အရေးပေါ် အသိပေးကြေညာချက် သပိတ်စစ်ကြောင်း ထုတ်ပြန်


2015.03.09
students-letpadan-620.jpeg လက်ပံတန်းမြို့မှာ ၂ဝ၁၅ ခုနှစ် မတ်လ ၄ ရက်နေ့က ရဲတပ်ဖွဲ့ရဲ့ ပိတ်ဆို့ထားခြင်းကိုခံရတဲ့ ကျောင်းသားသပိတ်စစ်ကြောင်း ကို တွေ့ရစဉ်
Photo: Kyaw Zaw Win/RFA

အစိုးရအနေနဲ့ အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေး ပင်မကျောင်းသား သပိတ်စစ်ကြောင်းအပေါ် ပိတ်ဆို့ထား တာအပါအဝင် လက်ရှိအခြေအနေ အကြပ်အတည်းတွေ ကို တက္ကသိုလ်ဝင်တန်း စာမေးပွဲတွေ မကျင်းပခင် ဖြေ ရှင်းပေးဖို့ ပင်မသပိတ်စစ်ကြောင်းက အရေးပေါ် အသိပေးကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

တက္ကသိုလ်ဝင်တန်း စာမေးပွဲတွေကို မတ်လ ၁၁ ရက်နေ့ မှာ ကျင်းပမှာဖြစ်တာကြောင့်၊ မတ်လ ၁၀ ရက်၊ မနက် ၁၀ နာရီ နောက်ဆုံးထားပြီး ဖြေရှင်းပေးဖို့ တောင်းဆိုထား ပါတယ်။

ဒီကြေညာချက်နဲ့ပတ်သက်ပြီး ဗကသအဖွဲ့ဝင် သပိတ်မှောက် ဦးဆောင် ကျောင်းသားတစ်ဦးဖြစ်သူ ကိုအောင်နေပိုင် က ပြောပါတယ်။

"ဒီနေ့ထုတ်ပြန်ချက်ကတော့ အဓိကကတော့ ကျနော်တို့အနေနဲ့ ဒီနေရာမှာ အရမ်းကြာနေပြီ၊ တွေ့ဆုံ ညှိနှိုင်းရေးကို သွားနေတယ်၊ ကျနော်တို့ အချက် ၈ ချက်ကို တောင်းပြီး ရန်ကုန်ဝင်မယ်၊ လူစုခွဲပြီး ပဲခူးတိုင်း နယ်လုံဝန်ကြီးနဲ့ ညှိနေတာကိုလည်း သူတို့အချိန်ဆွဲထားတယ်၊ နောက်တစ်ခုက ရက်တွေအရမ်းကြာလာပြီး မိဘပြည်သူတွေ စိုးရိမ်နေတဲ့ ၁၀ တန်းစာမေးပွဲနဲ့ အရမ်းကပ်အောင် အချိန်ဆွဲနေတယ်လို့ ကျနော်တို့မြင် တယ်၊ ၁၀ တန်း စာမေးပွဲ မတိုင်ခင် ၁၀ ရက်နေ့မနက် ၁၀ နာရီမှာ နောက်ဆုံးထား ပြီးတော့ ညှိနှိုင်းဖို့ ကျနော်တို့ရဲ့မူလအစီအစဉ်တိုင်း အချက် ၈ ချက်ပါနဲ့အညီကျနော်တို့ရန်ကုန်ကို ဆက်လက်ပြီးထွက်ခွာ ဖို့တောင်းဆိုထားပါတယ် "

အစိုးရအနေနဲ့ အလေးအနက်ထား ဖြေရှင်းမပေးဘူးဆိုရင် နောက်ဆက်တွဲဖြစ်ပေါ်လာနိုင်တဲ့ အကျိုးဆက် ပြဿနာ အရပ်ရပ်ဟာ အစိုးရရဲ့တာဝန် သာဖြစ်ကြောင်းလည်း ပင်မသပိတ်စစ်ကြောင်းရဲ့ အရေးပေါ်အသိပေးကြေညာချက် မှာ ဖော်ပြထားပါတယ်။

လတ်တလော အခြေအနေတွေနဲ့ ပတ်သက်ပြီး ဗကသ အဖွဲ့ဝင် ကိုအောင်နေပိုင် ကို ဦးသစ်ဆင်းက ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။