သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-11-12
ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေဘက်က ပစ်ခတ်ပြီးနောက် ရှိမ်းမကားရဲစခန်းအနီးမှာရှိတဲ့ လူနေအိမ် သုံးလုံးကို PDF ထောက်ခံတဲ့အိမ်တွေဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီတပ်ဘက်က မီးရှို့ခဲ့တယ်လို့လည်း ဆိုပါတယ်။
2022-11-11
အရှေ့တီမောနိုင်ငံဟာ ပြီးခဲ့တဲ့ ၂၀၀၂ ခုနှစ်မှာ အင်ဒိုနီးရှားနိုင်ငံကနေ ခွဲထွက်လွတ်လပ်ရေးရယူခဲ့တာဖြစ်ပါတယ်။ အာဆီယံ အဖွဲ့ဝင်နိုင်ငံဖြစ်ဖို့ ပြီးခဲ့တဲ့ ၂ဝ၁၁ ခုနှစ်ကတည်းက လျှောက်ထားခဲ့တာပါ။
2022-11-11
လက်ရှိ မြန်မာနိုင်ငံတွင်း လူသားချင်းစာနာမှုလိုအပ်နေတဲ့ အခြေအနေတွေ၊ လူ့အခွင့်အရေးဆိုင်ရာ အကျပ်အတည်းတွေကို ဆွေးနွေးမယ်လို့ ဆိုပါတယ်။
2022-11-11
ဒီဘုံသဘောတူညီချက်တွေ ချမှတ်ထားတာ အချိန်တစ်နှစ်ခွဲကျော်ကြာပြီဖြစ်ပေမယ့် အာဏာသိမ်းစစ်ကောင်စီဘက်က လိုက်နာဆောင်ရွက်တာ မရှိသလောက်နည်းတာကြောင့် အာဆီယံဘက်က အချိန်သတ်မှတ်ဖို့ ဖြစ်လာတာပါ။
2022-11-11
မြန်မာနိုင်ငံရဲ့ အနာဂတ်အတွက် ဥပဒေ၊ ဒီမိုကရေစီ၊ ငြိမ်းချမ်းရေးနဲ့ အားလုံးပါဝင်နိုင်မှုကို အခြေခံတဲ့ လေးနက်တဲ့ လမ်းပြမြေပုံကို ပြင်ဆင်ထားပြီးဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလက အာဆီယံထိပ်သီးအစည်းအဝေးထံ သဝဏ်လွှာပေးပို့ခဲ့ပါတယ်။
2022-11-11
ဗမာပြည်သူ့ လွတ်မြောက်ရေး တပ်တော် BPLA နဲ့ ကျောင်းသားလက်ရုံး တပ်တော် SAF တို့ နိုဝင်ဘာ ၁၀ရက်နေ့က တွေ့ဆုံခဲ့ကြပြီး စစ်ရေး၊ နိုင်ငံရေးအရ ပူးပေါင်းဆောင်ရွက်သွားကြဖို့ သဘောတူညီခဲ့ကြတယ်လို့ BPLA နဲ့ SAF တို့ ပူးတွဲသတင်းထုတ်ပြန်လိုက်ပါတယ်။
2022-11-11
စစ်ကောင်စီတပ်က စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ သက်ရှည်ကန်ရွာကို ဝင်ရောက်စီးနင်းလို့ အရပ်သား ၅၀၀ ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။
2022-11-11
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ် ပလုံတွီရွာမှာ အစုလိုက် အပြုံလိုက် မီးရှို့ခံရထားရတဲ့ ရုပ်အလောင်းတွေကို နိုဝင်ဘာလ ၁၀ ရက် မနေ့က တွေ့ရှိခဲ့ပါတယ်။
2022-11-11
မိုးမောက်မြို့ ခါနန်ရပ်ကွက်က အသက် ၂၃ နှစ်အရွယ် မောင်ဖောင်ရဲဂမ်ဟာ ဒီမနက် စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးကျည် ထိမှန်ပြီး ခြေထောက်မှာ ဒဏ်ရာရရှိခဲ့ပါတယ်။
2022-11-11
မကွေးတိုင်း၊ ဆောမြို့နယ် လက်ပန်းရွာက ဒေသခံ အမျိုးသမီးလေးဦးကို စစ်ကောင်စီတပ်က နိုဝင်ဘာ ၁၀ ရက်မနေ့က လာရောက် ဖမ်းဆီးသွားပါတယ်။
2022-11-11
ရန်ကုန်မြစ်အတွင်း ရပ်ထားတဲ့ စက်သုံးဆီတင် သင်္ဘောတစ်စီးဟာ နိုဝင်ဘာလ ၁၀ ရက် မနေ့က နေ့လယ် ၂ ခွဲဝန်းကျင်မှာ ပေါက်ကွဲမှုဖြစ်ပြီး မီးလောင်ခဲ့လို့ သင်္ဘောပေါ်က လူလေးဦး မီးလောင်ဒဏ်ရာ ရရှိခဲ့ပါတယ်။
2022-11-10
မြန်မာနိုင်ငံတွင်းမှာ အကူအညီလိုတဲ့သူဦးရေဟာ အရင်က တစ်သန်းပဲရှိပေမယ့် အခုအာဏာသိမ်းပြီးနောက် ၁၄ သန်းခွဲလောက်အထိ တိုးလာတယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါပါတယ်။
2022-11-10
မကွေးတိုင်း၊ ပခုက္ကူမြို့၊ အမှတ်(၁)ရပ်ကွက်မှာ နေထိုင်တဲ့ အရာရှိတစ်ဦးရဲ့ ဇနီးဖြစ်သူ မဟန်နွေဦးကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေက လက်နက်နဲ့ ခြိမ်းခြောက်ဖမ်းဆီးသွားခဲ့တာကို ကွန်မန်ဒိုတပ်က ရဟတ်ယာဉ်နဲ့ သွားရောက်ခေါ်ဆောင်ခဲ့ရတယ်လို့ စစ်ကောင်စီက ဒီနေ့သတင်းထုတ်ပြန်ပါတယ်။
2022-11-10
ပြည်တွင်းမှာ လျှပ်စစ်ဓာတ်အား မလုံလောက်တဲ့ပြဿနာရှိနေတာကြောင့် လျှပ်စစ်ကားအခွန် လျော့ချပေးတာ လုပ်ဆောင်သင့်တယ်လို့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
2022-11-10
သေနတ်အပစ်ခံရသူ ဗိုလ်မှူးချစ်ဝင်းသူဟာ သထုံအခြေစိုက် အမှတ် ၉ လေ့ကျင့်ရေးတပ်မှာ ဒုတပ်ရင်းမှူးအဖြစ် တာဝန်ထမ်းဆောင်နေသူ ဖြစ်ပါတယ်။