ကျောင်းသားထု လိုလားချက်နဲ့ မကိုက်ရင် သပိတ်ပြန်စမည်

2015-06-21
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
မြန်မာနိုင်ငံ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် NNER ရဲ့ ဒုတိယအကြိမ် ညီလာခံကို ဇွန်လ ၂၀ ရက်နေ့က ရန်ကုန်မြို့ ခဝဲခြံ မျက်မမြင်ကျောင်းမှာကျင်းပစဉ်
မြန်မာနိုင်ငံ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် NNER ရဲ့ ဒုတိယအကြိမ် ညီလာခံကို ဇွန်လ ၂၀ ရက်နေ့က ရန်ကုန်မြို့ ခဝဲခြံ မျက်မမြင်ကျောင်းမှာကျင်းပစဉ်
Photo: Thiha Tun/ RFA

ပြည်ထောင်စုလွှတ်တော်က ဇွန်လ ၁၈ ရက်နေ့က အတည်ပြုလိုက်တဲ့ အမျိုးသားပညာရေးဥပဒေဟာ ကျောင်းသား ထု တောင်းဆိုထားတဲ့ အချက် ၁၁ ချက်နဲ့ မကိုက်ညီခဲ့ရင် သပိတ်တိုက်ပွဲပြန်စမယ်လို့ ဒီမိုကရေစီ ပညာရေးလှုပ်ရှား မှု ဦးဆောင်ကော်မတီ က RFA ကို ပြောဆိုပါတယ်။

ပြည်ထောင်စုလွတ်တော်မှာ အမျိုးသားပညာရေးဥပဒေမူကြမ်းကို ဆွေးနွေးရာမှာလည်း အစိုးရ၊ လွတ်တော် NNER အဖွဲ့နဲ့ ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီစတဲ့ အဖွဲ့တွေရဲ့လေးပွင့်ဆိုင် သဘောတူညီချက်တွေနဲ့ မကိုက်ညီမှုတာ တွေ့ရတယ်လို့ ဆိုပါတယ်။

ဗကသများအဖွဲ့ချုပ်က ဒီမိုကရေစီပညာရေး ဦးဆောင်ကော်မတီအဖွဲ့ဝင် ကိုအောင်နေပိုင်က အခုလို ပြောပါတယ်။

"ဒီလိုဗျာ၊ သပိတ်ကရှိနေတယ်၊ သပိတ်ကမှောက်ထားတုန်းဘဲ၊ ဒါသပိတ်မှောက်ထားဆဲ ဖြစ်တယ်ပေါ့လေ၊ ကျန်တဲ့ သပိတ်စစ်ကြောင်းတွေကို ကြည့်မယ်ဆို ရင်လည်း မြေလတ်သပိတ်စစ်ကြောင်းတို့၊ ဧရာဝတီ၊ ထားဝယ်စစ်ကြောင်းတွေ ကိုယ်တိုင်လည်း သပိတ်ကိုရပ်နားထားပြီးတော့ ၁၁ ချက်နဲ့ အညီဖြစ်မလာဘူး ဆိုရင် သပိတ်တွေဆက်လက်ထွက်ခွာမယ့် အခြေအနေတွေရှိတယ်၊ ကျနော်တို့ တောင်းဆိုတဲ့အတိုင်းဖြစ်မလာဘူး ဆိုရင် တစ်စုံတစ်ရာတုန့်ပြန်မှုအခြေအနေ ရှိလာပြီ၊ ကျောင်းသားတွေဘက်က လှုပ်ရှားမှုတွေဆက်ပြီးတော့ လုပ်သွားဖို့အခြေအနေဖြစ်လာပြီ"

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လှုပ်ရှားမှုတွေ ပြန်လည်စတင်ဖို့ ဆွေးနွေးညှိနိုင်းဖွယ်ရှိတယ်လို့ ကိုအောင်နေပိုင် က ပြောပါတယ်။

အလားတူ NNER အဖွဲ့ကလည်း ဇွန်လ ၂၀ရက်နေ့က  ကျင်းပပြီးစီးသွားတဲ့ အဖွဲ့ရဲ့ ညီလာခံအပြီးမှာ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီကြေညာချက် ထဲမှာ လေးပွင့်ဆိုင်သဘောတူညီချက်ကို အမြန်ဆုံး အကောင်အထည်ဖေါ် နိုင်ရေးအတွက်၊ နိုင်ငံတော် သမ္မတထံ စာတင်မှာဖြစ်သလို၊ လက်ပံတန်းမှာ ဖမ်းဆီး ခံနေရတဲ့ ကျောင်း သားတွေ ပြန်လွတ်ပေးဖို့လည်း တောင်းဆိုထားပါတယ်။

ကျောင်းသားသပိတ်တွေ ပြန်လည်စတင်မယ့် ကိစ္စနဲ့ပတ်သက်ပြီး၊ ဗကသများအဖွဲ့ချုပ်က ဒီမိုကရေစီပညာရေး ဦးဆောင်ကော်မတီအဖွဲ့ဝင် ကိုအောင်နေပိုင်ကို ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင် ပါတယ်။

အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ချက်နဲ့ ပတ်သက်ပြီး အမျိုးသားလွှတ်တော်ဥပဒေကြမ်းကော်မတီ ဥက္ကဌ ဦးခင်မောင်ရီ ကို ဒေါ်ခင်ခင်အိ ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

ကွန်မင့်များ (10)
Share

ကောင်းဇံ

လိုလားချက်​ မကိုက်​လည်းပြ
ကိုက်​လည်းပြ စိတ်​ကြိုက်​သာပြ
အ​ကြောင်းမရှိအ​ကြောင်းရှာပြ
ကျောင်း​တွေမတက်​ကျ​တော့
အား​နေကြယ်​ဆို​တော့ ပြခြင်​တဲ့အချိန်​ပြကြ

Jul 03, 2015 05:25 AM

(

အခု ပညာ​ရေးအဆင့်​တန်းမြှင့်​​စေတဲ့ သင်​ရိုးညွှန်းတမ်း ဆရာဆရာမ ​ကျောင်းသား​ကျောင်းသူ အရည်​အ​သွေးမြှင့်​​စေဖို့ကို အကြံပြု မ​ဆွေး​နွေးပဲ အဲဒီအ​ရေးကြီးတဲ့ ​အ​ခြေခံ​ခေါင်းစဉ်​ကို မဦးတည်​ပဲ သမဂဖွဲ့ ဖို့က အ​ရေးကြီး​နေတာလား သမဂ​ခေါ်၂ ​ကျောင်း​ကောင်​စီ​ခေါ်၂ အသင်း​ခေါ်၂ အနှစ်သာရက ​ကျောင်းသားများရဲ့လူမှု​ရေးကိတ်​စ ​ကျောင်း​ရေးရာကိတ်​စလုပ်​ဖို့ပဲ။
အချုပ်​သုံးသပ်​ရရင်​ NNER နိုင်​ငံခြားအ​ထောက်​အပံ​တွေ တနှင့်​တပိုးယူထားပီးပီ
သူတို့အလိုကျ မလုပ်​​ပေးနိုင်​​တော့ ​နောက်​က ခိုင်းတဲ့အတို​င်းလုပ်​ရအုန်းမယ်
ခေါင်းစဉ်​မျိုးစုံတတ်​ပီး က​လေး​တွေကို ​မြှောက်​​ပေးပီး လမ်း​ပေါ်ထွက်​ခိုင်းအုန်းမယ်

Jun 23, 2015 09:18 PM

ပြော​တော့ဒီမို လုပ်​​တော့ ဥပ​ဒေဆန့်​ကျင်​​ရေး

ပြော​တော့ဒီမိုက​ရေစီ .. လုပ်​​တော့ ဥပ​ဒေနဲ့ ဆန့်​ကျင်​ပီး က​လေး​တွေကို ​မြှောက်​​ပေးတဲ့အလုပ်​။
ဥပ​ဒေ​ဘောင်​အတွင်းက ညှိနိုင်း​ဆောင်​ရွက်​တဲ့အ​လေ့ကျင့်​​တွေသွားရမှာ ဥပ​ဒေကိုဆန့်​ကျင်​ပီး ထစ်​ကနဲရှိ လမ်း​ပေါ်ထွက်​မယ်​ချည်းပဲ
NNER ​ရေ.. ပထမ က မင်းတို့ဆွဲထားတဲ့ဥပ​ဒေမူကြမ်းကိုမသိလို့​ထောက်​ခံတာ။
ခုတ​ခေါက်​က မင်းတို့ဆွဲ တဲ့ဥပ​ဒေမူကြမ်းပါအချက်​​တွေက ဘယ်​ကိုဦးတည်​​နေလဲဆိုတာ သိသွားလို့ လုံးဝမ​ထောက်​ခံ​တော့တာ
အဆိုးဆုံးက က​လေး​တွေကို ဥပ​ဒေချိုး​ဖောက်​တဲ့လမ်းမှားကို​ရှေ့​ဆောင်​ဦးပြ သင်​​ပေး​နေတာပဲ။

Jun 23, 2015 10:57 AM

ပွဲလန့်ဖျာမခင်းကြပါနဲ့

အကုန်​အရူး​တွေပဲ စစ်​အာဏာရှင်​လက်​ထက်​မှ ဘယ်​သူ့ မှမလှုပ်​ရဲဖူး
ဒီမိုက​ရေစီအသွင်​ကူး​ပြောင်း​ရေးလဲကျ​ရော ဖြစ်​နိုင်​တာ​ရော မဖြစ်​နိုင်​တာ​ရော ​တောင်းလိုက်​ကြတာ
ဒေါ်စုတက်​လည်း ​နေခြင်း ဒါမှမဟုတ်​ အစိုးရသက်​တမ်းအတွင်း ဥုံဖွမလုပ်​နိုင်​ဖူး
အိုဘားမားလာလဲမရဖူး။ ဘယ်​အရာမှ​နေချင်းညချင်း မလုပ်​နိုင်​ဖူး
အခုက စံနစ်​ထက်​ လူ​တွေကအသုံးမကျတာ
အစိုးရ​ကော အတို​က်​ခံအင်​အားစုကို အတူတူပဲ

Jun 22, 2015 06:06 PM

အမည်မဖော်လိုသူ

Education reform is not the urgent issue , It need many years to solve all these mess. NNER should not put these issues using the young minds and destroy the life of young. They will end up in jail - approach proper channel for changes.

Jun 21, 2015 11:30 PM

Mr. Right

You are right .
But why NNER and so called self selected students leaders are demanding urgently ?
Are they all fools ?

Jun 23, 2015 11:00 AM

မှတ်ချက်အားလုံးကို ဖတ်ရှုရန်.

ဆိုက်တခုလုံးသို့