သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-01-11
ပဋိပက္ခတွေ ပြင်းထန်လာတဲ့ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာတင် အသက်မပြည့်တဲ့ ကလေး အနည်းဆုံး လေးဦး အပါအဝင် အခြားဒေသခံတွေပါ သေဆုံးခဲ့တဲ့အပေါ် ရှုတ်ချကြောင်း ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) က ဇန်နဝါရီလ ၁၁ ရက် ဒီနေ့ ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။
2022-01-11
စစ်တပ်ရဲ့ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်ကို ရာထူးက အနားပေးလိုက်ပြီး သူ့နေရာမှာ စစ်ဦးစီးအရာရှိချုပ် (လေ) ဒုတိယဗိုလ်ချုပ်ကြီး ထွန်းအောင်ကို ခန့်အပ်လိုက်တယ်လို့ စစ်ဘက် သတင်းရင်း မြစ်တွေက ပြောပါတယ်။
2022-01-10
ကယားပြည်နယ်၊ လွိုင်ကော်မြို့တစ်ဝိုက်မှာ စစ်ကောင်စီတပ်တွေက လေကြောင်း ကရော၊ မြေပြင်ကပါ လက်နက်ကြီးတွေနဲ့ အပြင်းအထန် တိုက်ခိုက်နေတာတွေကို ချက်ချင်းရပ်ဖို့ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်စ် အင်ဒရူးက တနင်္လာနေ့က တိုက်တွန်းလိုက်တဲ့ အကြောင်း Reuters သတင်းမှာ ဖော်ပြထားပါတယ်။
2022-01-10
ဒီရက်ပိုင်းအတွင်း NUG အမျိုးသားညီညွတ်ရေးအစိုးရခေါင်းဆောင်တွေ နဲ့ AA ရက္ခိုင့်တပ်တော် ထိပ်တန်းခေါင်း ဆောင်တွေ အွန်လိုင်းကနေ ဆွေးနွေးခဲ့ကြ တယ်လို့ ခိုင်လုံတဲ့ သတင်းဇစ်မြစ်တွေက ပြောပါတယ်။
2022-01-10
ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် နောက်ထပ် ထောင်ဒဏ် လေးနှစ် ချခံလိုက်ရတာဟာ နိုင်ငံရေး ရည်ရွယ်ချက်နဲ့ လုပ်ခံခဲ့ရတာလို့ နော်ဝေနိုင်ငံ နိုဘယ်လ်ဆုပေးရေး ကော်မတီရဲ့ ဥက္ကဋ္ဌက ပြောလိုက်တဲ့အကြောင်း AFP သတင်းမှာ မနေ့က ဖော်ပြထားပါတယ်။
2022-01-10
ချင်းပြည်နယ် မတူပီမြို့ မြောက်ဘက် ကိုးမိုင်ခန့်အကွာ ကီလှုန်းနဲ့ လုံလှော်ရွာ ဘက်မှာ ဇန်နဝါရီ ၆ ရက်နေ့က ဒေသခံ ၁၀ ဦးကို စစ်တပ်က ဖမ်းဆီးသွားပြီးနောက် သတ်ဖြတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-01-10
တနင်္သာရီတိုင်း မြိတ်မြို့က မသဲပွင့်ဖြူ ဆိုတဲ့ အမျိုးသမီးတစ်ဦးကို ဇန်နဝါရီလ ၈ ရက်နေ့ ညပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက တတိယအကြိမ် ထပ်မံဖမ်းဆီး ခဲ့တယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
2022-01-10
စစ်ကိုင်းတိုင်း ၊ ပုလဲမြို့နယ်အတွင်းမှာရှိတဲ့ ကျေးရွာတချို့ကို စစ်ကောင်စီက ဇန်နဝါရီလ ၁၀ ရက်နေ့ ဒီနေ့ မနက်ပိုင်းမှာ ရဟတ်ယာဉ် သုံးစင်းနဲ့ လာရောက် ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
2022-01-10
စစ်ကိုင်းတိုင်း ကလေးမြို့မှာ အာဏာသိမ်းပြီးနောက် ဒီနေ့အထိ အချိန် ၁၁ လ အတွင်း သတ်ဖြတ်ခံရတဲ့ ပြည်သူ ၁၀၇ ဦးအထိ ရှိလာနေတယ်လို့ ကလေးမြို့ ပင်မသပိတ် ကော်မတီက ပြောပါတယ်။
2022-01-10
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်းက ကျေးရွာအချို့မှာ စစ်တပ် ထုတ်ကုန်တွေကို မရောင်းချဖို့ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA က ပြီးခဲ့တဲ့ ဇန်နဝါရီလ ၈ ရက်နေ့ကစပြီး လိုက်လံ သတိပေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-01-10
ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ် ကျင်သီကျေးရွာအနီးမှာ ရှမ်းပြည် တိုးတက် ရေးပါတီ SSPP နဲ့ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS တပ်ဖွဲ့တွေ စစ်ရေးတင်းမာနေတာကြောင့် ကျင်သီနဲ့ လောက်ခွမ်းကျေးရွာအုပ်စုက ကျေးရွာ သားတွေဟာ သီပေါမြို့နယ် ဘော်ကြိုကျေးရွာ ဘုန်းကြီးကျောင်းကို ထွက်ပြေးခိုလှုံနေရပါတယ်။
2022-01-10
နိုင်ငံတစ်ဝှမ်းမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၇ ရက်နေ့ကနေ ဇန်နဝါရီလ ၆ ရက်နေ့အထိ အချိန် တစ်လတာအတွင်း စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲ ၆၇၆ ကြိမ်ဖြစ်ပွားခဲ့ပြီးတော့ စစ်ကောင်စီ ဘက်က သေဆုံးသူ ၂၃၇၇ ဦးနဲ့ ၆၀၅ ဦးထိခိုက်ဒဏ်ရခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က မနေ့ကထုတ်ပြန်ပါတယ်။
2022-01-10
အာဏာသိမ်းစစ်ကောင်စီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးရဲ့ စစ်တပ်ရာထူးဖြစ်တဲ့ စစ်ဥပဒေချုပ် ရာထူးကနေ အနားပေးလိုက်တယ်လို့ စစ်ဘက် သတင်းရင်းမြစ်တွေက ပြောပါတယ်။
2022-01-10
နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက တရားစွဲထားတဲ့ အမှု ၁၁ ခုထဲက နောက်ထပ် သုံးမှုအတွက် ထောင်ဒဏ်လေးနှစ်ကို နေပြည်တော် အထူးတရားရုံးကနေ ဇန်နဝါရီ ၁၀ ရက် ဒီနေ့မှာ ချမှတ် လိုက်ပါတယ်။ ဒါဟာ ပထမတစ်ကြိမ်က ထောင်ဒဏ် နှစ်နှစ် ချမှတ်ခံထားရတဲ့အတွက် ဒီနေ့ အမိန့်နဲ့ပေါင်းရင် စုစုပေါင်း အမှု ငါးခုအတွက် ထောင်ဒဏ် ခြောက်နှစ်ရှိသွားပါပြီ။
2022-01-09
ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာဒုက္ခသည်စခန်းတစ်ခုမှာ မီးလောင်ခဲ့လို့ ထောင်နဲ့ ချီတဲ့ဒုက္ခသည်တွေ အိုးမဲအိမ်မဲ့ဖြစ်သွားတယ်လို့ ရဲတပ်ဖွဲ့က တနင်္ဂနွေနေ့မှာ ပြော တဲ့အကြောင်း AFP သတင်းမှာ ဖော်ပြထားပါတယ်။