ကျောင်းသားတွေ စာရေးကိရိယာနဲ့ ဝတ်စုံရမယ်

2016-05-17
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ကျောင်းတက်နေတဲ့ မူလတန်းကျောင်းသားတွေကို တွေ့ရစဉ်
ကျောင်းတက်နေတဲ့ မူလတန်းကျောင်းသားတွေကို တွေ့ရစဉ်
Photo: RFA

၂၀၁၆ -၂၀၁၇ ပညာသင်နှစ်မှာ အခြေခံပညာကျောင်းသားတွေ တက်ရောက်မယ့် အတန်းပေါ်မူတည်ပြီး အစိုးရဘက်က အခမဲ့ထောက်ပံ့မှုတွေ စီစဉ်ပေးသွားမှာ ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန က ထုတ်ပြန်ကြေညာ လိုက်ပါတယ်။

သူငယ်တန်းအတွက် ကျောင်းဝတ်စုံတစ်စုံ၊ မူလတန်းအဆင့်အတွက် ကျောင်းဝတ်စုံ ၁ စုံ ၊ ဗလာစာအုပ် ၆ အုပ် နဲ့ ကျောင်းသုံးပြဌာန်းစာအုပ် ၁ စုံစီ အခမဲ့ပေးသွားမှာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒါ့အပြင် အလယ်တန်းနဲ့ အထက်တန်းအဆင့်တွေအတွက် ကျောင်းသုံးပြဌာန်းစာအုပ် ၁ စုံစီ၊ ကျောင်းလခ၊ မိဘဆရာအသင်းကြေး၊ အားကစားကြေး၊ စာရေးကိရိယာ နဲ့ စာကြည့်တိုက်ကြေး စတာတွေကိုလည်း ကင်းလွတ်ခွင့် ရှိမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ပညာရေးဝန်ထမ်းတွေအနေနဲ့ ကျောင်းအပ်နှံတဲ့ ကျောင်းသားတွေဆီကနေ ငွေကြေးကောက်ခံတာ၊ လက်ဆောင်ပစ္စည်း လက်ခံတာတွေ မပြုလုပ်ဖို့ နဲ့  ကျောင်းတံဆိပ်၊ အတန်းတံဆိပ် အပါအဝင် ဘယ်ပစ္စည်းကိုမှ မရောင်းချဖို့ ပညာရေးဝန်ကြီးဌာနက သတိပေးထားပါတယ်။

ဒါ့အပြင် ကျောင်းသားမိဘတွေအနေနဲ့လည်း ကျောင်းအပ်နှံဖို့အတွက် ကျောင်းအုပ်အပါအဝင် ဆရာ/ဆရာမတွေ ကို လက်ဆောင်နဲ့ ငွေကြေးတွေ မပေးကြဖို့လည်း မေတ္တာရပ်ခံထားပါတယ်။

ကျောင်းသုံးပြဌာန်းစာအုပ်တွေကို NLD ပါတီရဲ့မျှဝေခြင်းအစီအစဉ်နဲ့ ချိတ်ဆက်ပြီး ဖြန့်ဝေပေးသွားမှာ ဖြစ် ပြီး ကျောင်းအပ်နှံရေးကာလကို နှစ်စဉ် မေလ ၂၅ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ သတ်မှတ် ထားကြောင်းလည်း ပါရှိပါတယ်။

ကွန်မင့်များ (2)
Share

အမည်မဖော်လိုသူ

အင်မတန်မှ မင်္ဂလာရှိတဲ့ အစီအစဉ်နဲ့ မင်္ဂလာသတင်းကောင်းပါ။
ဆရာဆရာမ တွေအတွက်လည်း ကျောင်းဝတ်စုံတစ်စုံစီ၊ သင်ထောက်ကူ တန်ဆာပလာတွေ၊ ကောင်းမွန်တဲ့ ပညာရေးမူဝါဒတွေ၊ စသဖြင့် ပညာရေးဝန်ထမ်းတွေနဲ့ မိဘတွေရဲ့ပူးပေါင်းပါဝင်မှု နဲ့ အစိုးရရဲ့ ပညာရေးအတွက် တံခါးဖွင့်မူအားဖြည့်မူဝါဒတွေ ပူးပေါင်းရင် မြန်မာပြည်ရဲ့ အနာဂတ် ကောင်းမွန်လှပမှာ မလွဲမသွေပါ။

May 18, 2016 11:50 AM

အမည်မဖော်လိုသူ

ပညာရေးဝန်ထမ်းတွေအနေနဲ့ ကျောင်းအပ်နှံတဲ့ကျောင်းသားတွေဆီကနေ ငွေကြေးကောက်ခံတာ၊ လက်ဆောင်ပစ္စည်း လက်ခံတာတွေ မပြုလုပ်ဖို့ နဲ့ ကျောင်းတံဆိပ်၊ အတန်းတံဆိပ် အပါအဝင် ဘယ်ပစ္စည်းကိုမှ မရောင်းချဖို့ ပညာရေးဝန်ကြီးဌာနက သတိပေးထား တာ ကောင်းပါတယ်။ ဒါပေမဲ့ ကျောင်းမှာ လိုအပ်တာ ဆရာ ဆရာမ တွေ အသုံးအဆောင် တွေ လိုအပ်တာတွေ အတွက် အစိုးရ က ထောက်ပံ့မဲ့ အစီအစဉ်ရှိမှ အဲဒါတွေ ပိုအောင်မြင်မှာပါ။

May 17, 2016 08:39 PM

ဆိုက်တခုလုံးသို့