ဒေါ်အောင်ဆန်းစုကြည်နှင့် ချက်နိုင်ငံခြားရေးဝန်ကြီး ဆွေးနွေး

ချက်ပြည်သူ့ သမတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ခရဲလ် ဆွာစင်ဘာ့ဂ်နဲ့ ဒေါ်အောင်ဆန်းစုကြည် ဒီကနေ့ ဖေဖော်ဝါရီ ၂၈ ရက် ညနေပိုင်းက တယ်လီဖုန်းကတဆင့် ဆွေးနွေးမှုတွေလုပ်တယ်လို့ စုံစမ်းသိရှိရပါတယ်။

2011.02.28
assk_message_davos_305_z ၂ဝ၁၁ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်နေ့က ဆွစ်ဇာလန်နိုင်ငံ ဒါဗို့စ်မြို့၌ ပြုလုပ်သည့် ကမ္ဘာ့စီးပွားရေး ညီလာခံတွင် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပေးပို့သည့် သဝဏ်လွှာမိန့်ခွန်း အသံသွင်းတိတ်ခွေကို ဖွင့်ပြခဲ့ပါသည်။ (Photo: AFP)
(Photo: AFP)

မစ္စတာ ဆွာဆင်ဘာ့ဂ်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လကမှ ချက်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး တာဝန်ကို ရရှိခဲ့သူ ဖြစ်ပါတယ်၊ သူဟာ ချက်နိုင်ငံ ကွန်ဆာဗေးတစ်ပါတီရဲ့ ထင်ရှားတဲ့ ခေါင်းဆောင်တဦးလည်း ဖြစ်ပါတယ်၊ ဒေါ်အောင်ဆန်း-စုကြည်နဲ့ ချက်နိုင်ငံခြားရေးဝန်ကြီး ဆွေးနွေးတာနဲ့ပတ်သက်ပြီး NLD ပါတီ ပြန်ကြားရေး တာဝန်ခံ ဦးအုန်းကြိုင်က ခုလိုပြောပါတယ်။

“ဟုတ်ကဲ့ ကျွန်တော်တို့ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ ညနေ ၅ နာရီမှာ သူမနေအိမ်ကနေပြီးတော့ ချက်သမတနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးနဲ့ မိနစ် ၂၀ ကြာ တယ်လီဖုန်း ဆက်သွယ်ပြီးတော့ စကားပြောဆိုပါတယ်ခင်ဗျ။ ပြောဆိုချက် အသေးစိတ်ကို ကျွန်တော်တို့ ထုတ်ပြန်ကြေညာတာ မရှိပါဘူး။”

ဒီကနေ့ မွန်းလွဲပိုင်းကလည်း ဒေါ်အောင်ဆန်းစုကြည်ဟာ ပါတီရုံးခန်းမှာ အပြည်ပြည်ဆိုင်ရာ မြေမြှုပ်မိုင်း ပပျောက်ရေးအဖွဲ့က တာဝန်ရှိသူတဦးနဲ့လည်း တွေဆုံခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ကမ္ဘာမှာ မြေမြှုပ်မိုင်း ပပျောက်ရေး လုပ်ငန်းစဉ်တွေကို ထောက်ခံကြောင်း ပြောခဲ့တယ်လို့ NLD သတင်းပြန်ကြားရေးဌာနက ပြောပါတယ်။ အလားတူ ရန်ကုန်မြို့က ထင်ရှားတဲ့ ပန်းချီဆရာ လေးဦးနဲ့လည်း တွေ့ဆုံခဲ့တယ်လို့ သတင်း ရရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။