပါတယ်။ ဒီလို လူ့အခွင့်အရေး ချိုးဖောက်ခံနေရတဲ့ အခြေအနေတွေကို နိုင်ငံတကာက သိဖို့လိုနေတယ်လို့လည်း ဆိုပါတယ်။