သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-03-10
ရွေးကောက်ပွဲ မဲမသမာမှုနဲ့ စွဲချက်တင်ခံထားရတဲ့ NLD အစိုးရ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုနဲ့ စည်ပင်ဝန်ကြီးဟောင်း ဦးမင်းအောင်တို့ကို စစ်တွေအကျဉ်းထောင် အထူးတရားရုံးမှာ မတ်လ ၁၀ ရက်နေ့ ဒီနေ့မှာ ရုံးထုတ်ခဲ့ပြီး ပြန်ခေါ်သက်သေတစ်ဦးကို စစ်ဆေးခဲ့တယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးဝင်းအောင်က RFA ကို ပြောပါတယ်။
2022-03-10
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် လက်ပန်တောရွာကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့ပြီးနောက်ပိုင်း ဒီနေ့အထိ သေဆုံးတဲ့ အရပ်သား ၁၂ ဦးအထိ ရှိလာနေပြီး နောက်ထပ် လူသုံးဦးလည်း ပျောက်ဆုံးနေတယ်လို့ လက်ပန်တောရွာခံတွေက RFA ကို ဒီနေ့ ညနေက ပြောပါတယ်။
2022-03-10
ကလေးမြို့နယ်မှာ မတ် ၇ ရက်နဲ့ ၈ ရက်၊ အချိန်နှစ်ရက်အတွင်း အရပ်သားနှစ်ဦး ပစ်သတ်ခံခဲ့ရသလို လက်နက်ကြီးကြောင့် ကလေး လေးဦး အပါအဝင် ခုနစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
2022-03-10
မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဂျပန်အစိုးရ အထူးကိုယ်စားလှယ် မစ္စတာ ဆာဆာကာဝါနဲ့ တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်အချို့ မတ်လ ၁၀ ရက် ဒီကနေ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
2022-03-10
ဦးမြအေးဟာ အင်းစိန်ထောင် အထူးတရားရုံးကနေ ရာဇသတ်ကြီး ဥပဒေပုဒ်မ - ၅၀၅ (ဂ) နဲ့ ဒီနေ့မှာ ထောင်ဒဏ် ၂ နှစ် ချမှတ်ခံလိုက်ရပါတယ်။
2022-03-10
စစ်တွေမြို့ အာဂျိတ်တော်ကုန်းက ကျူးကျော်တွေလို့သတ်မှတ်ခံထားရတဲ့ နေအိမ် ၁၀၀ ကျော်ကို ရဲ၊ စစ်တပ်အပါအဝင် ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ အလုပ်သမား ၁၀၀ ကျော်က မတ်လ ၁၀ ရက်နေ့မှာလာပြီးဖယ်ရှားခဲ့လို့ လူ၂ဝဝကျော် အိုးမဲ့အိမ်မဲ့ဖြစ်သွားပါတယ်။
2022-03-10
ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်တဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နဲ့ UPDJC နိုင်ငံရေးပါတီများ အစုအဖွဲ့တို့ မတ်လ ၆ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံခဲ့ကြပြီးနောက် UPDJC ကနေ နုတ်ထွက်လိုက်ကြောင်း ရခိုင့်ဦးဆောင်ပါတီ (AFP) ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က RFA ကို ဒီကနေ့ ပြောပါတယ်။
2022-03-10
ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နေပြည်တော်မြို့တော်ဝန် ဒေါက်တာ မျိုးအောင် ဟာ ကျန်းမာရေးမကောင်းလို့ ဆေးရုံတက်ကုသမှုခံယူဖို့ စီစဉ်နေပါတယ်။
2022-03-10
ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒီ/ကျေးအုပ်စု၊ ဒေါငံခါးကျေးရွာဘက်မှာ မတ်လ ၁၀ ရက် ဒီနေ့ မနက်က စစ်ကောင်စီတပ်က လေကြောင်းကနေ တိုက်ခိုက်ရာမှာ အိုမင်းမစွမ်း သီလရှင်ကျောင်းကို ဗုံးကျရောက် ပေါက်ကွဲပြီး ပျက်စီးသွားတယ်လို့ ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (DMO – PDF) က ထုတ်ပြန်ပါတယ်။
2022-03-10
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်က စစ်ကောင်စီတပ်သားတွေ တပ်စွဲထားတဲ့ ကံကြီးကုန်းရွာကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ခြောက်ဖွဲ့ ပူးပေါင်းပြီး မတ်လ ၉ ရက် မနေ့က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးအဖွဲ့ဝင် ၁၂ ဦး သေဆုံးခဲ့ပါတယ်။
2022-03-09
မကွေးတိုင်း၊ ပေါက်မြို့နယ်၊ အင်းငယ်ဒေါင့်ရွာထဲကို မတ်လ ၅ ရက်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးတွေ ဝင်ရောက်လာပြီးနောက် လေးနှစ်အရွယ်ကလေးနဲ့ မိခင်ဖြစ်သူတို့ အသတ်ခံလိုက်ရတယ်လို့ အဲဒီရွာနဲ့ နီးစပ်သူတွေက ပြောပါတယ်။
2022-03-09
ပြီးခဲ့တဲ့ ဇန်နဝါရီလက ဝန်ကြီးချုပ်ဟွန်ဆန် မြန်မာနိုင်ငံကို သွားရောက်ပြီး စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံခဲ့တဲ့ ခရီးစဉ်ကိုလည်း မစ္စတာဆာဆာကာဝါက ထောက်ခံကြောင်း မတ်လ ၇ ရက်က ဝန်ကြီးချုပ်ဟွန်ဆန်ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။
2022-03-09
မန္တလေးတိုင်း၊ မြစ်ငယ်မြို့ မီးရထားပိုင်မြေမှာ CDM လုပ်ထားတဲ့ မီးရထားဝန်ထမ်းတွေနဲ့ မြို့ပေါ်က ကျူးကျော်နေထိုင်သူတွေကို မတ်လ ၅ ရက်နေ့ကစပြီး စစ်ကောင်စီက ဖယ်ရှား ရှင်းလင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-03-09
PDF တပ်ဖွဲ့ဝင် ၁၁ ယောက်အပြင် လူသားဒိုင်းအဖြစ် စစ်ကောင်စီက ဖမ်းသွားတဲ့ အရပ်သား နှစ်ယောက်လည်း အသတ်ခံခဲ့ရတယ်လို့ ဒေသခံတစ်ယောက်က RFA ကိုပြောပါတယ်။
2022-03-09
ထိပ်သီးညီလာခံကို မတ်လ ၂၇ နဲ့ ၂၈ ရက်နေ့တွေမှာကျင်းပမယ်လို့ အမေရိကန်က ကြေညာထားတာဖြစ်ပြီး အဲဒီရက်တွေမှာ အာဆီယံနိုင်ငံတချို့က ခေါင်းဆောင်တွေမတက်ရောက်နိုင်တာကြောင့် ရွှေ့ဆိုင်းလိုက်တာလို့ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးက ဖုန်းမက်ဆေ့ ကနေတဆင့် ပြောတယ်လို့ ဆိုပါတယ်။