သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-10-13
Marks & Spencer ဟာ ကုန်သွယ်ရေးဆိုင်ရာ ကျင့်ဝတ်စောင့်ကြည့်ရေးအဖွဲ့ (ETI) ရဲ့ အစီရင်ခံစာ ထွက်ပေါ်လာခဲ့ပြီးနောက် ၂၀၂၃ ခုနှစ်၊ မတ်လမတိုင်မီ မြန်မာနိုင်ငံက အပြီးထွက်ခွာဖို့ ဆုံးဖြတ်ခဲ့တာလို့ ဆိုပါတယ်။
2022-10-13
ထိခိုက်ဒဏ်ရာရသူတွေဟာ တပိုကျေးရွာမှာနေထိုင်တဲ့အမျိုးသမီးတစ်ဦး၊ ဇရပ်ဆိပ်ကျေးရွာမှာနေထိုင်တဲ့ ဒေသခံနှစ်ဦးနဲ့ ပလကျေးရွာမှာနေထိုင်တဲ့ အမျိုးသားတစ်ဦးတို့ ဖြစ်ပါတယ်။
2022-10-13
နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်တွေမှာ လုံခြုံရေးအတွက် စီမံခန့်ခွဲရသူ နိုင်ငံတော်သမ္မတရုံး၊ လုံခြုံရေးဌာနကြီး ဒုတိယညွှန်ကြားရေးမှူး ဦးအောင်နိုင်ဦးကို နေပြည်တော် အချုပ်ထောင်တွင်းတရားရုံးကနေ အောက်တိုဘာ ၁၃ ရက် ဒီနေ့မှာ မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်အက် ဥပဒေပုဒ်မ-၃ (၁) (ဂ) နဲ့ ထောင် ၁၀ နှစ်ချမှတ် လိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။
2022-10-13
အောက်တိုဘာ ၄ ရက်နေ့ကနေ ၁၂ ရက်နေ့ထိ ကိုးရက်ကြာ တိုက်ပွဲပြင်းထန်ခဲ့ပြီး PDF ရဲဘော် ခြောက်ဦး သေဆုံးပြီး စစ်ကောင်စီဘက်ကလည်း ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ အင်းတော် PDF က တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
2022-10-13
တရုတ်ပြည်သူ့သမ္မတနိုင်ငံက မြန်မာနိုင်ငံရဲ့ လျှပ်စစ်ဓာတ်အား လိုအပ်ချက်နဲ့ အခက်အခဲတွေကို တက်တက်ကြွကြွ ကူညီဖြေရှင်းပေးနေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Chen Hai က အောက်တိုဘာလ ၁၀ ရက်နေ့က ပြောဆိုလိုက်ပါတယ်။
2022-10-12
ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့နယ်အတွင်း စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်လို့ စက်တင်ဘာလအတွင်း အသက် (၁၀) နှစ်အောက်ကလေးငယ် (၃) ဦး အပါအဝင် (၅ )ဦး သေဆုံးပြီး (၁၄) ဦးဒဏ်ရာ ရရှိခဲ့ကြတယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က အောက်တိုဘာလ ၁၂ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန်ပါတယ်။
2022-10-12
သူရဦးရွှေမန်းဟာ NLD ပါတီအစိုးရလက်ထက်မှာလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေး ရှိတဲ့ စစ်ဗိုလ်ချုပ်တစ်ဦးအဖြစ် အများက ရှုမြင်ခံခဲ့ရပါတယ်။
2022-10-12
လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေ ပုဒ်မ(၁၃/၁) နဲ့ သုံးနှစ် ထပ်မံချမှတ်ခံရတာပါ။ ဒါကြောင့် တိုရူကူဘိုတာဟာ ထောင်ဒဏ် ၁ဝ နှစ် ကျခံရပါမယ်။
2022-10-12
စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် ရွာပေါင်းခုနစ်ရွာက ဒေသခံလေးထောင်ကျော်ဟာ စစ်ကောင်စီတပ်စစ်ကြောင်း ဝင်ရောက်လာတာကြောင့် အောက်တိုဘာလ ၈ ရက်နေ့ကစပြီး ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ မင်းကင်းမြို့နယ်က စစ်ဘေးဒုက္ခသည်အရေး ကူညီနေသူတွေက ပြောပါတယ်။
2022-10-12
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဝါးသုံးအိုင်ရွာကို ပြီးခဲ့တဲ့ အောက်တိုဘာလ ၉ ရက်နဲ့ ၁၀ ရက်နေ့တွေမှာ စစ်ကောင်စီတပ်သားတွေ ဝင်ရောက်မီးရှို့ခဲ့တာကြောင့် နေအိမ် ၂၂ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ဒီနေ့ ပြောပါတယ်။
2022-10-12
အသက်ရှင်သန်နေထိုင်ခွင့်ကို ချိုးဖောက်တဲ့ ပြင်းထန်ရက်စက်ပြီး လူမဆန်တဲ့ ပြစ်ဒဏ်စီရင်ချက်တွေကို အချိန်အခါတိုင်း၊ အခြေအနေအရပ်ရပ်တိုင်းမှာ ပြတ်ပြတ်သားသား ဆန့်ကျင်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
2022-10-12
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် မယ်သဲကြိုးကွင်းရွာနဲ့ အင်းမရွာတွေကို စစ်ကောင်စီတပ်က အောက်တိုဘာလ ၁၁ ရက် မနေ့မှာ ဝင်ရောက်စီးနင်းပြီး မီးရှို့ဖျက်ဆီးတာကြောင့် နှစ်ရွာပေါင်းက အိမ်ခြေ ၄၀ လောက် မီးလောင်သွားတယ်လို့ ဒေသခံတွေက ဒီနေ့ ပြောပါတယ်။
2022-10-12
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ကျိုက်ထီးရိုးစေတီတော် တောင်ခြေက စစ်ကောင်စီဂိတ်မှာ အောက်တိုဘာလ ၁၂ ရက် ဒီနေ့မနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ပြီး အရပ်သား သုံးဦး သေဆုံးပြီး ဆယ်ဦးကျော် ဒဏ်ရာရခဲ့တယ်လို့ လူမှုကူညီရေးအဖွဲ့တွေက ပြောပါတယ်။
2022-10-12
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ချင်းပြည်နယ်မှာ စစ်ကောင်စီတပ်သားတွေ ပစ်ခတ်တဲ့ လက်နက်ကြီးကျည် ထိမှန်သေဆုံးသူ ဒေသခံစုစုပေါင်း ရှစ်ဦးခန့်ရှိနေပြီလို့ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က ပြောပါတယ်။
2022-10-12
နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ်ဆီကနေ ဒေါ်လာတွေ လက်ခံရယူခဲ့တယ်ဆိုပြီး စွပ်စွဲခံထားရတဲ့ အဂတိအမှု နှစ်မှုအတွက် နေပြည်တော် ထောင်တွင်းတရားရုံးကထောင်ဒဏ်သုံးနှစ် ထပ်ပြီး ချမှတ်လိုက်ပါတယ်။