စစ်အစိုးရပြောင်းလဲခဲ့သည့် Myanmar ကို ဒေါ်အောင်ဆန်းစုကြည် အသိအမှတ်မပြု

မြန်မာနိုင်ငံရဲ့အမည်ကို အင်္ဂလိပ်လို ခေါ်ဝေါ်သုံးစွဲရာမှာ မူလ အသုံးအနှုန်း ဖြစ်တဲ့ Burma ကနေ မြန်မာလို့ စစ်အစိုးရက အဓမ္မ ပြောင်းလဲခဲ့တာဟာ ဒီမိုကရေစီ နည်းလမ်းမကျတဲ့အတွက် မိမိတို့ အသိအမှတ် မပြုခြင်း ဖြစ်တယ်လို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။
2011-05-27
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
နေအိမ်အကျယ်ချုပ်မှ လွတ်လာပြီးနောက် ပါတီ တာဝန်များကို ပြန်လည် ထမ်းဆောင်ရန် ပထမဆုံးနေ့အဖြစ် နိုဝင်ဘာ ၁၅ ရက်က ဒေါ်အောင်ဆန်းစုကြည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဌာနချုပ်ရုံးသို့ ရောက်ရှိလာစဉ် လူထု ပရိသတ်က ဝိုင်းဝန်း ဆီးကြို နှုတ်ဆက်နေပုံ ဖြစ်ပါသည်။ (Photo: AFP)
နေအိမ်အကျယ်ချုပ်မှ လွတ်လာပြီးနောက် ပါတီ တာဝန်များကို ပြန်လည် ထမ်းဆောင်ရန် ပထမဆုံးနေ့အဖြစ် နိုဝင်ဘာ ၁၅ ရက်က ဒေါ်အောင်ဆန်းစုကြည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဌာနချုပ်ရုံးသို့ ရောက်ရှိလာစဉ် လူထု ပရိသတ်က ဝိုင်းဝန်း ဆီးကြို နှုတ်ဆက်နေပုံ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)

“NLD နဲ့ ကျွန်မက မူအရ မြန်မာနိုင်ငံကို အင်္ဂလိပ်လို Burma လို့ပဲ ပြောပါတယ်။ မူအရလို့ ဆိုရတာကတော့ နိုင်ငံတနိုင်ငံရဲ့ အမည်ကို ကမ္ဘာ့အလယ်မှာ ပြောင်းပြီး ခေါ်တဲ့ ကိစ္စဆိုတာ ပြည်သူများရဲ့ ဆန္ဒကို မရယူပဲ လုပ်သင့်တဲ့အရာ မဟုတ်ပါဘူး။ ဒါ့ကြောင့် နဝတက မိမိတို့ ဆန္ဒတခုတည်းနဲ့သာ ပြောင်းပြီး ခေါ်ခဲ့တဲ့ အင်္ဂလိပ်လို Myanmar ဆိုတာကို ကျွန်မတို့ လက်မခံတာ ဖြစ်ပါတယ်။”

RFA က တင်ဆက်နေတဲ့ လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်အတွက် သောတရှင်တဦးရဲ့ မေးမြန်းချက်ကို ဒေါ်အောင်ဆန်းစုကြည်က ခုလို ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း အမေရိကန် ဒုတိယလက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇက်ယွန် မြန်မာနိုင်ငံကို လာရောက်စဉ်မှာ ဦးသိန်းစိန်အစိုးရက အမေရိကန် ပြည်ထောင်စုအနေနဲ့ မိမိတို့နဲ့ ဆက်ဆံရေး တိုးတက် ချင်ရင် Burma လို့ ဆက်လက် သုံးစွဲခြင်း မပြုပဲ မြန်မာလို့ ပြောင်းလဲ ခေါ်ဝေါ်စေချင်ကြောင်း ပြောဆိုခဲ့ပါတယ်။

အမေရိကန် ပြည်ထောင်စုဟာ အန်အယ်လ်ဒီနည်းတူ မြန်မာနိုင်ငံကို အင်္ဂလိပ်လို ခေါ်ဆိုရာမှာ Burma လို့ပဲ ဆက်လက် သုံးစွဲပါတယ်၊ နိုင်ငံတကာ စာနယ်ဇင်းကြီးတွေနဲ့ လူ့အခွင့်အရေး အဖွဲ့အစည်းကြီးတွေ၊ RFA ၊ VOA ၊ BBC စတဲ့ အဖွဲ့အစည်းတွေမှာလည်း မြန်မာဌာနကို အင်္ဂလိပ်လို ပြောဆိုရာမှာ Burmese Service လို့ပဲ သုံးနှုန်းပါတယ်။

ဒီတပတ်အစီအစဉ်အတွက် ဒေါ်အောင်ဆန်းစုကြည်က မေးခွန်းတခုကို ဖြေကြားရာမှာ အာဆီယံအဖွဲ့အတွင်း မြန်မာ့ဒီမိုကရေစီရေးအတွက် ဆောင်ရွက်ဖို့ ဦးသိန်းစိန်အစိုးရကို ပိုမို တိုက်တွန်း ပြောဆိုလာတာတွေဟာ တိုးတက်မှုဖြစ်ကြောင်း ဝေဖန်သုံးသပ်ပြောဆိုလိုက်ပါတယ်။

“အာဆီယံအဖွဲ့က အခု မြန်မာအစိုးရကို ဘယ်လို သဘောထားလဲ ဆိုတာကို ကျွန်မ ရှင်းရှင်းလင်းလင်း မသိပါဘူး။ အစဉ်အလာအားဖြင့်တော့ အပြုသဘောဆောင်တဲ့ ချဉ်းကပ်မှု မူဝါဒကို အာဆီယံက စွဲကိုင်ခဲ့ပါတယ်။ အချို့ အာဆီယံနိုင်ငံတွေကတော့ ခုနောက်ပိုင်းမှာ မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ လိုအပ်ချက်တွေကို ထောက်ပြလာတာတော့ တွေ့ရပါတယ်။ ဒါဟာ တိုးတက်မှုလို့ ပြောနိုင်မယ် ထင်ပါတယ်။”

အပြည့်အစုံကို ဒီတပတ် လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်မှာ နားဆင်နိုင်ကြပါတယ်။

ကွန်မင့်များ (5)
Share

အမည်မဖော်လိုသူ

Dear Daw Su,

So, what about new flag?
We want to recommend the old one only.
That one is internationally recorded?
Best,

Sep 05, 2011 09:24 PM

အမည်မဖော်လိုသူ

အင်္ဂလိပ်တွေ Burma လို့ခေါ်တုံးကပြည်သူတွေရဲ့ဆန္ဒကိုတောင်းခဲ့လို့လား။စစ်အစိုးရနဲ့မတူရင်ပြီးရော စကားတတ်တိုင်းလျှောက်ပြောနေတယ်။

Jun 01, 2011 01:42 AM

အမည်မဖော်လိုသူ

ဒေါ်စုကြည်ဟာ နေရာတကာမှာ နိုင်ငံရဲ့  ဆန္ဒကိုပဲပြောနေတယ်၊ သမိုင်းမှာထင်ရှားနေတဲ့ နာမည်ဟာ တပ်မတော်အစိုးရက ထွင်တာ မဟုတ်ပါဘူး။ မြန်မာဟာ မြန်မာပါပဲ။ ဒီလိုခေါ်ဖို့  ဆန္ဒ ခံယူစရာ မလိုပါဘူး။ တခြားနိုင်ငံတွေ အမည်ပြောင်းတဲ အခါမှာလဲ ဆန္ဒ မခံယူကြပါဘူး။

May 28, 2011 01:54 PM

အမည်မဖော်လိုသူ

ကျွန်တော့်အမြင်ကတော့ ဒေါ်စုက နဲနဲအစွန်းရောက်နေလားလို့ဗျာ..သူသာတကယ်မြန်မာနိုင်ငံကြီးကိုတိုးတက်စေလိုရင် ညှိသင့်တာညှိ လျော့သင့်တာလျော့၇မယ်လို့ထင်တယ်ဗျာ..ခုတော့နံမည်ကောင်းလက်မှတ်တွေပဲစုနေသလိုဖြစ်နေပြီးတော့ ကျွန်တောတို့ပြည်သူတွေဘဝကျတော့ ဒုံရင်းကဒုံရင်းပဲ...

May 27, 2011 04:39 PM

အမည်မဖော်လိုသူ

ဒါပေါ့...ခင်ဗျားက Burma ကိုပဲကြိုက်မှာပေါ့..ဘာလို့လည်း ဆိုတော့ ခင်ဗျားက ဗမာကိုး.... မြန်မာဆိုတဲ့နာမည်က တနိုင်ငံလုံးနဲ့ သက်ဆိုင်တဲ့နာမည်...ခင်ဗျားတို့ ဗမာတစ်ခုတည်းနဲ့ သက်ဆိုင်တာ မဟုတ်ဘူး.. နာလည်ထား...ကျူပ်က စစ်အစိုးရကို ထောက်ခံသူမဟုတ်ဘူး..ဒါပေမယ့် ခင်ဗျားပါတီ ကိုလည်း ရွံတယ်....

May 27, 2011 01:08 PM

မှတ်ချက်အားလုံးကို ဖတ်ရှုရန်.

ဆိုက်တခုလုံးသို့