သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-11-10
သူ့ကို ၂၀၂၂ ခုနှစ် မတ်လ ၃၁ ရက်နေ့က ရန်ကုန်တိုင်း အင်းစိန်ထောင်တွင်း တရားရုံးကနေ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(က)နဲ့ အလုပ်နဲ့ ထောင်ဒဏ် သုံးနှစ်ချမှတ်ခဲ့ပြီး ဖြစ်ပါတယ်။
2022-11-10
အိုးဘို၊ သူရဲဈေး၊ ဘူတာကြားမှာရှိတဲ့ မြန်မာ့မီးရထားဌာနပိုင်နယ်မြေအတွင်းမှာ ကျူးကျော်နေထိုင်တဲ့သူတွေကို နေအိမ်တွေဖျက်ပေးဖို့ နိုဝင်ဘာ ၉ ရက် မနေ့က မြန်မာ့မီးရထားဌာနက အကြောင်းကြားစာပေးပို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-11-10
စစ်တပ်က အာဏာစသိမ်းတဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းမှာပဲ ဖမ်းဆီးခံရပြီး ထောင်ဒဏ်နှစ်နှစ် ချမှတ်ခံထားရတာဖြစ်သလို လျှော့ရက်တွေနဲ့ လွတ်ရက်စေ့လို့ လွတ်လာတာလို့ အကျဉ်းထောင်နဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။
2022-11-10
နိုင်ငံတော်သမ္မတဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့အပေါ် ထောင်ဒဏ်တွေချမှတ်ထားတဲ့ အမှုတွေထဲက ပြည်ထောင်စုတရားလွှတ်တော်ချုပ်ထံ ရာဇဝတ်ပြင်ဆင်မှု တက်ထားတဲ့ ၁၀ မှုကို လက်ခံစစ်ဆေးဖို့ နိုဝင်ဘာလ ၁၀ ရက် ဒီနေ့မှာ လက်ခံလိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။
2022-11-10
ဒေသကာကွယ်ရေးတပ်ဖွဲ့ PDF တွေကို ကူညီပေးနေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ရိုက်နှက်ဖမ်းဆီးခံရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
2022-11-10
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့၊ အမှတ် (၁) ရပ်ကွက်မှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ ရေတာစခန်းကုန်း နိုဝင်ဘာလ ၉ ရက် မနေ့မနက် ၄ နာရီခွဲလောက်က တိုက်ခိုက်ခံရပြီးနောက် အမှတ် (၁) ရပ်ကွက်က ဒေသခံ လေးဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးထားတယ်လို့ ပြောပါတယ်။
2022-11-10
အင်အား ၁၀၀ ခန့်ပါဝင်တဲ့ စစ်ကောင်စီတပ်က နိုဝင်ဘာ ၈ ရက်နေ့က စီးနင်းဝင်ရောက်ပြီးနောက် ဒေသခံအမျိုးသားတစ်ဦး ပစ်ခတ်ခံခဲ့ရသလို နေအိမ် ၃၀၀ နီးပါး မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက နိုဝင်ဘာ ၁၀ ရက် ဒီနေ့ မနက်ပိုင်းက RFA ကို ပြောပါတယ်။
2022-11-10
ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ နိုဝင်ဘာ ၈ ရက်နေ့ တစ်ရက်တည်းမှာပင် စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ နေရာငါးခုမှာ တိုက်ပွဲငါးကြိမ်ဖြစ်ပွားခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (AA) က နိုဝင်ဘာလ ၉ ရက် မနေ့ကထုတ်ပြန်ပါတယ်။
2022-11-10
ရန်ကုန်တိုင်း ပန်းဘဲတန်းမြို့နယ် NLD လွှတ်တော်ကိုယ်စားလှယ် ဦးစည်သူမောင်ရဲ့ မိဘနေအိမ်ဖြစ်တဲ့ လှိုင်မြို့နယ်၊ ရှမ်းစုရပ်ကွက်က နေအိမ်ကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၈ ရက်နေ့က ချိပ်ပိတ်သိမ်းဆည်းခံလိုက်ရတယ်လို့ လှိုင်မြို့နယ် ဒေသခံတွေက ပြောပါတယ်။
2022-11-10
ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် လအိရွာမှာ စစ်ကောင်စီ တပ်ပစ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် သက်ကြီးရွယ်အိုတစ်ဦးနဲ့ ကလေးတစ်ဦးအပါအဝင် လေးဦး ဒဏ်ရာရခဲ့ပါတယ်။
2022-11-10
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်မှာ နိုဝင်ဘာ ၁၀ ရက်နေ့ ဒီနေ့ မနက်ပိုင်းက ရိက္ခာတွေတင်ဆောင်လာတဲ့ စစ်ကောင်စီတပ်ကားနှစ်စီးကို ရက္ခိုင့်တပ်တော် (AA) က ကြားဖြတ်တိုက်ခိုက်ပြီးနောက် စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ပစ်ခတ်တာကြောင့် ဒေသခံနှစ်ဦး လက်နက်ကြီးကျစထိမှန်ပြီး ဒဏ်ရာအပြင်းအထန်ရသွားတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
2022-11-09
“ကပ်ရောဂါနဲ့ မြန်မာနိုင်ငံအခြေအနေ၊ တောင်တရုတ်ပင်လယ်ပြင်အရေး စတဲ့ ဒေသတွင်းကိစ္စတွေနဲ့ ရုရှားနဲ့ယူကရိန်းကြား ဆက်ဖြစ်နေတဲ့ ပဋိပက္ခတွေလို အရေးကြီးတဲ့ ကိစ္စတွေကို ဆွေးနွေးကြမှာဖြစ်တယ်” - လို့ ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ် ဂျူနီယာက ပြောဆိုလိုက်တာပါ။
2022-11-09
မြန်မာ့အရေးနဲ့ပတ်သက်ပြီး ကုလသမဂ္ဂက တစ်ဖက်ဖက်ကို ရပ်တည်တယ်ဆိုတဲ့ အမြင်ဖြစ်ပေါ်လာနိုင်တာကြောင့် NUG ကိုယ်စားလှယ်တွေ ဖယ်ရှားခံရတာလို့ ကြားသိရကြောင်းနဲ့ ကုလရဲ့ ကြားနေရေးဝါဒကိုလည်း သမ္မတဟိုဆေးက သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ မေးခွန်းထုတ်လိုက်ပါတယ်။
2022-11-09
လွန်ခဲ့တဲ့လပိုင်းက ထိုင်းနိုင်ငံမှာ ဆေးကုသမှုခံယူခဲ့ပြီး မြန်မာနိုင်ငံပြန်ရောက်လာချိန်မှာ ပင်လုံဆေးရုံကို အရေးပေါ်တင်လိုက်ရပြီး သတိလစ်မေ့မြောသွားခဲ့ပြီးနောက် နိုဝင်ဘာလ ၉ ရက်နေ့ ဒီနေ့မှာ ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။
2022-11-09
မကွေးတိုင်း၊ ရေစကြိုမြို့နယ်နဲ့ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်က ကျေးရွာခုနစ်ရွာခန့်ကို စစ်ကောင်စီတပ်တွေက နိုဝင်ဘာလ ၇ ရက်နေ့ကစပြီး နိုဝင်ဘာလ ၉ ရက်ဒီကနေ့အထိ စစ်ကြောင်းထိုး ဝင်ရောက်မီးရှို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။