မူးယစ်ရာဇာတွေ စုံစမ်းဖမ်းဆီးပေး ဖို့ ထိုင်းအကူအညီတောင်း

2014-12-30
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

မြန်မာနိုင်ငံတွင်းမှာ ပုန်းအောင်းခိုလှုံနေကြတဲ့ မူးယစ်ရာဇာ ၁၀ ယောက်ကို စုံစမ်းရှာဖွေဖမ်းဆီးပေးဖို့ ထိုင်းအစိုးရ မူးယစ်ဆေးဝါးနှိမ်နင်းရေးအဖွဲ့က မြန်မာအစိုးရကို အကူအညီတောင်းခံလိုက်ကြောင်း ဘန်ကောက်ပို့စ်သတင်း က ဖေါ်ပြပါတယ်။

အဲ့ဒီ မသင်္ကာသူ ၁၀ ဦးအတွက် ဖမ်းဝရမ်းကိုလည်း ONBC ခေါ် ထိုင်း အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေး အဖွဲ့ရုံး က မြန်မာအာဏာပိုင်တွေကို ပေးအပ်ထားကြောင်း၊ မသင်္ကာသူတွေဟာ မြန်မာနိုင်ငံတွင်းက တိုင်းရင်းသားလူမျိုးစု လက်နက်ကိုင်အဖွဲ့တွေဆီ ထွက်ပြေးခိုလှုံနေကြတာဖြစ်လို့ ဖမ်းဆီးဖို့ခက်ခဲကြောင်း၊ သူတို့ကို ခြေရာခံဖမ်းဆီး ဖို့ မြန်မာအစိုးရက ကူညီပေးမှာဖြစ်ကြောင်း ONBC အတွင်းရေးမှူးက ပြောပါတယ်။

အဲ့ဒီ မသင်္ကာသူ ၁၀ ဦးထဲမှာ ကွယ်လွန်သူ မူးယစ်ရာဇာ ခွန်ဆာရဲ့ လက်ထောက်ဟောင်းတစ်ဦးဖြစ်သူ ဒု ဗိုလ်မှူးကြီး ယီဆယ် ပါဝင်တယ်လို့ သိရပါတယ်။ သူဟာ အခုအခါ မူဆာလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်ဖြစ်ပြီး၊ ၀ လူမျိုးစုအဖွဲ့နဲ့ ပတ်သက်မှုရှိတယ်လို့ ယုံကြည်ရတယ်လို့ ONBC အတွင်းရေးမှူး က ဆိုပါတယ်။ ယီဆယ်အဖွဲ့ဟာ ထိုင်း မြန်မာနယ်စပ် ချင်းရိုင်ခရိုင် မယ်ဖါလောင်းအရပ်မှာ လှုပ်ရှားနေပြီး၊ ထိုင်းနိုင်ငံမြောက်ပိုင်းကို မူးယစ်ဆေးမှောင်ခို သွင်းနေတယ်လို့လည်း ပြောပါတယ်။

ONBCအနေနဲ့ ယီဆယ်အဖွဲ့အပြင် တခြားမူးယစ်ဆေးနဲ့ ပတ်သက်ပြီး တခြားမသင်္ကာသူ ၁၄ ဦး ရဲ့ ပိုင်ဆိုင်မှုတွေကို လည်း ပိတ်ဆို့ထိန်းချုပ်ထားရာမှာ စုစုပေါင်းတန်ဖိုး ထိုင်းဘတ်ငွေ ၂၂၂ သန်း ဖိုးရှိတယ်လို့ သိရပါတယ်။

ကွန်မင့်များ (2)
Share

ထွန်း​အောင်

တိုင်းရင်းသားလက်​နက်​ကိုင်​အဖွဲ့အများစုက ဘိန်မူးယစ်​ထုတ်​လုပ်​​ရောင်းဝယ်​ဖြန့်​ဖြူးခြင်းနဲ့တနည်းမဟုတ်​တနည်းပတ်​သက်​​နေပါတယ်​ ၊ ၀ တို့  ကိုးကန်​ဖုန်​ကြားရှင်​တို့ TNLA;SSA;KIA အစရှိသည်​တို့ဟာ မူးယစ်​နဲ့ဆက်​နွယ်​​နေပါတယ်​။ ငြိ​မ်းချမ်း​ရေး​နှောက့်​​နေးခြင်း လက်​နက်​များမစွန့်​လိုခြင်းတို့မှာ ယင်းအချက်​​ကြောင့်​ဖြစ်​ပါတယ်

Jul 29, 2015 06:16 AM

အမည်မဖော်လိုသူ

Those of India and Thai insurgent affair are political tricks, Bangaladesh give shelter and training for bangalis against Burma, China is giving every help and supports to WA and Kachin, etc are alot. All mof you should stop same time.

Dec 31, 2014 12:42 AM

တို့ ပြည်​​ထောင်​စု

အမည်​မ​ဖော်​လိုသူ​ပြောတာမှန်​ပါတယ်
ဒါ​ကြောင့်​ ငြိ​မ်းချမ်း​ရေး​ဆွေး​နွေးပွဲက ​နှောက်​​နှေး​နေတာပါ
ကေအိုင်​​အေက အင်​ဘန်​လက ပ​ထွေးအခါ​တော်​​ပေးတဲ့အတိုင်းလုပ်​​နေပီး ပ​ထွေးအလိုကျ ဘိန်းရာဇာ ဖုန်းရာဇာဖုန်​ကြားရှင်​ကို အတင်းပြန်​ပွဲ ထုတ်​​နေတာပါ၊ပ​ထွေးက​ကေအိုင်​က​နေကစားလိုက်​ ၀က​နေတဆင့်​ကစားလို​က်​လုပ်​​နေတာပါ။အလားတူဘင်္ဂလီကိတ်​စလည်းအတူ၂ပါပဲ

Jul 27, 2015 09:50 PM

သက်​​အောင်

မှန်​ပါတယ်​ မြန်​မာနိုင်​ငံက အိမ်​နီးချင်းဆိုး​တွေ​ကြောင့်​တည်​ငြိမ်​မှုအပြည့်​ဝမရ​သေးတာပါ ။ ဒါကိုတိုင်းရင်းသား​တွေနားလည်​သင့်​ပီ

Jul 27, 2015 09:52 PM

ဆိုက်တခုလုံးသို့