ဘရိုက်တန်မြို့လယ်မှာ ဒေါ်အောင်ဆန်းစုကြည်အား ဂုဏ်ပြု နံရံပန်းချီများ ရေးဆွဲ
2011.05.26
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ဂုဏ်ပြု ဖော်ကျူးသည့် ဂရပ်ဖစ်တီ နံရံပန်းချီကားတခုကို ဗြိတိန်နိုင်ငံ၊ ဘရိုက်တန်မြို့ရှိ လမ်းတခုတွင် အနုပညာရှင်များ သရုပ်ဖော် ရေးဆွဲနေပုံ ဖြစ်ပါသည်။ (Photo: RFA)
Photo: RFA
ဒီလိုရေးဆွဲရာမှာ Graffiti လို့ခေါ်တဲ့ နံရံပေါ်မှာ ခေတ်ပေါ် မှုတ်ဆေးနဲ့ ရေးဆွဲတဲ့ ပန်းချီကားတွေ ဖြစ်ပါတယ်။ မေလ ၂၅ ရက် မနေ့က ဗြိတိန်နိုင်ငံသား အနုပညာရှင် ၃ ဦးက ရေးဆွဲခဲ့တာပါ။
ပန်းချီကားတွေ ရေးဆွဲတဲ့ နေရာကို ကိုယ်တိုင်သွားရောက် သတင်းယူခဲ့တဲ့ RFA သတင်းထောက် မအေးနှင်းညိုက အနုပညာရှင်တွေနဲ့ တွေ့ဆုံမေးမြန်းပြီး သတင်းပေးပို့ထားပါတယ်။
| တွေ့ဆုံမေးမြန်းချက် |
|
| အသံဖိုင်ယူရန် |









