သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-01-13
ဖေဖော်ဝါရီ ၁ ရက်က အာဏာသိမ်းလိုက်တဲ့ စစ်ကောင်စီဟာ crime against humanity လူသားမျိုးနွယ်ပေါ် ရာဇဝတ်မှုကျူးလွန်နေတယ်လို့ HRW လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က ဒီနေ့ ပြောကြားလိုက်ပါတယ်။
2022-01-13
စစ်တပ်က အာဏာသိမ်းပြီးကတည်းက စျေးကွက်မတည်ငြိမ်မှုအပြင် စံချိန်တင် မြင့်တက်မှုတွေအထိဖြစ်ခဲ့တဲ့ အမေရိကန်ဒေါ်လာဈေးနဲ့ ပြည်တွင်းရွှေဈေးဟာ ဇန်နဝါရီ ပထမပတ်အထိ တည်ငြိမ်နေရာကနေ ဒီရက်ပိုင်းအတွင်း အနည်းငယ် ပြန်တက်လာပါတယ်။
2022-01-13
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အစိုးရလက်ထက်က စီးပွားရေး အကြံပေးအဖြစ် တာဝန်ယူခဲ့တဲ့ ဩစတြေးလျနိုင်ငံသား မစ္စတာ ရှောင်တားနဲလ် ကို စွဲထားတဲ့ မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်ဥပဒေ ပုဒ်မ - ၃ (၁)(ဂ) အမှုနဲ့ ပတ်သက်လို့ ဒီနေ့မှာ တရားလိုပြသက်သေ နှစ်ဦးကို စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။
2022-01-13
စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ ဇနဗျင်းရွာကို ဇန်နဝါရီလ ၁၂ ရက် မနေ့က စစ်ကောင်စီတပ်သားတွေ ဝင်ရောက်လာပြီး ရွာသားအချို့ကို ခဏခေါ်ယူ ဖမ်းဆီးကာ အသက် ၈ နှစ်အရွယ် မောင်အောင်ကျော်ဟိန်းကို ပစ်သတ်သွား တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-01-13
ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၅ ထိန်းချုပ်နယ်မြေထဲကို ဇန်နဝါရီလ ၁၃ ရက် ဒီနေ့ မနက် အစောပိုင်း ၂ နာရီကျော်ခန့်မှာ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့ တပ်မဟာ ၅ ပြောခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒိုက RFA ကို ပြောပါတယ်။
2022-01-13
ကယားပြည်နယ်၊ လွိုင်ကော်မြို့က အကျဉ်းထောင်အနီးမှာ ဇန်နဝါရီလ ၁၂ ရက်နေ့က တိုက်ပွဲဖြစ်ပွားတာကြောင့် ထောင်စောင့်သုံးဦး ထိခိုက်ဒဏ်ရာရပြီး ဒေါဥခူရပ်ကွက်ထဲက ကက်သလစ်ဘုရားကျောင်းလည်း ထိခိုက်မှုရှိခဲ့တယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေး တပ် (KNDF-B02) ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
2022-01-13
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးခံရတဲ့ ကျောင်းသားသမဂ္ဂ အဖွဲ့ဝင် တွေနဲ့ ကျောင်းသားသမဂ္ဂခေါင်းဆောင်တွေဟာ ညှဉ်းပမ်းနှိပ်စက်မှုတွေကို ပုံစံ အမျိုးမျိုးနဲ့ ခံနေရတယ်လို့ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေက ပြောကြပါတယ်။ ဒီလို လူ့အခွင့်အရေး ချိုးဖောက်ခံနေရတဲ့ အခြေအနေတွေကို နိုင်ငံတကာက သိဖို့လိုနေတယ်လို့လည်း ဆိုပါတယ်။
2022-01-13
စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်မှာ ဇန်နဝါရီလ ၁၂ ရက် မနေ့က စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်ဘက်က သေဆုံးသွားတဲ့သုံးဦးရဲ့ အလောင်းတွေကို ဒီနေ့အထိ လာမကောက်သေးဘူးလို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ ဘက်က ပြောပါတယ်။
2022-01-13
မကွေးတိုင်း ရေစကြိုမြို့နယ် ရေလယ်ကျွန်းပေါ်မှာရှိတဲ့ လှေခုတ်ရွာက နေအိမ် သုံးလုံးကို ဇန်နဝါရီလ ၁၂ ရက် မနေ့ မနက် ၉ နာရီဝန်းကျင်လောက် စစ်ကောင်စီ တပ်က မီးရှို့သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-01-12
ကရင်အမျိုးသားအစည်းအရုံး KNU နဲ့ မြန်မာအစိုးရတို့အကြား အပစ်ရပ် သဘောတူ ညီချက် လက်မှတ်ထိုးလိုက်တာ ၁၀ နှစ်ပြည့်သွားပြီဖြစ်ပေမယ့် ငြိမ်းချမ်းရေး အတွက် တိုးတက်မှုမရှိဘဲ၊ တကျော့ပြန်တိုက်ခိုက်မှုတွေနဲ့ စစ်ပြေးဒုက္ခသည်တွေသာ တိုးပွားလာနေတယ်လို့ KNU တာဝန်ရှိသူတစ်ဦးက ထိုင်းနိုင်ငံ၊ နိုင်ငံခြားသတင်းထောက်များအသင်း FCCT မှာ မနေ့က ကျင်းပတဲ့ ဆွေးနွေးပွဲမှာ ပြောလိုက်ပါတယ်။
2022-01-12
နောက်အပတ်ထဲမှာ ကျင်းပဖို့ စီစဉ်ထားတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများရဲ့ အစည်းအဝေးကို ရွှေ့ဆိုင်းလိုက်တယ်လို့ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘော ဒီးယားနိုင်ငံက ဗုဒ္ဓဟူးနေ့ကပြောတဲ့အကြောင်း Reuters သတင်းမှာ ဖော်ပြ ထားပါတယ်။
2022-01-12
စစ်ကောင်စီတပ်တွေနဲ့ KNU လက်အောက်ခံတပ်တွေ၊ ပူးပေါင်းတပ်ဖွဲ့ PDF တွေ တိုက်ပွဲပြင်းထန်ခဲ့လို့ နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ ကရင်ပြည်နယ် မြဝတီခရိုင် လေးကေ့ကော်မြို့သစ်တဝိုက်က ဒေသခံတွေ နယ်မြေမတည်ငြိမ်သေးတာကြောင့် အိမ်မပြန်နိုင်ကြသေးပါဘူး။ သူတို့တွေအတွက် ရေရှည်အထောက်အပံ့တွေ လိုအပ်နေပြီလို့ အကူအညီပေးနေ သူတွေနဲ့ ဒုက္ခသည်တွေက ပြောပါတယ်။
2022-01-12
စစ်အာဏာသိမ်းမှုကြောင့် မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ချုပ်ငြိမ်းပြီး ပြည်တွင်း မငြိမ်မသက်မှု အချိန်အတိုင်းအတာတစ်ခုအထိ ဆက်ရှိနေမယ့်အလားအလာ ကြောင့် နိုင်ငံတကာအနေနဲ့ မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်ဆိုးကျိုး လျော့ပါး သက်သာရေးကို အာရုံစိုက်ကြဖို့ နိုင်ငံတကာ ပဋိပက္ခလေ့လာရေးအဖွဲ့ (ICG) က တိုက်တွန်းလိုက်ပါတယ်။
2022-01-12
ကချင်ပြည်နယ်မှာ ဖားကန့်မြို့နယ်မှာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလလောက်ကနေ စတင်တွေ့ရှိလာရတဲ့ တရားမဝင် ကျောက်စိမ်းတူးဖော်မှုတွေဟာ အခုရက်ပိုင်း အတွင်းမှာဆိုရင် စက်ယန္တရားအသုံးပြု တူးဖော်တာတွေ ပိုများလာတယ်လို့ ဒေသခံ တွေက RFA ကို ပြောပါတယ်။
2022-01-12
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ကျေးရွာကနေ ရက္ခိုင့်တပ်တော် (AA) နဲ့ ဆက်စပ်တယ်ဆိုပြီး ဖမ်းဆီးတရားစွဲဆိုခံထားရတဲ့ ကျောက်ဆိပ် ကျေးရွာသားတွေကို ဇန်နဝါရီလ ၁၂ ရက်နေ့ ဒီကနေ့ စစ်တွေခရိုင် တရားရုံးမှာ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ- ၅၀ (ည)၊ ၅၂ (က) တို့နဲ့ စွဲချက်တင်ခံလိုက်ရတယ်လို့ အကျိုးဆောင်ရှေ့နေက RFA ကိုပြောပါတယ်။