မဲမပေးခင် ကိုယ့်ကိုယ်ကို မေးခွန်းထုတ်ဖို့ ဒေါ်အောင်ဆန်းစုကြည်တိုက်တွန်း
2010.10.26
၁၉၉၀ အထွေထွေ ရွေးကောက်ပွဲကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က အပြတ်အသတ် အနိုင်ရရှိသော နှစ် ၂၀ မြောက် အထိမ်းအမှတ်အဖြစ် မေလ ၂၇ ရက်နေ့က အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် စစ်အစိုးရ၏ ၂၀၁၀ ရွေးကောက်ပွဲကို ကန့်ကွက်ဆန္ဒပြနေပုံ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)
၂၉ ရက်နေ့ နေပြည်တော်မှာ ကြားနာမဲ့ အထူးအယူခံကိစ္စ ဆွေးနွေးဖို့ ရှေ့နေဦးကြည်ဝင်း၊ ဦးဉာဏ်ဝင်းနဲ့ ဒေါ်ခင်ဌေးကြွယ်တို့ ၃ ဦး ဒီကနေ့ နေ့လည်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့် ရခဲ့ပြီး အဲဒီတွေ့ဆုံချိန်မှာ ပြောလိုက်တာပါ။
တဆက်တည်းမှာပဲ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ရွေးကောက်ပွဲသပိတ်မှောက်တယ်လို့ ဒီကနေ့ တရားဝင် ကြေညာလိုက်တာကို ဒေါ်အောင်ဆန်းစုကြည်က သဘောတူတယ်လို့ ရှေ့နေတွေကတဆင့် ဒီကနေ့ ပြောကြားလိုက်ပါတယ်။
ဒီအကြောင်းတွေနဲ့ ပတ်သက်လို့ ရှေ့နေ ဦးဉာဏ်ဝင်းကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ် မေးမြန်းထားပါတယ်။
| ဆက်သွယ်မေးမြန်းချက်။ |
|
| အသံဖိုင်ယူရန် |









