ထိုင်းယာယီပတ်စပို့စ် ထုတ်ပေးတဲ့လုပ်ငန်းကို ရက်ထပ်မံတိုး


2013.05.18

ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်နေတဲ့ ရွေ့ပြောင်းလုပ်သားများကို ယာယီပတ်စပို့စ် ထုတ်ပေးတဲ့လုပ်ငန်းကို ထိုင်းအာဏာပိုင်တွေက  ရက်ပေါင်း ၁၂ဝ ထပ်တိုးပေးလိုက်တယ်လို့ သိရပါတယ်။  ဒီအစီအစဉ်အဟာ မြန်မာ၊ ကမ္ဘောဒီးယားနဲ့ လာအို ၃ နိုင်ငံက ရွေ့ပြောင်းအလုပ်သမားများ အကြုံးဝင်တာဖြစ်ပါတယ်။

မူလက ယာယီပတ်စပို့စ်ထုတ်ပေးတာကို မေလ ၁၁ ရက်နေ့အထိသာ သတ်မှတ်ပေးထားတာဖြစ်ပြီး အခုသြဂုတ်လ ၁၁ ရက်နေ့အထိ ရက်တိုးပေးလိုက်တာဖြစ်တယ်လို့ ရွေ့ပြောင်းအလုပ်သမားအရေး MWG အဖွဲ့က တာဝန်ရှိသူတဦးကပြောပါတယ်။

"လွန်ခဲ့တဲ့ဧပြီလ ၉ ရက်ကနေပြီးတော့ ထိုင်းဝန်ကြီးများအဖွဲ့ရဲ့ ဆုံးဖြတ်ချက်အရဆိုရင်တာ့ တစ်နေရာထဲမှာ အပြီးအစီးလုပ်ပေးနေတဲ့ အလုပ်သမားတွေ တရားဝင်ဖြစ်နိုင်ရေးအစီအစဉ်ကို နောက်ထပ်ရက်ပေါင်း ၁၂ဝ ထပ်တိုးတယ်ဆိုတာ ဒီပြည်ထဲရေးဝန်ကြီးဌာနက သူတို့လုပ်ထုံးလုပ်နည်းအရ ထပ်ထုတ်တယ်၊ အဲလုပ်ထုံးလုပ်နည်းမှာ မေလ ၁၅ ရက်ကနေပြီးတော့  သြဂုတ်လ ၁၁ ရက်နေ့အထိ ထပ်ပြီးတော့ ရက်ပေါင်း ၁၂ဝ ထပ်တိုးပေးတယ်"

ဒီအတွက် မြန်မာအလုပ်သမားတွေဟာ ယာယီပတ်စပို့စ်များကို ခရိုင် ၁၁ ခုမှာ ဖွင့်လှစ်ထားတဲ့ ရုံး ၁၁ ရုံးမှာ လာမယ့်သြဂုတ်လ ၁၁ ရက်နေ့အထိ သွားရောက်ထုတ်ယူနိုင်တယ်လို့ဆိုပါတယ်။

လက်ရှိအနေနဲ့  ယာယီပတ်စပိ့ု်စ်လျှောက်ထားသူ မြန်မာနိုင်ငံသား အလုပ်သမား ၃ သိန်းခွဲကျော်ရှိတယ်လို့ သိရပါတယ်။ မြန်မာသံရုံးရဲ့အဆိုအရ ယာယီပတ်စပ့ိုစ်ထုတ်ပေးပြီး မြန်မာရွေ့ပြောင်းလုပ်သား တသန်း ၄ သိန်းရှိတယ်လို့ ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။