မြန်မာလူငယ်နှစ်ဦး အယူခံလျှောက်ထားချက် ထိုင်းတရားရုံး ပယ်ချ
2014.11.26
ထိုင်းနိုင်ငံ ခိုတောင်းကျွန်းလူသတ်မှုနဲ့ ဖမ်းဆီးခံထား ရတဲ့ မြန်မာနိုင်ငံသား အလုပ်သမားနှစ်ဦး အတွက် မြန်မာသံရုံးက ထိုင်းဘတ်ငွေ နှစ်သန်းတင်ပြီး အာမခံရဖို့ ဒီကနေ့ တင်ပြရာမှာ Koh Samuei ခရိုင် တရားရုံးက ပယ်ချလိုက်ပါတယ်။
မြန်မာအလုပ်သမားနှစ်ဦးဟာ နိုင်ငံခြားသားဖြစ်တာတွေ အပြင် အမှုကအမှုကြီးဖြစ်နေတယ်ဆိုတဲ့ အကြောင်းပြ ချက်တွေနဲ့ တရားသူကြီးက အာမခံကိုပယ်ချလိုက်တာ လို့ မြန်မာသံရုံးအထူးအဖွဲ့ဝင် ရှေ့နေဦးအောင်မျိုးသန့် က ပြောပါတယ်။
"ကျနော်တို့ နိုင်ငံသားပဲဖြစ်တယ်၊ ပုဒ်မကြီးတွေ လည်းဖြစ်တယ်၊ အမှှုဟာ ရေးဆွဲဆဲပေါ့လေ၊ အဲ့ဒီအချက်တွေပြပြီးတော့ သူတို့ ကျနော်တို့ကို ဒီနေ့အာမခံတာ ပယ်ဖျက်လိုက်ပါတယ်၊ ကျနော် တို့ နောက်တစ်ကြိမ်တော့ လူအာမခံ ပိုင်ဆိုင်မှှု၊ အိမ်ဂရန်မျိုးပါတဲ့ အာမခံလျှောက်ထားမှှုမျိုးနဲ့ ပြန်တင်ဖို့ ကျနော်တို့ ပြန်လည်စီစဉ်ထားပါတယ်"
ပြီးခဲ့တဲ့ အောက်တိုဘာလ၂ဝ ရက်နေ့က ရမန်ယူရာမှာ တရားရုံးက အာမခံကြေး ဘတ်ငွေငါးသိန်းတင်မယ်ဆိုရင် အာမခံပေးဖို့ စဉ်းစားမှာဖြစ်ကြောင်း ပြောခဲ့ပါတယ်။ ဒါပေမဲ့ မြန်မာသံရုံးက အာမခံရစေလိုတဲ့အတွက် စုစုပေါင်း ဘတ်နှစ်သန်းပေးပြီး ဒီနေ့ လျှောက်ထားခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက အမျိုးသားလွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့် ထိုင်းနိုင်ငံကို သွားရောက်ပြီး ထိုင်းလွှတ်တော် ဥက္ကဌ၊ ထိုင်းဝန်ကြီးချုပ်တို့နဲ့ တွေ့ဆုံစဉ်မှာ မြန်မာအလုပ်သမားနှစ်ဦးကို အာမခံပေးဖို့ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။
ခိုတောင်းကျွန်းမှာ ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရတာနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၅ ရက်နေ့က မြန်မာအလုပ်သမား ၂ ဦးဖြစ်တဲ့ ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။
ရှေ့နေ ဦးအောင်မျိုးသန့်ကို RFA သတင်းထောက် မစန်းမော်အောင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။