သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-01-12
ကယားပြည်နယ် လွိုင်ကော်မြို့ဘက်ကိုဝင်လာတဲ့ စားနပ်ရိက္ခာတွေနဲ့ တခြားကုန်ပစ္စည်းတွေကို ဇန်နဝါရီလ ၁၀ ရက်နေ့လောက်ကစပြီး စစ်တပ်က ရှမ်းပြည်နယ်တောင်ပိုင်း အောင်ပန်းလမ်းခွဲဂိတ်ကနေ တားဆီးကန့်သတ်ထား တယ်လို့ ကားသမားတွေက ပြောပါတယ်။
2022-01-12
စစ်ကိုင်းတိုင်း တမူးမြို့မှာ ဇန်နဝါရီ ၁၀ ရက် မနက်ငါးနာရီခွဲအချိန်က ဝက်ရှုကျေး ရွာနဲ့ နှစ်မိုင်ခန့်အကွာမှာရှိတဲ့ အုတ်ဖိုကန်ဘောင်အကျဉ်းစခန်းကို ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ရာမှာ ထောင်ပိုင်အပါအဝင် ဝန်ထမ်း ၁၁ ဦးခန့် သေဆုံးခဲ့တယ်လို့ တမူး PDF တပ်ရင်း (၁) က ဇန်နဝါရီ ၁၁ ရက် မနေ့က ထုတ်ပြန်ပါတယ်။
2022-01-12
မန္တလေးတိုင်း စဉ့်ကိုင်မြို့နယ်က ချန်နယ်မန္တလေး (Channel Mandalay TV) ရုပ်သံသတင်းဌာနရဲ့ သတင်း ထောက်ချုပ် ကိုဝင်းနိုင်ဦးကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ - ၅၂ (က) နဲ့ အိုးဘိုအကျဉ်းထောင်တွင်း တရားရုံးကနေ ဇန်နဝါရီလ ၁၁ ရက် မနေ့က စွဲချက်တင်အမိန့်ချလိုက်တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။
2022-01-11
ဒေါ်အောင်ဆန်းစုကြည်ကို ထပ်တိုးအပြစ်ဒဏ်ချမှတ်လိုက်တာနဲ့ ပတ်သက်ပြီး အမေရိကန်နိုင်ငံ အောက်လွှတ်တော် နိုင်ငံခြားရေးကော်မတီဥက္ကဋ္ဌ Gregory W Meeksက ခုလို လိမ်လည်ပြီး အပြစ်ဒဏ်ချမှတ်လိုက်တာကို ပြတ်ပြတ် သားသားရှုတ်ချတယ်လို့ ဇန်နဝါရီလ ၁၀ ရက်နေ့က ကြေညာချက်ထုတ်ပြန် ကန့်ကွက်လိုက်ပါတယ်။
2022-01-11
မြန်မာနိုင်ငံမှာ အထူးတရားရုံးကနေ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ကို ထောင်ဒဏ် လေးနှစ်ထပ်တိုးချမှတ်လိုက်ခြင်းဟာ နိုင်ငံရေးရည်ရွယ်ချက်အရ ဖြစ်တာကြောင့် ခြွင်းချက်မရှိ ချက်ချင်းပြန်လွှတ်ပေးဖို့ ဥရောပသမဂ္ဂ နိုင်ငံတကာရေးရာနဲ့ လုံခြုံရေးပေါ်လစီဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ Nabila Massrali ရဲ့ ဇန်နဝါရီလ ၁၁ ရက်နေ့ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။
2022-01-11
စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် စိန်းနန်းရွာဘက်ကို ဇန်နဝါရီလ ၁၀ ရက် မနေ့ မနက်ပိုင်းက စစ်ကောင်စီတပ် စစ်ကြောင်းရောက်လာချိန် ရွာအဝင်မှာ အရပ်သား တစ်ဦး ပစ်ခတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-01-11
စစ်ကိုင်းတိုင်း ကလေးမြို့ မှာ စစ်ကောင်စီတပ်တွေက ဇန်နဝါရီ ၁၁ ရက်နေ့ ဒီနေ့မနက် ၉ နာရီခန့်အချိန်က သာစည်ကျေးရွာမှာ ပစ်ခတ်မှုတွေလုပ်ခဲ့တာကြောင့် လမ်းမပေါ်သွားလာနေတဲ့ အသက် ၄၀ ကျော်အရွယ် ဦးဖိုးထွန်းဟာ သေနတ်ထိမှန် သေဆုံးသွားတယ်လို့ သာစည်ကျေးရွာဒေသခံတွေက ပြောပါတယ်။
2022-01-11
စစ်ကိုင်းတိုင်း ရေဦးမြို့နယ် ချမ်းသာရွာကို ဇန်နဝါရီလ ၁၀ ရက် မနေ့က စစ်ကောင် စီတပ်က ဝင်ရောက်စီးနင်းပြီးနောက် ရွာသားနှစ်ယောက် အသတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-01-11
ကယားပြည်နယ် လွိုင်ကော်မြို့မှာ ဇန်နဝါရီ ၆ ရက်နေ့ကစပြီး ပြင်းထန်လာနေတဲ့ တိုက်ပွဲတွေကြောင့် မြို့လူဦးရေရဲ့ သုံးပုံနှစ်ပုံကျော်ဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရတယ်လို့ ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ (KSCC) က RFA ကို ဒီနေ့ပြောပါတယ်။
2022-01-11
စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ဦးနှောက်ရွာကို စစ်ကောင်စီတပ်က ဇန်နဝါရီလ ၁၀ ရက် မနေ့က စစ်ရဟတ်ယာဉ်တွေ အသုံးပြုပြီး စီးနင်းတိုက်ခိုက်ရာမှာ ပြည်သူ ငါးဦးထက် မနည်း သေဆုံးခဲ့တယ်လို့ ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။
2022-01-11
ဩစတြေးလျနိုင်ငံရှိ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ပံ့ပိုးကူညီမှုအဖွဲ့က ဦးဆောင်ပြီး ကင်ဘာရာ မြို့က စစ်ကောင်စီသံရုံးနဲ့ ကမ္ဘောဒီးယားသံရုံးရှေ့တို့မှာ ဇန်နဝါရီလ ၇ ရက်နေ့က ကန့်ကွက်ဆန္ဒပြခဲ့တယ်လို့ ဆန္ဒပြပွဲဦးဆောင်သူတွေက ပြောပါတယ်။
2022-01-11
ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်က တရုတ်အထည်ချုပ်စက်ရုံ Honor Apparel က စက်ရုံရပ်နားထားရတဲ့ အချိန်ခြောက်လကျော်မှာ သုံးလကျော်စာအတွက် နစ်နာ ကြေးကို ဇန်နဝါရီ ၈ ရက်နေ့က ပေးခဲ့တယ်လို့ စက်ရုံမှာ လုပ်ကိုင်နေတဲ့ အလုပ်သမားတစ်ယောက်က RFA ကို ပြောပါတယ်။
2022-01-11
မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်၊ စစ်တပ် အာဏာသိမ်းခဲ့ချိန်ကစပြီး၊ မြန်မာ့ ကျွန်းသစ် တန်ချိန် ၁၆၀၀ နီးပါး၊ အမေရိကန်ကုမ္ပဏီတွေက တင်သွင်းခဲ့ကြပါတယ်။
2022-01-11
ရန်ကုန်တိုင်း ကြည့်မြင်တိုင်မြို့နယ် ပန်းပင်ကြီးလမ်းမှာ ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာ ၅ ရက်နေ့က ဆန္ဒပြပွဲကို စစ်ကောင်စီ တပ်က ကားနဲ့ဝင်တိုက်ပြီး ဖြိုခွင်းခံရချိန် ဖမ်းဆီးခံခဲ့ရတဲ့ သတင်းထောက် မမှူးရတနာခက် မို့မို့ထွန်းဟာ ဇန်နဝါရီ ၁၁ ရက် ဒီနေ့ မနက်ပိုင်းမှာ ရွှေပြည်သာ မြို့နယ်က စစ်ကြောရေးစခန်းကို ပို့ဆောင်ခံလိုက်ရတယ်လို့ မိသားစုရဲ့ ဥပဒေအကြံပေး တရားလွှတ်တော် ရှေ့နေ တစ်ဦးက RFA ကိုပြောပါတယ်။
2022-01-11
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့က အဖမ်းခံထားရတဲ့ DVB သတင်းထောက် ဦးအောင်စံလင်းဟာ အခု အချိန်တစ်လကြာတဲ့အထိ ဘယ်မှာဖမ်းထားသလဲ၊ သေသလား၊ ရှင်သလား အတိအကျ မသိရတာကြောင့် စိုးရိမ်မိတယ်လို့ မိသားစုက ပြောပါတယ်။