ကုလ လူ့အခွင့်ရေးနေ့ အခမ်းအနား ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပေးပို့

လူ့အခွင့်အရေးရရှိဖို့ ကြိုးပမ်းသူတွေကို အကာကွယ်ပေးဖို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က မနေ့က ပြောကြားလိုက်ပါတယ်။
2010-12-11
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ် ရက်စေ့သည့် နိုဝင်ဘာ ၁၃ ရက်က ပြင်သစ်နိုင်ငံ ပဲရစ်မြို့၏ မြို့တော်ခန်းမရှေ့တွင် ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံ ချိတ်ဆွဲထားကာ ပဲရစ် မြို့တော်ဝန် ဘာထရန် ဒီလန်နိုး မိန့်ခွန်းပြောနေပုံ ဖြစ်ပါသည်။ ပြင်သစ် ရုပ်ရှင်မင်းသမီး မာရီယွန် ကော်တီလတ် (ယာမှ ပဉ္စမ) နှင့် ဗြိတိသျှ အဆိုတော် ဂျိန်း ဘာကင် (ဝဲမှ တတိယ) တို့လည်း တက်ရောက်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ပဲရစ်မြို့၏ ဂုဏ်ထူးဆောင် မြို့သူလည်း ဖြစ်သည်။ (Photo: AFP)

(Photo: AFP)

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ ကုလသမဂ္ဂ ရုံးချုပ်မှာ ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အတွက် ပေးပို့တဲ့ ဗီဒီယိုမိန့်ခွန်းမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောကြားလိုက်တာဖြစ်ပြီး ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ရဖို့ ကြိုးပမ်းနေကြသူတွေဟာ ပစ်မှတ်ထား ခွဲခြားဖိနှိပ်တာတွေ မကြာခဏ ခံကြရတယ်လို့လည်း ပြောပါတယ်။

တချိန်ထဲမှာ ကမ္ဘာတလွှားမှာ လူ့အခွင့်အရေး အခြေအနေ ပိုဆိုးဝါးလာပြီး မြန်မာအပါအ၀င် ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ အထူးသဖြင့် ပိုပြီး ဆိုးဝါးလာနေတယ်လို့ ဗြိတိန်အခြေစိုက် Maple Croft အဖွဲ့ရဲ့ ၂၀၁၁ လူ့အခွင့်အရေးအန္တရာယ် အများဆုံး နိုင်ငံများ ညွှန်းကိန်းမှာ ဖော်ပြထားပါတယ်။

နိုင်ငံပေါင်း ၉၂ နိုင်ငံကို လေ့လာပြုစုထားတဲ့ ဒီညွန်းကိန်း အစီရင်ခံစာကို မနေ့က ကျရောက်တဲ့ နိုင်ငံတကာ လူ့အခွင့်အရေးနေ့နဲ့ တိုက်ဆိုင်ပြီး ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

ဒီအထဲမှာ မြန်မာနိုင်ငံဟာ ပဉ္စမမြောက် အဆိုးဆုံးနိုင်ငံဖြစ်ပြီး ကျန်အဆိုးဆုံး ၄ နိုင်ငံကတော့ ကွန်ဂို၊ ဆိုမားလီယား၊ ပါကစ္စတန်နဲ့ ဆူဒန်နိုင်ငံတို့ ဖြစ်ပါတယ်။

မနေ့က အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့မှာပဲ မြန်မာနိုင်ငံတွင်းက လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရပ်တန့်ဖို့အတွက် ဗြိတိန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေက လန်ဒန်မြို့ တရုတ်သံရုံးရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။

ဒီအကြောင်း လန်ဒန်အခြေစိုက် RFA သတင်းထောက် မအေးနှင်းညိုက သတင်းပေးပို့ထားပါတယ်။

သတင်းပေးပို့ချက်။
အသံဖိုင်ယူရန်။
ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့