အဖမ်းခံရသူနှစ်ဦး အယူခံရရေး ထိုင်းလုပ်ငန်းရှင် ကူညီမည်


2014.10.27
koh-tao-305.jpg ထိုင်းနိုင်ငံမှာ လူသတ်မှုနဲ့ စွပ်စွဲခံရတဲ့ မြန်မာနှစ်ဦး ကို တွေ့ရစဉ်
Photo: EPA

ထိုင်းနိုင်ငံ ခိုတောင်းကျွန်းမှာ ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရမှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးခံနေရတဲ့ ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ နှစ်ဦး အာမခံရရေး အတွက် ထိုင်းစီးပွားရေးလုပ်ငန်းရှင်ကြီးတွေက ကူညီပေးမယ်လို့ သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး အမှုကို ကူညီဆောင်ရွက်ပေးနေ တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့က ရှေ့နေ ဦးအောင်မျိုး သန့်က အခုလို ပြောပါတယ်။

"တရားရုံးတင်ရန် အာမခံလျှောက်ခွင့်ရှိတယ်၊ ကျနော်တို့က အာမခံလျှောက်ဖို့ စဉ်းစားထားပါတယ်၊ အာမခံရရင်လည်း တစ်ယောက်ကို ၁ဝ သိန်းဆိုရင် နှစ်ယောက်ကို သိန်း ၂ဝ လိုမှာပါ၊ ထိုင်းလုပ်ငန်း ရှင်တွေအနေနဲ့ ပါဝင်ပြီးတော့ ကူညီမယ်လို့ကြား ပါတယ်"

လူသတ်မှုနဲ့ ပတ်သက်ပြီး ရိုက်နှက်နှိပ်စက်လို့ ဝန်ခံခဲ့ရကြောင်း ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ ရဲ့ ပြောကြားချက်တွေ ဘန်ကောက်မြို့က ဗဟိုအစိုးရရှေ့နေရုံးကို မနက်ဖြန် တင်ပြမယ်လို့လည်း ပြောပါတယ်။

ထိုင်းရဲတွေက ခရိုင်တရားရုံးကို အမှုတွဲတင်ရက်မှာ မြန်မာအထူးအဖွဲ့ကလဲ အမှုအတွက် စုဆောင်းရရှိထားတဲ့ သတင်းအချက်အလက်တွေကို တင်ပြဖို့ စီစဉ်နေပါတယ်။

ဒီကနေ့မှာပဲ ထိုင်းအမျိုးသား လူ့အခွင့်အရေးကော်မတီအဖွဲ့က ဒေါက်တာ Nirund Pitakwatchara က ဓါတ်မှန်စစ်ဆေးချက်တွေအရ လူသတ်မှုနဲ့ ဖမ်းဆီးခံနေရသူနှစ်ဦးဟာ ရိုက်နှက်နှိပ်စက်ခံထားရတဲ့ လက္ခဏာမတွေ့ရဘူးလို့ ပြောကြောင်း နေးရှင်းသတင်းစာက ရေးသားပါတယ်။

ဒီအကြောင်းတွေနဲ့ ပတ်သက်ပြီး ရှေ့နေ ဦးအောင်မျိုးသန့်နဲ့  RFA ဒေါ်ခင်ခင်အိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။