သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-10-14
ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ်မှာရှိတဲ့ စစ်ကောင်စီလေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုံးသုံးလုံးနဲ့ ဒီကနေ့ည ၇ နာရီကျော်က ပစ်ခတ်ခဲ့တယ်လို့ ရန်ကုန်မှာ လှုပ်ရှားနေတဲ့ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ တစ်ဖွဲ့က RFA ကိုပြောပါတယ်။
2022-10-14
ဆန္ဒပြနေတုန်း ပစ်ခတ်ခံရလို့ သေဆုံးရသူ အယောက် ၃ဝဝဝ နီးပါး၊ တိုက်ပွဲတွေကြား ထိခိုက်သေဆုံးရတဲ့ အရပ်သား ၁၃ဝဝ ကျော်နဲ့ စစ်ကြောရေးမှာ သေဆုံးရသူတွေ၊ ဒလန်ဆိုပြီး အသတ်ခံရတဲ့သူတွေ ပါဝင်တယ်လို့ ဆိုပါတယ်။
2022-10-14
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ပေါ် ရပ်ကွက်တစ်ခုဖြစ်တဲ့ စက်ရုံစုရပ်ကွက် (၂) မှာ အောက်တိုဘာ ၁၃ ရက် မနေ့က ညပိုင်းမှာ ဒေသခံ ခုနစ်ဦးကို စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ဝင်ရောက်ဖမ်းဆီးသွားတယ်လို့ မိသားစုဝင်တွေက RFA ကိုပြောပါတယ်။
2022-10-14
သတ်မှတ်လိုက်တဲ့ အမျိုးအစား ၃၀ ထဲမှာ တိုက်ပွဲတွေပြင်းထန်နေတဲ့ မြို့နယ်တွေက ကလေးမြို့ဟောင်း၊ ဟန်လင်းပျူမြို့ဟောင်း၊ ရွှေဘိုမြို့ဟောင်းနဲ့ နန်းတော်၊ ဝက်မစွပ်ကျောင်းတိုက်၊ ဂျောအော်ဝဲ နေအိမ်၊ မိုးကြိုးပြင်ကျောက်ခေတ်နေရာ၊ ထမံသီ ဘေးမဲ့တော စတဲ့ နေရာတွေ ပါဝင်ပါတယ်။
2022-10-14
အင်အား ၃၀ ခန့်ပါဝင်တဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်းအဖွဲ့က အောက်တိုဘာလ ၁၂ ရက်မှာ ဖမ်းဆီးသတ်ဖြတ်ပြီး ရုပ်အလောင်းတွေကို ကျောက်အိုင်ရွာမှာ ပစ်ထားခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
2022-10-14
စစ်ဘေးသင့်နေတဲ့ မြန်မာနိုင်ငံကို ကမ္ဘာကြီးက မေ့မထားဖို့ ပုပ်ရဟန်းမင်းကြီး Francis က တောင်းဆိုတယ်လို့ ခရစ်ယာန်ဘာသာရေး သတင်းအေဂျင်စီ UCA NEWS က အောက်တိုဘာ ၁၄ရက် ဒီနေ့မှာ ဖော်ပြပါတယ်။
2022-10-14
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ဒိုးဝိုင်းချောင်းရွာက အသက် ၂၆ နှစ်အရွယ် ကိုကျင်ဗျက်ဆန် (Cin Biak Sang) ဟာ ဖမ်းဆီးခံရပြီး တစ်လကျော်အကြာ အောက်တိုဘာ ၁၄ ရက် ဒီနေ့မှာ အလောင်းပြန်လာယူဖို့ စစ်ကောင်စီတပ်က မိသားစုဝင်တွေကို အကြောင်းကြားခဲ့တယ်လို့ မိသားစုဝင်နဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။
2022-10-14
စစ်ကောင်စီဘက်က ဒရုန်းအသုံးပြုပြီး ဗုံးသီးသုံးလုံးနဲ့ တိုက်ခိုက်ခဲ့တာကြောင့် ဂိတ်စခန်းမှာ တာဝန်ကျနေတဲ့ ရဲဘော်တစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပေမယ့် မစိုးရိမ်ရဘူးလို့ ကရင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပုလော) က မနေ့က အောက်တိုဘာ ၁၃ ရက်မှာ ထုတ်ပြန်ပါတယ်။
2022-10-14
သူဟာ လွိုင်ကော်စစ်ဆေးရေးဂိတ်မှာ ၂၀၂၁ ခုနှစ်က ဖမ်းဆီးခံခဲ့ရပြီးနောက် PDF နဲ့ ဆက်စပ်တယ်လို့ စွပ်စွဲပြီး အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂ နဲ့ ထောင်ဒဏ်ငါးနှစ် ချမှတ်ခံထားရတာလို့ ဆိုပါတယ်။
2022-10-14
ပြီးခဲ့တဲ့ စက်တင်ဘာလကုန်ပိုင်းကလည်း အဲဒီအမှတ်(၉) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်တပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် နဂရာရွာက အသက် ခုနစ်နှစ်အရွယ် ကလေးတစ်ဦးသေဆုံးပြီး ဒေသခံ ငါးဦး ဒဏ်ရာရခဲ့တဲ့ ဖြစ်စဉ်တွေလည်း ရှိပါတယ်။
2022-10-14
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ထဲမှာ စစ်ကောင်စီတပ်က တစ်ရွာဝင်၊ တစ်ရွာထွက် စစ်ကြောင်းထိုးနေလို့ ရွာပေါင်း ခုနစ်ရွာလောက်က ဒေသခံ ၅၀၀၀ ကျော် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-10-13
အာဏာရှင်တွေနဲ့ ရပ်တည်တာဟာ အစ္စလာမ်တရားတော်နဲ့ မညီဘူးလို့လည်း မြန်မာမွတ်စလင် တော်လှန်ရေးအင်အားစု ထုတ်ပြန်ချက်မှာ ပါပါတယ်။
2022-10-13
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ပြစ်ဒဏ်အသစ် ထပ်မံချမှတ်လိုက်တဲ့အပေါ် ပြင်းပြင်းထန်ထန်ရှုတ်ချကြောင်းနဲ့ စစ်ကောင်စီဟာ နိုင်ငံရေး၊ ပါတီစွဲတွေနဲ့ တရားဥပဒေကို ရည်ရွယ်ချက်ရှိရှိ အသုံးပြုနေတာကို ရှုတ်ချကြောင်း ပြင်သစ်နိုင်ငံက ကြေညာချက် ထုတ်ပြန်ပါတယ်။
2022-10-13
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့၊ သိမ်ဆိပ်ရပ်ကွက်မှာရှိတဲ့ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC) ဥက္ကဋ္ဌ ခွန်မြင့်ထွန်းရဲ့ နေအိမ်ကို စစ်ကောင်စီက အောက်တိုဘာ ၁၂ ရက် မနေ့က လာရောက်ချိပ်ပိတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-10-13
ရာဇသတ်ကြီးပုဒ်မ - ၅၀၅(က) နဲ့အမှုဖွင့်ခံထားရပြီးနောက် တိမ်းရှောင်နေရတဲ့ ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ခံ အမျိုးသမီးတစ်ဦးအပါအဝင် အမျိုးသမီးသုံးဦးကို မန္တလေး ချမ်းအေးသာစံမြို့နယ်က နေအိမ်တစ်လုံးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၁ ရက်နေ့ ညနေ ၄ နာရီကျော်လောက်မှာ ဝင်ရောက်ဖမ်းဆီးသွားခဲ့ပြီး ဒီနေ့အထိ အဆက်အသွယ်မရဖြစ်နေတယ်လို့ ဖမ်းဆီးခံရသူတွေနဲ့ နီးစပ်သူက ပြောပါတယ်။