သမဂ္ဂအဆောက်အဦးကို အများပြည်သူထည့်ဝင်ငွေ နဲ့ ဆောက်လုပ်ဖို့ ဝန်ကြီးချုပ်ထံ တင်ပြ


2017.02.15
khinmaungnyunt-620.jpg ရန်ကုန် တက္ကသိုလ်ကျောင်းသားသမဂ္ဂ စာကြည့်တိုက်ကော်မတီဝင် ဦးခင်မောင်ညွန့်ကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့က တွေ့ရစဉ်
Photo: Thant Zin Oo/ RFA

ရန်ကုန်တက္ကသိုလ်ဝင်းထဲက သမိုင်းဝင်ကျောင်းသားသမဂ္ဂအဆောက်အဦးကို အများပြည်သူ ထည့်ဝင်ငွေနဲ့ အများပိုင်အဖြစ် ဆောက်လုပ်လိုကြောင်း ကျောင်းသားသမဂ္ဂမျိုးဆက်ဟောင်းတွေက ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ထံတင်ပြလိုက်ပါတယ်။

ဒီကနေ့ ရန်ကုန်မြို့ရွှေဂုံတိုင်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း နဲ့ ကျောင်းသားသမဂ္ဂ အဆက်ဆက်အဖွဲ့ဝင်တွေ ခေါင်းဆောင်ဟောင်းတွေ တွေ့ဆုံစဉ်မှာ တင်ပြခဲ့တာဖြစ်တယ်လို့ ၁၉၅၇-၅၈ ခုနှစ် ရန်ကုန် တက္ကသိုလ်ကျောင်းသားသမဂ္ဂ စာကြည့်တိုက်ကော်မတီ ဝင်တစ်ဦးဖြစ်တဲ့ ဦးခင်မောင်ညွန့် က ပြောပါတယ်။

လာမယ့် ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှာ ကျောင်းသားသမဂ္ဂအဆက်ဆက် ခေါင်းဆောင်တွေ၊ အဖွဲ့ဝင်တွေနဲ့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ထပ်မံတွေ့ဆုံဆွေးနွေးကြမယ်လို့ သိရပါတယ်။

ရန်ကုန်တက္ကသိုလ်ဝင်းထဲမှာ ကျောင်းသားသမဂ္ဂ အဆောက်အဦး ပြန်လည်ဆောက်လုပ်ဖို့အတွက် လာမယ့် ဘဏ္ဍာရေးနှစ်မှာ ဘတ်ဂျက်ထည့်သွင်းရေးဆွဲ ထားပြီဖြစ်ကြောင်း ပြီးခဲ့တဲ့ ဒီဇင်ဘာလကကျင်းပတဲ့ ပြည်သူ့ လွှတ်တော် အစည်းအဝေးမှာ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ပြောကြားခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့က ဗိုလ်ချုပ်ကြီးနေဝင်း အစိုးရက ရန်ကုန်တက္ကသိုလ်ဝင်းထဲမှာ ဆန္ဒပြနေတဲ့ကျောင်းသားတွေကို ပစ်ခတ်သတ်ဖြတ်ပြီး နောက်တစ်နေ့ဖြစ်တဲ့ ဇူလိုင် ၈ ရက်နေ့မှာ ကျောင်းသား သမဂ္ဂ အဆောက်အဦးကို မိုင်းခွဲဖျက်ဆီးခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။