သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-02-12
စစ်ကောင်စီက ထောင်ဒဏ် အနှစ် ၈၀ ချခံထားရတဲ့ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ကို ပြစ်ဒဏ်တစ်ဝက် လျှော့ချပေးလိုက်ပါတယ်။
2022-02-11
လက်ရှိအချိန် မြန်မာနိုင်ငံမှာ စစ်ကောင်စီက ပြည်သူတွေကို နှစ်ဆတိုး ဖိနှိပ်နေသလို၊ အကြမ်းဖက်မှုတွေ လုပ်နေပြီး ဖြစ်ပျက်နေတဲ့ အခြေအနေတွေဟာ အင်မတန် စိတ်ဒုက္ခရောက်စေတယ် လို့လည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
2022-02-11
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဆက်သွယ်ရေးကုမ္ပဏီ ဝန်ထမ်းတစ်ဦးရဲ့ ပြောကြားချက်အရ မနက်ဖြန် မနက် လေးနာရီကနေ ည ၁၁ နာရီအထိ နိုင်ငံတစ်ဝန်းက မြို့နယ်အများအပြားမှာ အင်တာနက် မိုဘိုင်းဒေတာတွေ ဖြတ်တောက်ထားဖို့ ညွှန်ကြားထားကြောင်း ကုမ္ပဏီက ဝန်ထမ်းတွေကို အသိပေးထားတယ်လို့ ဆိုပါတယ်။
2022-02-11
လွတ်လပ်ရေး ရပြီးနောက်ပိုင်း ခေတ်အဆက်ဆက်အုပ်ချုပ်ခဲ့တဲ့ အစိုးရတွေက ပင်လုံစာချုပ်သဘောတူညီချက်တွေကို အကောင်အထည်မဖော်လို့ နှစ်ပေါင်း ၇၀ ကျော်ကြာ ပြည်တွင်း စစ်ဖြစ်ခဲ့ပြီး နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းနေတဲ့ ကာလမှာလည်း တပ်မတော်က ထပ်ပြီး အာဏာသိမ်းလိုက်တာကြောင့် အရှိန်ရနေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ရပ်ဆိုင်းသွားရတယ်လို့ ပြောပါတယ်။
2022-02-11
မြိုင်မြို့နယ်မှာ ဖေဖော်ဝါရီ ၁၀ ရက်နေ့ စစ်ကောင်စီ တပ်နဲ့ တိုက်ပွဲမှာ ကာကွယ်ရေးတပ်ဖွဲ့ဘက်က လေးဦး သေဆုံးခဲ့ပါတယ်။
2022-02-11
နိုင်ငံတော်အတိုင်ပင်ခံအပေါ် စစ်တပ်က စွဲဆိုထားတဲ့ အဂတိအမှုတွေထဲက တစ်မှုကို ဒီနေ့ နေပြည်တော် အထူးတရားရုံးမှာ ဆက်လက်စစ်ဆေးခဲ့ပါတယ်။
2022-02-11
စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်တွေအရ ဖေဖော်ဝါရီလ ၈ ရက်နေ့ကစပြီး တနေ့ကို ပိုးတွေ့လူနာ ၁ဝဝဝ ကျော်ရှိတာဖြစ်ပါတယ်။ အရင်ရက်တွေက သုံးရာကျော်လောက်ပဲရှိခဲ့ရာကနေ တဟုန်ထိုး တက်လာတာပါ။
2022-02-11
အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုမှာပါတဲ့ ဘားအံ တက္ကသိုလ်ကျောင်းသား ကိုးယောက် ထောင် ၁၀ နှစ်ကျော်စီ ချမှတ်ခံရပါတယ်။
2022-02-11
စစ်တပ်က အာဏာသိမ်းထားတဲ့ တစ်နှစ်တာအတွင်း ကျန်းမာရေးဝန်ထမ်းတွေနဲ့ ပရဟိတ ဆေးခန်းတွေ အကြိမ် ၄၀၀ ကျော် တိုက်ခိုက်ခံခဲ့ရပါတယ်။
2022-02-11
စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် ခရုတောရွာကို စစ်တပ် ရောက်လာပြီးနောက် နှစ်ရက်အတွင်း အိမ် ၁၀ လုံး ထက်မနည်း မီးရှို့ခံရပါတယ်။
2022-02-11
မင်းတပ်မြို့နယ်မှာ ဖေဖော်ဝါရီလ ၇ ရက်နေ့က စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည် ကြောင့် ကလေးတစ်ဦး သေဆုံးခဲ့ပါတယ်။
2022-02-11
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်က ပုတီးနဲ့ ပေချောင်ရွာကို ဖေဖော်ဝါရီ ၈ ရက်နဲ့ ၉ ရက်နေ့တွေမှာ စစ်တပ်က ဝင်ရောက်လာပြီးနောက် အိမ်တွေ မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက RFA က ပြောပါတယ်။
2022-02-10
ထိုင်ဝမ်နိုင်ငံက သင်္ဘောကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Evergreen ကုမ္ပဏီက သင်္ဘောတွေကို ရန်ကုန် ထီးတန်းသင်္ဘောကျင်းမှာ သင်္ဘောဒေါက်တင် ပြင်ဆင်ဖို့ ပို့ဆောင်တော့မှာ မဟုတ်ဘူးလို့ ဖေဖော်ဝါရီလ ၁ဝ ရက်နေ့မှာ ကုမ္ပဏီက ထုတ်ပြန်ကြေညာလိုက်ပါတယ်။
2022-02-10
မြန်မာနိုင်ငံမှာ အကြမ်းဖက် လုပ်ရပ်တွေ တိုက်ဖျက်ရေးအတွက် အကူအညီပေးဖို့ စစ်ကောင်စီရဲ့ တောင်းဆိုချက်ကို နိုင်ငံတကာရဲတပ်ဖွဲ့က ပယ်ချလိုက်ပါတယ်။
2022-02-10
ရပ်စောက်မြို့နယ်၊ ကျောက်ဂူတိုက်နယ်ထဲမှာ RCSS နဲ့ SSPP တို့ကြား တိုက်ပွဲတွေကြောင့် ဒေသခံ နှစ်ထောင်လောက် ထွက်ပြေးနေကြရပါတယ်။