ထိုင်း လူငယ်အားလုံးကို ဂူထဲက ကယ်တင်ခဲ့ပြီ

2018-07-10
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ဂူထဲပိတ်မိနေတဲ့ လူငယ်တွေကိုကယ်ပြီး ပြန်ထွက်လာတဲ့ ထိုင်းတော်ဝင်ရေတပ်သားတွေကို ၂၀၁၈ ဇူလိုင် ၁၀ ရက်နေ့ကတွေ့ရစဉ်
ဂူထဲပိတ်မိနေတဲ့ လူငယ်တွေကိုကယ်ပြီး ပြန်ထွက်လာတဲ့ ထိုင်းတော်ဝင်ရေတပ်သားတွေကို ၂၀၁၈ ဇူလိုင် ၁၀ ရက်နေ့ကတွေ့ရစဉ်
Photo: Thai NavySEAL Facebook

ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင် မယ်ဆိုင်မြို့က ဂူကြီးထဲမှာ ပိတ်မိနေကြတဲ့ လူငယ်ဘောလုံးအသင်းသား ၁၂ ဦးနဲ့ သူတို့ရဲ့နည်းပြကို ဇူလိုင်လ ၁၀ရက်နေ့ ညပိုင်းက ကယ်တင်လိုက်နိုင်ပြီဖြစ်တယ်လို့ ဇူလိုင်လ ၁၀ရက်နေ့ည မယ်ဆိုင်မြို့မှာပြုလုပ်တဲ့ သတင်းစာရှင်းပွဲမှာ ထိုင်းအာဏာပိုင်တွေက ကြေညာသွားပါတယ်။

ခုလိုကယ်ဆယ်ဖို့ ဇူလိုင်လ ၈ ရက်နေ့က ဆုံးဖြတ်ပြီး စတင်ဆောင်ရွက်တာဖြစ်ပါတယ်။ အဲဒီရက်ပိုင်း မိုးလေ၀သအခြေအနေအရ မိုးနည်းတဲ့ရက်ကို ချက်ခြင်းဆုံးဖြတ်ပြီး ဆောင်ရွက်တာဖြစ်ပါတယ်။ ဒါ့အပြင် ဂူထဲကရေတွေကို စုပ်ထုတ်နေတာလည်း ၃၀%လောက် ကုန်ခန်းနေချိန်မှာ ဖြစ်ပါတယ်။ ဒီအခွင့်အရေးကို လက်လွတ်မခံဘဲ ဆောင်ရွက်ခဲ့ကြတာဖြစ်တယ်လို့ ဆိုပါတယ်။

ဇူလိုင်လ ၁၀ ရက်နေ့ညပိုင်း ကမ္ဘာ့သတင်းတွေမှာ ကယ်ဆယ်ရေးအောင်မြင်ပြီလို့ ကြေညာလိုက်ချိန်မှာ ကမ္ဘာအရပ်ရပ်မှာ သြဘာသံတွေညံသွားပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် ကလည်း သူ့ရဲ့ တွစ်တာကနေ ချီးကျူးလိုက်ပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့