ကျောင်းသားတွေ နိုင်ငံရေး ကင်းရှင်းရင် အခွင့်အရေးပေးမယ် ပါမောက္ခချုပ် ပြော

ရန်ကုန်တိုင်း သံလျင်မြို့နယ်က အရှေ့ပိုင်းခရိုင် တက္ကသိုလ်ပါမောက္ခချုပ်က ကျောင်းသားတွေ နိုင်ငံရေးနဲ့ ကင်းကင်း ရှင်းရှင်းနေမယ်ဆိုရင် စာသင်နှစ်တွေမှာ အခွင့်အရေးပေးမယ်လို့ ခေါ်ယူ ပြောဆိုနေကြောင်း စုံစမ်းသိရှိရပါတယ်။

2012.03.02
university_305_Z.jpg ရန်ကုန်မြို့ရှိ တက္ကသိုလ်တခု၏ ဂိတ်ဝကိုတွေ့ရစဉ်
Photo: AFP

ဒါ့အပြင် သံလျင်မြို့နယ် အထက (၁) မှာလည်း ဆယ်တန်းဖြေမယ့် ကျောင်းသားတွေကို စာမေးပွဲဖြေဆိုခွင့် ကတ်ပြား ထုတ်ပေးနေရာမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလက ကျင်းပခဲ့တဲ့ ပညာရေးစုံညီပွဲအတွက် ကောက်ခံထားတဲ့ ငွေ ၁၅၀၀ မပေးသေးတဲ့ ကျောင်းသားတွေကို ကတ်ပြားထုတ်မပေးကြောင်း ဗကသများအဖွဲ့ချုပ် တွဲဖက်အတွင်းရေးမှူး ကိုမင်းသွေးသစ်က အာအက်ဖ်အေကို ပြောပါတယ်။

လာမယ့် မတ် ၁၂ ရက်ကစပြီး ဆယ်တန်းစာမေးပွဲ ဖြေဆိုကြရမှာကြောင့် အခုလို ငွေ ၁၅၀၀ ပေးမှ စာဖြေခွင့်ကတ်ပြား ထုတ်ပေးတဲ့အတွက် ငွေကြေးချို့တဲ့ တဲ့ကျောင်းသားတွေ အခက်တွေ့နေတယ်လို့ ဆိုပါတယ်။

သံလျင်မြို့နယ်က တက္ကသိုလ်ကျောင်းသားတွေ သမဂ္ဂဖွဲ့ပြီးတဲ့နောက် အရှေ့ပိုင်းခရိုင် တက္ကသိုလ်ပါမောက္ခချုပ်က နိုင်ငံရေးမှာ ပါဝင်ပတ်သက်တဲ့ ကျောင်းသားတွေကို ကျောင်းထုတ်တဲ့ အဆင့်အထိ အရေးယူမယ်လို့ ခေါ်ယူပြောဆိုခဲ့တာကို အာအက်ဖ်အေက တင်ပြခဲ့ပြီးဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2012-03-02 10:23

့့Why r they that chauvinists? Political science would bring our students and youths to life.

Anonymous
2012-03-02 10:53

ကျောင်းသားတွေ ကြံ့ဖွံ့ဝင်ရတာဟာ နိုင်ငံရေးမဟုတ်ဘူးလား ပါကမောက်ကမကြီးရယ်

Anonymous
2012-03-02 21:08

ပါမောက္ခချုပ်ဖြစ်ပြီး စိတ်ဓာတ်ရေးရာကအစ ညစ်ပတ်နေတုန်းပဲလား။ ရွှေရည်စိမ်တဲ့ ဂျပန်ပေးတဲ့ ဒီမိုကရေစီလား။

Anonymous
2012-03-02 22:13

They are still practising 88's practises. Condemn that kind of rector who wants to keep his position only....

Anonymous
2012-03-16 06:14

hote tal,,u kyaw ye'htun (yu nay lar>ma thi par woo,,