ပင်လုံညီလာခံ တရုတ်အထူးကိုယ်စားလှယ် တက်ရောက်

2018-07-10
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
တရုတ်နိုင်ငံခြားရေးဌာန အာရှရေးရာ အထူးသံတမန် Sun Guoxiang ကို ၂ဝ၁၂ ဇန်နဝါရီလ ၂ဝ ရက်နေ့က တွေ့ရစဉ်
တရုတ်နိုင်ငံခြားရေးဌာန အာရှရေးရာ အထူးသံတမန် Sun Guoxiang ကို ၂ဝ၁၂ ဇန်နဝါရီလ ၂ဝ ရက်နေ့က တွေ့ရစဉ်
Photo: Slaven Vlasic / GETTY IMAGES NORTH AMERICA / AFP

နေပြည်တော်မှာ ဒီကနေ့ စတင်ကျင်းပမယ့် ၂၁ ရာစုပင်လုံ ငြိမ်းချမ်းရေးညီလာခံကို မြန်မာအစိုးရရဲ့ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံခြားရေးဌာနက အာရှရေးရာ အထူးသံတမန် မစ္စတာဆွန်ကော်ရှန်း (Sun Guoxiang) တက်ရောက်မယ်လို့ မနေ့က သိရပါတယ်။

တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူက... မြန်မာပြည်ရဲ့ ငြိမ်းချမ်းရေးနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို တရုတ်ပြည်က ထောက်ခံကြောင်းနဲ့ ညီလာခံအောင်မြင်ရေးအတွက် ဆုတောင်းအပ်ပါကြောင်း ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံက ဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တရုတ်နိုင်ငံက အပြုသဘောဆောင်ပြီး တက်တက်ကြွကြွ ဆက်လက်ပါဝင်မှာ ဖြစ်တယ်လို့လည်း သူကပြောကြားခဲ့ပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့