ထိုင်း ကုမ္ပဏီလုပ်ငန်း ယာယီရပ်ဆိုင်း


2015.04.18

Index Creative Village လို့ခေါ်တဲ့ ထိုင်းနိုင်ငံအခြေစိုက် အခမ်းအနား စီစဉ်တင်ဆက်ရေး လုပ်ငန်းကုမ္ပဏီ က မြန်မာပြည်က သူတို့လုပ်ငန်းတွေကို ယာယီရပ်ဆိုင်းထားလိုက်ပြီလို့ ကြေညာလိုက်ကြောင်း မနေ့က ထုတ်ဝေတဲ့ Bangkok Post သတင်းစာမှာ ဖော်ပြထားပါတယ်။

အဲ့ဒီကုမ္ပဏီဟာ မြန်မာနိုင်ငံမှာ Forever လုပ်ငန်းရှင်အုပ်စုနဲ့ ပူးပေါင်းပြီး လွန်ခဲ့တဲ့ ၂ဝ၁၃ နဲ့ ၂ဝ၁၄ ခုနှစ် သြင်္ကန်ပျော်ပွဲရွင်ပွဲတွေကို ၂ နှစ်ဆက်တိုက် တင်ဆက်ခဲ့ပေမဲ့ ဒီနှစ်မှာ ပါဝင်ခဲ့ခြင်းမရှိပါဘူး။ နိုင်ငံရေး အခြေအနေ မငြိမ်မသက်မှုတွေကြောင့် အစိုးရရဲ့ ကန့်သတ်စည်းမျဉ်းတွေက အရင်နှစ်ထက် များလွန်းတဲ့အတွက် အခုလို ရပ်ဆိုင်းခဲ့တာဖြစ်တယ်လို့်ဆိုပါတယ်။

အဲ့ဒီကုမ္ပဏီဟာ ၂ဝ၁၁ ခုနှစ်ကကျင်းပတဲ့ မြန်မာရုပ်ရှင် အကယ်ဒမီဆုပေးပွဲနဲ့ ၂ဝ၁၂ ခုနှစ် ပြည်ထောင်စုနေ့ အခမ်းအနားတွေကို စီစဉ်ပေးခဲ့တယ်လို့လည်း သိရပါတယ်။ သူတို့ ကုမ္ပဏီက မြန်မာပြည်မှာ စီစဉ်ကျင်းပတဲ့ ကုန်သွယ်ရေးပြပွဲလို တခြားအစီအစဉ်တွေကိုလည်း အခု ရပ်ဆိုင်းထားလိုက်ပြီဖြစ်ကြောင်းနဲ့ မြန်မာ့နိုင်ငံရေး အခြေအနေတွေ ပိုမိုတိုးတက်ကောင်းမွန်လာမှပဲ ပြန်လည်လုပ်ကိုင်တော့မယ်လို့  Index Creative Village အခမ်းအနား စီစဉ်တင်ဆက်ရေး ကုမ္ပဏီကပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။