အစ္စလာမ်ဘာသာဝင် ၂၀ ဦးအမှု အခုလ ၂၀ ရက်နေ့ အမိန့်ချမည်


2015.01.01
taunggyi-court-305.jpg တောင်ကြီးခရိုင် တရားရုံးပုံ
Photo: Kyaw Myo Tun

ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ နိုင်ငံတော် အရေးပေါ် စီမံမှု အက်ဥပဒေပုဒ်မနဲ့ တရားစွဲခံထားရတဲ့ အစ္စလာမ် ဘာသာဝင် ၂၀ ဦးအမှုကို ဒီလ ၁၂ ရက်နေ့မှာ အမိန့်ချ မယ်လို့ တောင်ကြီးခရိုင် တရားသူကြီးက ဒီနေ့ ဆုံးဖြတ် လိုက်ပါတယ်။

တရားရုံးချိန်းမှာ နှစ်ဖက်ရှေ့နေတွေက အပြီးသတ်လျှောက်လဲချက်တွေ တင်သွင်းပြီး အမှုကို ၁၂ ရက်နေ့မှာ အမိန့်ချဖို့ သတ်မှတ်ပေးလိုက်တယ်လို့ တရားစွဲခံရသူ ၂၀ ဦးထဲက ၁၂ ဦးအတွက် လိုက် ပါဆောင်ရွက်ပေးနေ တဲ့ ရှေ့နေ ဒေါ်ခင်မိုးမိုး က ပြောပါတယ်။

"တောင်ကြီးခရိုင်တရားရုံးရဲ့ ပြစ်မှုကြီးအမှတ် ၂၃၆၊ ၂ဝ၁၄ ပေါ့၊ ဗိုလ်ကြီးဇေယျာလင်း တရားလိုနဲ့ ၂ဝ ဦးအမှုမှာ ဒီနေ့ ရှေ့နေများအားလုံးဟာ အပြီးသတ်လျှောက်လဲချက် တင်သွင်းပါတယ်၊ ကျမတို့ရှေ့နေများဖက်က စာနဲ့တင်တဲ့အပြင် နှုတ်နဲ့လည်းပြောရပါတယ်၊ နောက်ဥပဒေအရာရှိဖက်ကလည်း စာနဲ့တင်တဲ့အပြင် နှုတ်နဲ့လည်းပြောပါတယ်၊ အဲ့လိုနှစ်ဖက်ပြောတာတွေ ကြားနာပြီးတော့ ရုံးတော်ကနေပြီးတော့ ဇန်နဝါရီ ၁၂ ရက်နေ့မှာ အမိန့်ချမယ်လို့ ရုံးချိန်းပေးလိုက်ပါတယ်"

တရားစွဲခံရသူ ၂၀ ဦးဟာ ပြည်ပ အစ္စလာမ်ဖောက်ခွဲရေးအဖွဲ့တွေနဲ့ ဆက်သွယ်တယ်ဆိုပြီး ပြီးခဲ့တဲ့ သြဂုတ်လ ၄ ရက်နေ့က ကွန်ဟိန်းမြို့မှာ ဖမ်းဆီးခံရတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။