သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-02-10
ရာဇသတ်ကြီးဥပဒေပုဒ်မ - ၅၀၅ (ဂ) နဲ့ တရားစွဲခံထားရတဲ့ ဦးမြအေးကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ရုံးချိန်းပြီးနောက် အပြီးသတ်အမိန့်ချဖွယ်ရှိပါတယ်။
2022-02-10
တန့်ဆည်မြို့နယ် ကံထူးမရွာက ရဲစခန်းကို ဖေဖော်ဝါရီလ ၉ ရက်နေ့က PDF ပူးပေါင်းအဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။
2022-02-10
ဒီးမော့ဆိုမြို့နယ်ထဲမှာ စစ်ကောင်စီက ပစ်ခတ်လိုက် တဲ့ လက်နက်ကြီးကျည်ကြောင့် ဘုရားကျောင်း တစ်ကျောင်း ထိခိုက်ပျက်စီးသွားပါတယ်။
2022-02-10
ရန်ကုန်တိုင်းက ပြည်သူနှစ်ဦးကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ-၅၀(ည)နဲ့ ထောင်ဒဏ် တစ်သက် ချမှတ်လိုက်ပါတယ်။
2022-02-10
ဖေဖော်ဝါရီလ ၉ ရက်က မန္တလေးတိုင်း မဟာအောင်မြေမြို့နယ်ကို ရဲနဲ့စစ်တပ် တစ်နေကုန် ပိတ်ဆို့စစ်ဆေးပြီး လူ ၂၀ နီးပါးကို ဖမ်းဆီးခဲ့ပါတယ်။
2022-02-10
စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ် မုတ်သာကျေးရွာနဲ့ မောက်တက်ကျေးရွာက လူနေအိမ် တွေမီးရှို့ခံခဲ့ရပြီး အနည်းဆုံး လူလေးယောက် အဖမ်းခံထားရပါတယ်။
2022-02-10
ရန်ကုန်တိုင်း မြောက်ဒဂုံမြို့နယ်မှာ နေထိုင်တဲ့ ကိုကောင်းထက်ပိုင်ဟာ ဖေဖော်ဝါရီလ ၉ ရက် မနေ့ မနက်ပိုင်းက သူ့မိခင်နဲ့အတူ ဆိုင်ကယ်နဲ့သွားနေစဉ်မှာ စစ်ကောင်စီလုံခြုံရေး ယာဉ်တန်းတစ်ခုနဲ့တွေ့ပြီး ပစ်ခတ်ခံရလို့ သေဆုံးသွားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြောက်ဒဂုံ ဒေသခံတစ်ဦးက ပြောပါတယ်။
2022-02-09
ဖေဖော်ဝါရီလ ၉ရက်နေ့မှာ ၄၈ဦး၊ ၈ ရက်နေ့က မြန်မာအလုပ်သမား ၂၈ ဦးနဲ့ ထိုင်းအလုပ်ရှင် လေးဦး ဖမ်းဆီးခံခဲ့ရတယ်လို့ မဲဆောက်မြို့အခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောပါတယ်။
2022-02-09
Yokogawa Bridge Corp ဟာ ၂ဝ၁၄ ခုနှစ် မတ်လက မြန်မာစစ်တပ်ပိုင် MEC ကော်ပိုရေးရှင်းနဲ့ အကျိုးတူပူးပေါင်းဆောင်ရွက်ဖို့ နားလည်မှု စာချွန်လွှာကို လက်မှတ် ရေးထိုးခဲ့တာ တွေ့ရကြောင်း၊ အဲဒီနှစ်ကစပြီး စစ်တပ်ပိုင် MEC ကော်ပိုရေးရှင်းအတွက် သင်တန်းတွေ စတင်ပို့ချပြီး သံမဏိထုတ်လုပ်ရေးနဲ့ ဆောက်လုပ်ရေး နည်းပညာဆိုင်ရာ နည်းပညာလွှဲပြောင်းပေးဖို့ ဆောင်ရွက်ခဲ့တဲ့ အကြောင်း မနေ့က ထုတ်ပြန်တဲ့ HRW ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
2022-02-09
စစ်အာဏာရှင်အုပ်ချုပ်မှုကို ဆန့်ကျင်တဲ့ ကာတွန်းတွေအများအပြားဖန်တီးခဲ့သူ ရှမ်းအမျိုးသား ကာတွန်းဟန်လေး ကွယ်လွန်သွားတဲ့သတင်းတွေ လူမှုကွန်ရက်မှာ ကျယ်ကျယ်ပြန့်ပြန့်ဖော်ပြနေပါတယ်။
2022-02-09
ပဲခူးတိုင်းအနောက်ပိုင်း၊ ကြို့ပင်ကောက်မြို့နယ် ညောင်ပင်အိုင်ရွာအနီး စစ်ဆေးရေးဂိတ်မှာ ဖေဖော်ဝါရီ ၅ ရက်က စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက သေနတ်နဲ့ပစ်လို့ အသက်၂ဝ အရွယ် ကိုဖြိုးကျော်ဟန် သေဆုံးခဲ့တယ်လို့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။ ရုပ်အလောင်းကို ဖေဖော်ဝါရီ ၈ ရက်နေ့မှာမှ မိသားစုဆီ ပြန်ပေးခဲ့တယ်လို့လည်း ဆိုပါတယ်။
2022-02-09
ဒီလထဲမှာ ကျင်းပမယ့် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးကို မြန်မာနိုင်ငံက ကိုယ်စားလှယ်တွေ လွှတ်မှာမဟုတ်ဘူးလို့ အာဏာသိမ်းစစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဗုဒ္ဓဟူးနေ့က ပြောတဲ့အကြောင်း တရုတ်အစိုးရပိုင် CGTN သတင်းမှာ မနေ့က ဖော်ပြထားပါတယ်။
2022-02-09
မြန်မာနိုင်ငံမှာ ကိုဗစ်အတည်ပြုလူနာသစ် တစ်ရက်အတွင်း တစ်ထောင်ကျော် စစ်ဆေးတွေ့ရှိတယ်လို့ စစ်ကောင်စီထိန်းချုပ်တဲ့ ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
2022-02-09
အမ်းမြို့နယ်မှာ ၂၀၂၀ ရွေးကောက်ပွဲတုန်းက မဲနှစ်ကြိမ်ထည့်ခဲ့တယ်လို့ စွပ်စွဲခံရတဲ့ ဒေါ်မစိန် ဟာ ငွေဒဏ် ကျပ်တစ်သိန်း အမိန့်ချမှတ်ခံလိုက်ပါတယ်။
2022-02-09
ကရင်ပြည်နယ်မှာ အာဏာသိမ်း တစ်နှစ်တာကာလအတွင်း စစ်ဘေးဒုက္ခသည် ခုနစ်သောင်းကျော်အထိ တိုးလာပါတယ်။