စစ်ကောင်စီရဲ့ အကြမ်းဖက်မှုကို ထိုင်းအစိုးရ လက်မခံ

2021-04-08
Share
စစ်ကောင်စီရဲ့ အကြမ်းဖက်မှုကို ထိုင်းအစိုးရ လက်မခံ ထိုင်းဘက်က ပြန်မောင်းထုတ်လိုက်တဲ့အတွက် ကရင်ပြည်နယ် ဖာပွန်ခရိုင်က တောထဲမှာနေရတဲ့ ကရင်ရွာသားတွေကို ၂၀၂၁ ဧပြီ ၃ ရက်နေ့က တွေ့ရစဉ် )
Photo: Friends Without Borders Foundation

စစ်အာဏာသိမ်းပြီး နောက်ဆက်တွဲဖြစ်ပွားတဲ့ အကြမ်းဖက်မှုတွေကို ထိုင်းကလက်မခံနိုင်ဘဲ မြန်မာ စစ်ကောင်စီကိုလည်း ပြောကြားတဲ့အကြောင်း ကိုယ်တိုင်လည်း စစ်အာဏာသိမ်းခဲ့တဲ့ ထိုင်းဝန်ကြီးချုပ် ပရာယုဒ်ချန်အိုချာက မနေ့ကပြောကြားလိုက်ပါတယ်။

စစ်အာဏာသိမ်းမှု ဆန့်ကျင်သူ ၆၀၀ နီးပါးထိ သတ်ဖြတ်ခံရချိန်မှာ လူသိရှင်ကြား ထုတ်ပြန်တဲ့ အပြင်းထန်ဆုံးကြေညာချက်မှာ ထိုင်းဝန်ကြီးချုပ်က ပြောကြားလိုက်တာလို့ Benar News ကဖော်ပြပါတယ်။

ထိုင်း-မြန်မာ နယ်စပ်တလျှောက်က မြန်မာဒုက္ခသည်တွေကို လူသားချင်းစာနာမှု အကူအညီပေးတယ် လို့လည်း အစိုးရအိမ်တော်မှာ မနေ့ကကျင်းပတဲ့ အစိုးရအဖွဲ့ အစည်းအဝေးအပြီးမှာ ကာကွယ်ရေးဝန်ကြီး လည်းဖြစ်တဲ့ ဝန်ကြီးချုပ်ချန်အိုချာက အခိုင်အမာပြောတယ်လို့ Bangkok Post က ဒီနေ့ဖော်ပြပါတယ်။

မြန်မာနိုင်ငံကိစ္စဖြေရှင်းဖို့ နိုင်ငံခြားရေးဝန်ကြီးဌာနကတဆင့် အစိုးရက အကြံပေးနေပြီး အာဆီယံ- အရှေ့တောင်အာရှနိုင်ငံများအသင်း အစည်းအဝေး မကြာခင်ကျင်းပမယ်လို့လည်း ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့