ကျောင်းသားတွေ နိုင်ငံရေး ကင်းရှင်းရင် အခွင့်အရေးပေးမယ် ပါမောက္ခချုပ် ပြော
2012.03.02
ရန်ကုန်မြို့ရှိ တက္ကသိုလ်တခု၏ ဂိတ်ဝကိုတွေ့ရစဉ်
Photo: AFP
ဒါ့အပြင် သံလျင်မြို့နယ် အထက (၁) မှာလည်း ဆယ်တန်းဖြေမယ့် ကျောင်းသားတွေကို စာမေးပွဲဖြေဆိုခွင့် ကတ်ပြား ထုတ်ပေးနေရာမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလက ကျင်းပခဲ့တဲ့ ပညာရေးစုံညီပွဲအတွက်
ကောက်ခံထားတဲ့ ငွေ ၁၅၀၀ မပေးသေးတဲ့ ကျောင်းသားတွေကို ကတ်ပြားထုတ်မပေးကြောင်း ဗကသများအဖွဲ့ချုပ် တွဲဖက်အတွင်းရေးမှူး ကိုမင်းသွေးသစ်က အာအက်ဖ်အေကို ပြောပါတယ်။
လာမယ့် မတ် ၁၂ ရက်ကစပြီး ဆယ်တန်းစာမေးပွဲ ဖြေဆိုကြရမှာကြောင့် အခုလို ငွေ ၁၅၀၀ ပေးမှ စာဖြေခွင့်ကတ်ပြား ထုတ်ပေးတဲ့အတွက် ငွေကြေးချို့တဲ့ တဲ့ကျောင်းသားတွေ
အခက်တွေ့နေတယ်လို့ ဆိုပါတယ်။
သံလျင်မြို့နယ်က တက္ကသိုလ်ကျောင်းသားတွေ သမဂ္ဂဖွဲ့ပြီးတဲ့နောက် အရှေ့ပိုင်းခရိုင် တက္ကသိုလ်ပါမောက္ခချုပ်က နိုင်ငံရေးမှာ ပါဝင်ပတ်သက်တဲ့ ကျောင်းသားတွေကို ကျောင်းထုတ်တဲ့
အဆင့်အထိ အရေးယူမယ်လို့ ခေါ်ယူပြောဆိုခဲ့တာကို အာအက်ဖ်အေက တင်ပြခဲ့ပြီးဖြစ်ပါတယ်။









