ဖုန်းမော်နေ့အထိမ်းအမှတ် မုံရွာတက္ကသိုလ်ကျောင်းသားတွေ ကုသိုလ်လုပ်

၁၉၈၈ ခုနှစ်၊ မတ်လ (၁၃) ရက်နေ့က စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ရင်း ကျဆုံးခဲ့တဲ့ ရန်ကုန် စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော် အထိမ်းအမှတ်အဖြစ် မုံရွာတက္ကသိုလ်အသီးသီးက တကသအဖွဲ့ဝင်တွေနဲ့ ကျောင်းသား သမဂ္ဂများပေါ်ပေါက်ရေးကော်မတီ (မုံရွာခရိုင်)က ဒီကနေ့ မနက်ပိုင်းက မိဘမဲ့ကလေး (၅၀)ကျော်ကို ကျောင်းသုံးပစ္စည်းတွေလှူဒါန်းခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။

2012.03.11

ကုသိုလ်ပွဲကို မုံရွာမြို့ အနောက်ဘက်ကမ်း ထနောင်းကုန်း ဘုန်းကြီးကျောင်းမှာ ပြုလုပ်ခဲ့တာလို့ ကျောင်းသားသမဂ္ဂများ တရားဝင်ပေါ်ပေါက်ရေးကော်မတီ(မုံရွာခရိုင်)က ကိုနွေဦးကိုက ပြောပါတယ်။

"အဓိကကတော့ ကျောင်းသားတွေတွေ့ဆုံပွဲရယ်။ နောက်ပြီးတော့ ကိုဖုန်းမော်နေ့အထိမ်းအမှတ်ရယ် အလှူအတန်းလေးပေါ့နော်။ အဲဒီနှစ်ခုအောက်မှာ မုံရွာမြို့ရဲ့ ချင်းတွင်းမြစ်အနောက်ဖက်က ထနောင်းကုန်းကျေးရွာက ပရဟိတကျောင်းပေါ့နော် ကျောင်းသားတွေအတွက်ကို စာအုပ်တွေ ဘောပင်တွေ၊ ခဲတံတွေ လှူတယ်ခင်ဗျ။ ပြီးတော့ကြတော့ ကျနော်တို့ မနက်စာကျွေးတယ် ခင်ဗျ။ ကျောင်းသားတွေကို ကျနော်တို့ထည့်ပါတယ် အလှူငွေ တသိန်းခွဲလောက်ရှိပါတယ် ခင်ဗျ။ ကိုဖုန်းမော် အထိမ်းအမှတ်လှူဒါန်းတာတွေအပြီးမှာ မုံရွာမြို့ တက္ကသိုလ်အသီးသီးက တကသအဖွဲ့ဝင်တွေနဲ့ မန္တလေး၊ မြင်းခြံစတဲ့ အထက်ဗမာပြည် တက္ကသိုလ်အသီးသီးက ကျောင်းသားတွေ တွေ့ဆုံဆွေးနွေးပွဲ တခုဆက်လက်ပြုလုပ်ခဲ့ပါတယ်။"

အဲဒီဆွေးနွေးပွဲမှာ မုံရွာ၊ မန္တလေး၊ မြင်းခြံ စတဲ့ခရိုင်တွေက တက္ကသိုလ်အသီးသီးက တကသ အမှုဆောင် ကိုယ်စားလှယ် (၇၀)နီးပါး တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2012-03-12 01:27

ညီအကိုတို့ရေ ဖုန်းမော်နေ့တော့ တရားဝင်သလောက် ဖြစ်နေပါပြီ။ ကျောင်းသားသမဂ္ဂ အဆောက်အဦ (အဟောင်း နေရာမှာ) ဆောက်ဦသစ် ပြန်ဆောက်ခွင့် ရရေး လှုပ်လျှားနေကြတာလည်း ကြားရလို့ ၀မ်းသာ ၀မ်းနည်း ဖြစ်ရပါတယ်။ အဓိကက အဝေးသင် ဖြစ်နေကြရှာတဲ့ တို့ရင်သွေးလေးတွေ သမိုင်းဝင် တက္ကသိုလ်ဟောင်းတွေ နေရာမှာ ကျောင်းသူကျောင်းသား အဆောင်သူ အဆောင်သားတွေ အဖြစ်နဲ့ ပြန်လည် စည်လွင်သာယာ လာဖို့အရေးကို ဆက်လက်တိုက်ပွဲ ၀င်သွားကြဖို့ အကြံပေးပါရစေ။ အဓိပတိလမ်းနဲ့ ဘွဲ့နှင်းသဘင်ဆိုတာ ဘွဲ့ပေးမယ့် နေ့ကျမှ စည်ကားတာမျိုးက လက်တလုံးခြားတွေရဲ့ တခုသော မျက်လှည့်မဟုတ်ပါလား။