ထိုင်းကုမ္ပဏီနဲ့ မြန်မာ Forever Group ဖက်စပ်လုပ်မည်

ထိုင်းနိုင်ငံရဲ့ မီဒီယာနဲ့ ဖျော်ဖြေရေး လုပ်ငန်းကြီး တစ်ခုဖြစ်တဲ့ BEC-Tero ကုမ္ပဏီဟာ မြန်မာနိုင်ငံက Forever Group နဲ့ ဖက်စပ်လုပ်ကိုင်ဖို့ စီစဉ်နေကြောင်း ဘန်ကောက်ပို့စ် သတင်းစာက ဒီကနေ့ ဖော်ပြပါတယ်။

2012.02.16
forever-group-b305 Forever Group ၏ web site ကိုတွေ့ရပုံ။
RFA

Forever Group ဟာ လက်ရှိ MRTV- 4 ရုပ်မြင်သံကြားလိုင်းကို ထုတ်လွှင့်နေပါတယ်။

BEC-Tero ကုမ္ပဏီရဲ့မဟာဗျူဟာ စီမံရေး ညွှန်ကြားရေးမှူးက ကုမ္ပဏီအနေနဲ့ မြန်မာနိုင်ငံကို လုပ်ငန်းတိုးချဲ့ဖို့ နှစ်နှစ်လောက် လေ့လာ စောင့်ကြည့်ခဲ့ကြောင်း၊ မြန်မာနဲ့ ပူးတွဲဖက်စပ် လုပ်ကိုင်ရာမှာ နည်းပညာ ပံ့ပိုးမှုတွေ ပေးသွားမှာဖြစ်ပြီး ရုပ်သံလိုင်းအသစ် လိုင်းအမှတ် ၇ အတွက် ရုပ်မြင်သံကြား ဇာတ်လမ်းတွေ၊ မနက်ခင်း သတင်းအစီအစဉ်တွေ ပူးတွဲ ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း၊ လာမယ့် ဧပြီလ အလယ်ပိုင်းလောက်မှာ စတင်နိုင်မယ်လို့ မျှော်လင့်ကြောင်း ပြောဆိုပါတယ်။

ဖက်စပ်ဆောင်ရွက်ရာမှာ BEC-Tero ကုမ္ပဏီက အစုရှယ်ယာ ၄၉ ရာနှုန်း၊ Forever Group က ၅၁ ရာနှုန်း ပါဝင်မှာဖြစ်ပါတယ်။ စုစုပေါင်းဖက်စပ်ပမာဏကိုတော့ မသိရပါဘူး။

BEC-Tero ကုမ္ပဏီဟာ ထိုင်းနိုင်ငံ BEC World ကုမ္ပဏီကြီးရဲ့ လုပ်ငန်းခွဲတစ်ခုဖြစ်ပြီး ရေဒီယို၊ ရုပ်မြင်သံကြား၊ စင်တင်ဇာတ်ပွဲတွေ ထုတ်လွှင့် ပြသနေပါတယ်။ မနှစ်က ထိုင်းဘတ်ငွေ သန်း နှစ်ထောင့်ရှစ်ရာ ဝင်ငွေရရှိခဲ့ပြီး ဒီနှစ်မှာ သန်း သုံးထောင် ရမယ်လို့ ခန့်မှန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2012-05-04 17:34

Thai Pri minister is not innocent man, he has not honesty on myanmar. So Forever group rethink for this project. Don't beleive our neighbour thai. Japan released our debt, EU also but china and thai didn't release any debt. They ever used us for their profit. Becarefull.