သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-02-09
စစ်ကောင်စီရဲ့ UEC က NLD ပါတီရဲ့ ငွေကြေးနဲ့ အခြားပိုင်ဆိုင်မှုတွေကို စစ်ဆေးမယ်ဆိုရင် လက်မခံနိုင်ဘူးလို့ NLD ဗဟိုလုပ်ငန်းကော်မတီအဖွဲ့ဝင် ဦးငြိမ်းသစ်က ပြောလိုက်ပါတယ်။
2022-02-09
ပဲခူးတိုင်း၊ မြေပြာရွာမှာ ဖေဖော်ဝါရီ ၈ ရက်နေ့ညက ပျူစောထီးအဖွဲ့တွေကို ကြို့ပင်ကောက် PDF တွေက ဝင်တိုက်ခိုက်ခဲ့လို့ ငါးဦး သေဆုံးခဲ့ပါတယ်။
2022-02-09
ပုဒ်မ - ၅၀၅ (က) နဲ့ အမှုဖွင့်ခံထားရတဲ့ ရုပ်ရှင် ဒါရိုက်တာ ဝိုင်း ဟာ ဒီနေ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးတာခံလိုက်ရပါတယ်။
2022-02-09
လွိုင်ကော်မြို့နယ်မှာ ဖေဖော်ဝါရီ ပထမပတ်တိုက်ပွဲ တွေအတွင်း စစ်တပ်ဘက်က ၁၆ ဦး သေဆုံးခဲ့တယ်လို့ KNDF က ထုတ်ပြန်ပါတယ်။
2022-02-09
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ ပညာရေးဝန်ထမ်းတွေနဲ့ အထွေထွေအုပ်ချုပ်ရေးက ဝန်ထမ်းပေါင်း ၁၀၀ ကျော်အလုပ်ကနေ နုတ်ထွက်ကြပါတယ်။
2022-02-09
မန္တလေးတိုင်း မဟာအောင်မြေမြို့နယ် သံလျှပ်မှော် ရပ်ကွက်မှာ ဒီနေ့ စစ်တပ်က နေအိမ်တွေကို လိုက်လံစစ်ဆေးနေပါတယ်။
2022-02-09
ကရင်ပြည်နယ် သထုံခရိုင် ဘားအံမြို့နယ် KNU တပ်ရင်း (၁) ထိန်းချုပ်နယ်မြေထဲက နယ်ခြားစောင့်တပ် BGF နဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေ ရာထူးတာဝန်ကနေ နုတ်ထွက်ကြဖို့ ဖေဖော်ဝါရီ ၇ ရက်က သတိပေးထုတ်ပြန် ပါတယ်။
2022-02-09
စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ မကွေးတိုင်းကို ဖေဖော်ဝါရီ ၉ ရက်နေ့ရောက်မှာဖြစ်လို့ လုံခြုံရေးတင်းကျပ်ထားပါတယ်။
2022-02-08
တယ်လီနောမြန်မာဟာ ကိုယ်ရေးအချက်အလက်ကာကွယ်ရေးဥပဒေအရ ထိန်းသိမ်းဖို့ ပျက်ကွက်တယ်ဆိုပြီး စစ်ဆေးအရေးယူပေးဖို့ တယ်လီနောမြန်မာလိုင်း အသုံးပြုခဲ့တဲ့ မြန်မာနိုင်ငံသားတစ်ယောက်က နော်ဝေအစိုးရရဲ့ Norwegian Data Protection Authority အချက်အလက် ကာကွယ်ရေးဌာနကို ဖေဖော်ဝါရီ ၈ ရက်မှာ ဦးတိုက်လျှောက်ထားလိုက်ပါတယ်။
2022-02-08
စစ်ကိုင်းတိုင်း၊ တင်သားရွာကို လက်နက်ကြီးနဲ့ ပစ်ခတ်ခံရလို့ ရွာသား ကိုးယောက် ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ပြောပါတယ်။
2022-02-08
ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ ဖေဖော်ဝါရီ ၇ ရက်ညက စစ်တပ်နဲ့ AA တိုက်ပွဲဖြစ်ပွားပြီး အရပ်သားနှစ်ဦး သေဆုံးခဲ့ပါတယ်။
2022-02-08
မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်က ကိုအောင်ခန့်ဦးနဲ့ မိသားစုဝင်တွေဟာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးတာခံခဲ့ရပါတယ်။
2022-02-08
ချင်းပြည်နယ်က တိုက်ပွဲတွေကြောင့် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ကို တစ်ပတ်အတွင်း စစ်ဘေးဒုက္ခသည် ရှစ်ထောင်ခန့် ထွက်ပြေးခဲ့ပါတယ်။
2022-02-08
KNU နယ်မြေထဲမှာ ဇန်နဝါရီလထဲ စစ်ကောင်စီက ၃၉၉ ယောက် သေဆုံးခဲ့တယ်လို့ KNU က ဒီနေ့ ထုတ်ပြန်ထားပါတယ်။
2022-02-08
ထားဝယ်ထောင်တွင်း တရားရုံးကနေ ဖေဖော်ဝါရီ ၈ ရက် ဒီနေ့အထိ ပုဒ်မ အမျိုးမျိုးနဲ့ စွပ်စွဲခံရပြီး အမိန့်ချခံရသူပေါင်း ၁၇၂ ယောက်ရှိပါတယ်။