လယ်သမား ၂ဝ ကျော်ကို စစ်တပ်က တရားစွဲဆို

2013-06-29
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ပြိန်းချောင်းကျေးရွာနဲ့ အုတ်တောင်ပြင်ကျေးရွာက လယ်သမား ၂ဝ ဦးကို  ကျေးရွာအနီးမှာ အခြေစိုက်တဲ့ ခမရ- ၅၃၉ တပ်ရင်းက တပ်ပိုင်မြေကို ကျူးကျော်ထွန်ယက်စိုက်ပျိုးမှု ပုဒ်မ ၄၄၇ နဲ့ ဒီရက်ပိုင်းမှာ တရားစွဲဆိုလိုက်တယ်လို့ သိရပါတယ်။

ဇွန်လပထမပတ်ကစလို့ တပ်ပိုင်မြေထဲမှာ ထွန်ယက်စိုက်ပျိုးလို့ဆိုပြီး တရားစွဲဆိုတာ ဖြစ်တယ်လို့ အုတ်တောင်ပြင်ကျေးရွာက လယ်သမားတစ်ဦးက RFA ကို ပြောပါတယ်။

တရားစွဲဆိုလိုက်တဲ့ လယ်သမား ၂ဝ ဦးထဲက ၄ ဦးကို ပြီးခဲ့တဲ့ ဇွန်လ ၂၇ ရက်နေ့က ကျောက်တော်မြို့နယ် တရားရုံးမှာ စတင်စစ်ဆေးခဲ့ပါတယ်။ ကျန်လယ်သမား ၁၆ ဦးကိုတော့ ကျောက်တော်မြို့နယ် အပေါက်ဝရဲစခန်းမှာ အမှုဖွင့်ထားဆဲပဲလို့ သိရပါတယ်။

၂ဝ၁ဝ ခုနှစ်အတွင်း ခမရ-၅၃၉ တပ်ရင်းက လယ်သမား ၂၈ ဦး ပိုင်ဆိုင်တဲ့ လယ်ယာမြေ ဧက ၁၃ဝ ကျော်ကို လျော်ကြေးတစ်စုံတရာမပေးဘဲ သိမ်းယူခဲ့တာလို့ တောင်သူတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၂၄ ရက်နေ့ကလည်း အခုလိုထွန်ယက်ခဲ့မှုကြောင့် လယ်သမားတွေကို ရခိုင်ပြည်နယ် အစိုးရအဖွဲ့ လျှပ်စစ်ဝန်ကြီး ဦးသာလူချေ၊ လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီး ဦးကျော်သိန်းအပါအဝင် မြို့နယ်တာဝန်ရှိသူတွေက စစ်တပ်ပိုင်မြေမှာ ဆက်မထွန်ဖို့ လာရောက်တားမြစ်ခဲ့ပါတယ်။

ကွန်မင့်များ (1)
Share

အမည်မဖော်လိုသူ

ခင်ဗျားတို့က “လယ်”သမား သာဆိုရင် သူများတွေက ခင်ဗျားတို့ထက် “လည်” တော့ ခံရပြီ မဟုတ်လား။
ရိုးလွန်းတော့ အ သတဲ့။ အ တော့ န တယ်။ န တော့ သူများချယ်လှယ်တာခံရရော။
ငယ်ငယ်တုန်းက ရွာဦး ဘက ကျောင်းမှာ ကျောင်းသွားတက်ပါဆိုတော့ မသွားချင်ဘူး။

Jul 02, 2013 11:51 AM

ဆိုက်တခုလုံးသို့